Sunday, July 18, 2010

Ph.D သို့ ရှာပုံတော် (၄)

ဒေါက်တာဘွဲ့ယူကျောင်းသားဖြစ်တဲ့ သင်ဟာ သင့်ရဲ့ လေ့လာမှုကို စီမံခန့်ခွဲဖို့ အတွက် တာဝန်ဝတ္တရားတွေ ယူရမှာ ဖြစ်ပါတယ်။ ပြီးတော့ PhDကို သင့်ကိုယ်တိုင် ရဖို့အတွက် တာဝန်ဝတ္တရားတွေက များပြားလှပါတယ်။ တကယ်တော့ သင့်ကို ကူညီဖို့ ဘေးပတ်ပတ်လည်မှာ လူတွေ အများရှိနေပါတယ်။ သင့်ရဲ့ ကျမ်းကြီးကြပ်သူတွေ သင့်ရဲ့ ဌာနဆိုင်ရာ academics အသိုင်းအ၀န်းတွေ သူငယ်ချင်းကျောင်းသားတွေ စသည် စသည်။ အဲဒီထဲက တစ်ချို့ကတော့ သူတို့ရဲ့ ထင်မြင်ယူဆချက်အရ ဘာတွေလုပ်ရမယ်ဆို ပြောပြပါလိမ့်မယ်။ PhD degree ကိုရယူဖို့ရန် သင့်မှာလဲ လုပ်ဆောင်ချက်တွေ ရှိရပါ့မယ်။ သို့ပေမယ့် ဘာတွေ လျှောက်ထားရမလဲ ဘာတွေဆက်လက် လုပ်ဆောင်ရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်အတွက် သင့်ကိုယ်တိုင်ပဲ သေချာချမှတ်ရပါ့မယ်။ သင့်ရဲ့ ဆုံးဖြတ်ချက် ချမှတ်မှုက အ..ခရာကျမှု တစ်ခု ဖြစ်နေလို့ပါ။ ပြီးတော့ သင့်ရဲ့ အလုပ်အတွက် သင်လိုအပ်နေတဲ့ topic or theory တွေ ပြန်ရှာရတော့မယ်ဆိုရင် အဲဒီအခါ ပြောစရာ အကြောင်းက ခိုင်ခိုင်လုံလုံ မရှိတတ်ပါဘူး။ အဲဒီအခါ ဘယ်သူမှ ဒါနှင့် ဆက်စပ်ပြီး ငါ့ကို မပြောကြဘူးလို့ ဆင်ခြေမပေးပါနဲ့ ဒါက သင့်တာဝန် ဖြစ်နေလို့ပါ။
ဒါကြောင့် သင်ဟာ တစ်ခြားသူများ ချမှတ်ပြီးသား course တစ်ခုကို ဖြတ် ညှပ် ကပ်တာတွေ မလုပ်ပါနဲ့။ ဆွေးနွေးခြင်းကို အစပျိုးဖို့တော့ သင်မျှော်လင့်နိုင်ပါတယ်။ သင်လိုအပ်တာတွေကို ကူညီပေးဖို့အတွက် ပြောနိုင်ပါတယ်။ ဘာတွေကို လေ့လာသင့်သလဲဆိုတဲ့ အကြောင်းကိုလဲ ဆွေးနွေးနိုင်ပါတယ်။ ပြီးတော့ သင်က သင့်ကိုယ်တိုင်း စီမံခန့်ခွဲမှုအောက်မှာပဲ ရှိရပါ့မယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က နောက်ထပ် ပြောလာမည့်အရာတွေကို စောင့်ဆိုင်းပြီး ထိုင်စာင့်နေတာမျိုးကို မလုပ်မိပါစေနဲ့။ အချိန်မဖြုန်းမိစေနဲ့။ မည်သူကမှ သင်နောက်ထပ် ဘာတွေ လုပ်ရမယ်ဆိုတာကို ပြောပြမှာ မဟုတ်ဘူးဆိုတာ ကောင်းကောင်းနားလည်ထားပါ။ ဘွဲ့လွန်လောကမှာ ဒါက အခွင့်အရေးတစ်ခုပါ ပျော့ကွက် ဟာကွက်တစ်ခု မဟုတ်ပါဘူး။




