Monday, July 5, 2010

သေခြင်းတရားကို အမှတ်ရ နားလည်မိခြင်း



သက်တမ်းတိုတောင်းခြင်းက သေခြင်းဆိုတာကို အမှတ်ရ နားလည်စေနိုင်တာပါပဲ။ မွေးဖွားကာစတွေ ဒါမှမဟုတ် ငယ်ရွယ်သူတွေလည်း သေနိုင်တာပါပဲ။ အသက်ငါးဆယ် နေထိုင်နိုင်ဖို့ဆိုတာ ရှည်ကြာလွန်းလှပါပြီ။ ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်အရွယ်ဆိုတာ တော်တော်နည်းပါးကုန်ပါပြီ။ ကိုးဆယ် ဒါမှမဟုတ် တစ်ရာဆိုတာကတော့ ရှာမှရှားပါပဲ။ အရွယ်ရဲ့ခွန်းအား ကုန်ဆုံးလာမှုက သေခြင်းဆိုတာကို သိသာစေတာပါပဲ။ အသက်ရှင်ဖို့ဆိုတာ ရေနှင့်အစားအစာကို လိုအပ်ပြီး ရှူရှိုက်ရတဲ့လေအပေါ်မှာ တည်မှီနေတာပါပဲ။
ဒီခန္ဒာကိုယ်က တစ်ပါးသူခန္ဒာကိုယ်များနှင့် တူညီတယ်ဆိုတဲ့အသိ တစ်ခုက သေခြင်းတရားကို နားလည်စေတာပါပဲ။ ဒါက တစ်ခြားသူများ နေထိုင်ရာ အိမ်တစ်ခုပါ။
သေခြင်းတရားရဲ့ သင်္ကေတမဲ့ခြင်းကို နားလည်ပါ။ သေခြင်းဆိုတာ မနက်လာမလား နေလည်လာမလား ညနေလာမလား အချိန်ညွန်ပြချက် သင်္ကတရှိတဲ့အရာ မဟုတ်ပါ။ အိမ်မှာသေမှာလား အိမ်ရဲ့အဝေးမှာသေမှာလား ဝေဟင်မှာသေမှာလား မြေပြင်မှာသေမှာလား ရေထဲမှာသေမှာလား ဘယ်နေရာမှာသေမလဲ ဆိုတဲ့ ပြောပြချက်သင်္ကေတ ရှိတဲ့အရာ မဟုတ်ပါဘူး။ ရန်သူလက်ချက်ကြောင့် သေမှာလား မတော်တစ်ဆ ထိခိုက်လို့သေမှာလား ဖျားနာလို့ သေမှာလား ဆိုတဲ့ သေရမည့်ပုံစံကိုလည်း မသိနိုင်ပါဘူး။
ကျန်းမာကြံခိုင်ခြင်းရဲ့ အဆုံးဟာ ဖျားနာခြင်း, သန်မာထွားကြိုင်းခြင်းရဲ့အဆုံးဟာ ဆုတ်ယုတ်အားနည်းခြင်း, အားလုံးသော အောင်မြင်မှုရဲ့ နိဂုံးဟာ ကျရှုံးခြင်းတဲ့ အဲဒါတွေကိုသိနေမယ်ဆိုရင်လည်း သေခြင်းကို နားလည်နိုင်တာပါပဲ။
သေခြင်းတရားက အားလုံးဆီကို လာနေတယ်ဆိုတာကို သိပါ။ ထင်ရှားကျော်ကြားတဲ့ အုပ်ချုပ်ရေး အရာရှိကြီးတွေ၊ အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ သာမန်လူတွေ၊ တော်ဝင်မိသားစုဆိုတဲ့ အိမ်ဦးနတ်တွေ ပြီးတော့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်းတောင်မှ သေရတာပါပဲ။ ဒါကြောင့် သေခြင်းတရားမှလွတ်မြောက်မှုဆိုတာ ဘယ်လိုမျှော်လင့်လို့ရနိုင်မလဲ။ တစ်ချိန်တည်းတစ်နေရာတည်းမှာ လည်ပတ်နေတဲ့ လှည်းဘီးလိုပဲ ဘ၀ဆိုတာ အချိန်တိုတိုအတွင်းမှာ သေဆုံးသွားတယ်ဆိုတာ နားလည်ရမှာပါပဲ။


Show/Hide