Friday, June 25, 2010

ကြွေ

ဖူးကြွေ ပွင့်ကြွေ
ပွင့်ရွက်ကြွေနှင့်
ဝတ်ကြွေ ဆံကြွေ
ဝတ်မှုံကြွေသို့

















ဖူးကြွေ ပွင့်ကြွေ
ပွင့်ရွက်ကြွေနှင့်
ဝတ်ကြွေ ဆံကြွေ
ဝတ်မှုံကြွေသို့

နုကြွေ ကင်းကြွေ
အသီးကြွေနှင့်
ပင်ကြွေ စည်ကြွေ
ကိုင်းခက်ကြွေသို့

နှစ်ကြွေ လကြွေ
နေ့ရက်ကြွေနှင့်
ကြယ်ကြွေ လကြွေ
နက္ခတ်ကြွေသို့

လွမ်းကြွေ ဆွေးကြွေ
လွမ်းဆွတ်ကြွေနှင့်
ကိုယ်ကြွေ စိတ်ကြွေ
နှလုံးကြွေသို့


နုကြွေ ရင့်ကြွေ
အရွယ်ကြွေနှင့်
ဆံကြွေ သွေးကြွေ
ရင့်ရော်ကြွေသို့

တလွင့်လွင့်ကြွေ