The psychology of being a postgraduate

ဘွဲ့လွန်အသစ်သမားများအနေနဲ့ သူတို့ ဘာသာရပ်ကို ထူးချွန်သော ပေးပို့စာတစ်ခုအဖြစ် ပြုလုပ်ဖို့ရန် ဆုံးဖြတ်ထားရသော စနစ်ကို စတင်ကျင်သုံးရမှာ ဖြစ်ပါတယ်။ သူတို့ degree အတွက် thesis-writing ရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိလာတဲ့ အချိန်မှာ အဲဒါကို ဆက်လုပ်ရမလား မေ့လိုက်ရမလားဆိုတာ ဆုံးဖြတ်ချက်ချရမှာပါ။ တိကျသေသပ်သော topic အပေါ်မှာ အားရုံစိုက်ဖို့ရန် လိုအပ်မှုတွေ ဟာကွက်တွေ ရှိလာနိုင်ပါတယ်။ စိတ်အားထက်မှုတွေ လျှော့ကျကျလာတဲ့ ကြားကာလနှစ်တွေအတွင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်ခြင်း, စိတ်ဆန္ဒအားနည်းလာတဲ့ အခါမှာ တစ်ခြားစာများကို ပုံတူကူးချခြင်းတို့ ပြုလုပ်တတ်လေ့ရှိပါတယ်။ ပြီးတော့ မည်သူမှ နားလည်မှာ မဟုတ်ပါဘူး ဒါမှမဟုတ် မည်သူမှ ဒီအလုပ်အကြောင်းကို ဂရုစိုက်နေမှာ မဟုတ်ပါဘူးလို့ ထင်မြင်လာတတ်ပါတယ်။
သူတို့ဟာ အရည်အချင်းပြည့်ပြည့် အောင်မြင်ပြီး ပညာအဆင့်တန်းမြင့်မြင့် ကိုင်ဆောင်လာတဲ့သူတွေဆိုတာ ရှင်းရှင်းလင်းလင်း သိပြီးမှ တက္ကသိုလ် သို့မဟုတ် ကောလိပ် ထဲသို့ ၀င်လာကြတဲ့သူတွေပါ။ သူတို့ အရင်ဦးဆုံး ကိုယ့်ကိုယ်ကို ယုံကြည့်မှုတွေ မဆုံးရှုံးမီ သိပ်မကြာခင်အချိန်မှာပဲ သူတို့ကို ဆန်းစစ်တဲ့ မေးခွန်းကို စတင်လာတွေ့ရမှာပါ။ ဒါဟာ အကယ်ဒမီ သင်ကြားပို့ချရေးဆိုင်ရာနှင့် ဆက်စပ်ပြီး စတင်တွေ့ထိတဲ့ အကျိုးတစ်ခုသာ ဖြစ်ပါသေးတယ်။ ဒီလို တွေ့ထိခြင်းဟာ ပညာရေးဆိုင်ရာဝန်ထမ်းအဖွဲ့ဝင်များမှ စတင်ဖြစ်ပေါ်လာခြင်းပါ။ ပထမနှစ် သုတေသန ကျောင်းသားတွေအနေနဲ့ ဘွဲလွန်ကျောင်းသား ဖြစ်လာတဲ့အခါ သူတို့ရဲ့ ကျမ်းလျှောက်လွာတွေကို ဆွေးနွေးပွဲညီလာခံတွေမှာ တင်ပြခြင်း သို့မဟုတ် ဂျာနယ်တွေမှာ ဖော်ပြခြင်းများလဲ ဖြစ်လာနိုင်ပါတယ်။ အစဉ်အလာအနေနှင့် လက်ခံရမှာ ဖြစ်ပေမယ့် ငယ်ရွယ်တဲ့ ဘွဲ့ရသမားတွေမှာ အယူအဆတွေ အတွေးအမြင်တွေလည်း ပြိုင်ဆိုင်လာတတ်ပါတယ်။ ဒီလို သံသယတွေ မေးခွန်းတွေရှိတဲ့ ခေတ်မှ စ၍ ရှင်းလင်းတိကျတဲ့ အောင်မြင်တဲ့ ကျောင်းသားတစ်ယောက်အဖြစ် ပေါ်ထွက်လာနိုင်ပါတယ်။ကိုယ်ပိုင်အတွေးအခေါ်ကို ယုံကြည့်မှုရှိပြီး ဖြစ်စဉ်တွေနှင့်ဆက်စပ်မှုရှိရှိ လူတိုင်း လူတိုင်း သူတို့ရဲ့ အမြင်တွေကို ငြင်းခုံဆွေးနေမယ်ဆိုရင်လဲ အောင်မြင်တဲ့ ဘွဲ့ယူကျောင်းသားတစ်ယောက်အဖြစ် ပေါ်ထွက်လာနိုင်တာပါပဲ။ သို့ပေမယ့် ၄င်းရဲ့ ဘောင်အကန့်အသတ်ကိုတော့ မှတ်မိသိရှိနေရမှာ ဖြစ်ပါတယ်။ မသိနားမလည်မှုတွေကြောင့် စိုးရိမ်မှုတွေ အတွက် အခက်အခဲ မရှိနိုင်တော့ဘူးလို့ ဟန်ဆောင်နေမည့်အစား သူတို့ တစ်စုံတစ်ခုကို မသိတဲ့အခါ နားလည်မှုတွေ အားနည်းလာတဲ့အခါ လိုအပ်ချက်တွေ ရှိနေတဲ့အခါ ဒီလို ကိုယ်ပိုင်လွတ်လပ်ခွင့်များဟာ သတင်းအချက်အလက်တွေအတွက် ပြောဖို့ ဖြစ်တယ်ဆိုတာ နားလည်ထားရမှာပါ။ ဒီအဓိကအချက်ကို ရောက်လာဖို့ဆိုတာ သုတေသနဘွဲ့လွန်ကျောင်းသားများအနေနဲ့ အကြောင်းအရာအားလုံးတို့ကို မှန်မှန်ကန်ကန် လုပ်ရမယ်ဆိုတဲ့ အပေါ်မှာလဲ မူတည်နေပါတယ်။