Thursday, August 19, 2010

Ph.D သို့ ရှာပုံတော် အခန်း ၃း ၂

PhD နှင့် MPhil တို့ အကြား ကွဲပြားခြားနားခြင်းများ
MPhil က ဆက်စပ်တဲ့ ဧရိယာတစ်ခုကို ကျွမ်းကျင်ဖို့ရန် ကျောင်းသားများ လေ့လာရာမှာ PhD ထက် အရည်အသွေး အနည်းငယ်စဉ်းငယ် ယုတ်လျော့နေတဲ့ ဘွဲ့ဒီဂရီတစ်ခုပါ။ ၄င်းက အလုပ်တစ်ခုရဲ့ တိုတောင်းတဲ့ အပိုင်းအစတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ နှစ်နှစ်လောက် လေ့လာရေးပြီး ရေးသားလိုက်တာနဲ့ ပြည့်စုံလုံလောက်ပါတယ်။ ၄င်းကို အဆင့်မြင့် သုတေသနအလုပ်၌ လေ့ကျင့်ခြင်း အဆင့် တစ်ခုအနေနဲ့ အသုံးပြုလေ့ ရှိပါတယ်။ ပြီးတော့ သုတေသန အခြေခံကို လေ့လာဖို့ရန်နှင့် နည်းပညာအသစ်တွေ ရယူနိုင်ဖို့ရန် လိုအပ်တဲ့ နေရာမှာ ဖြစ်တဲ့ PhD ဘွဲ့အတွက် အကြိုလုပ်ငန်းအဆင့်တစ်ခုသာ ဖြစ်ပါတယ်။ ၄င်းက ကိုယ်ပိုင်အစစ် အမှန်လုပ်ဆောင်ခြင်း၌ မြင့်မားတဲ့ တရားဝင်ဘွဲ့ အရည်အသေးတစ်ခုလည်း ဖြစ်ပါတယ်။
အင့်မီတဲ့ ကျမ်းစာကို ရှာဖွေနိုင်ဖို့ရန် အလို့ငှာ အောင်မြင်ပြီးတဲ့ ဘွဲ့ယူကျမ်းစာများကို ဖတ်ရှုဖို့ရန် လိုအပ်ပါတယ်။ ဒီနေရာမှာ အထွေထွေ ဝေါဟာရ ဘာသာရပ်တစ်ခုအနေနဲ့ ပြောရရင် MPhile ဘွဲ့က Phd ဘွဲ့မှ ကွဲပြားခြားနားစွာ ရေးသားကိုင်တွယ်ထားတဲ့ နည်းလမ်းတစ်ခုချို့သာ ဖြစ်ပါတယ်။
Mphileဘွဲ့ကို ဖြေဆိုရေးသားသူတစ်ယောက်ဟာ PhDနှင့် နှိုင်းယှဉ်နိုင်ဖို့အတွက် အလုပ်နယ်ပယ် ဘွဲ့ဒီဂရီကို မူရင်းကျကျ ကန့်သတ်ထားနိုင်ရပါ့မယ်။ ပို၍ လေးပေးအာရုံစိုက်ရမည့်အရာကို PhD အလုပ်အပေါ်မှာ အာရုံစူးစိုက်နိုင်ရမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ PhD ဘွဲ့ယူကျမ်းစာက Mphile ဘွဲ့ယူကျမ်းစာထက် ပို၍ နက်နဲ့ပြီး သုတေသန ဆန်ရပါ့မယ်။ ကြီးမားတဲ့ သမ္ဘာရနည်းနှင့် ခွဲခြမ်းစိပ်ဖြာနိုင်မှု စွမ်းရည်နှင့် လက်တွေ့သာဓက ပြခြင်း ပို၍ အသေးစိပ်စူးစမ်းခြင်း စသည်တို့အတွက်လည်း ပြုမှုဆောင်ရွက်ရပါတယ်။
Mphile သုတေသနထုတ်လုပ်ဖြန့်ချီခြင်းကို ပုံတူတစ်ခုအနေနဲ့ ကန့်သတ်ထားနိုင်ပါတယ်။ ၄င်းကို ဒုတိယ ရင်းမြင် ၇ှာဖွေခြင်းလို့လည်း ခေါ်ပါတယ်။ပြီးတော့ လူတစ်ချို့ ရေးသား သာဓက ပြုထားသော တရားဝင်ကျမ်းစာများလို့လည်း ဆိုပါတယ်။ ပုံစံအားဖြင့် “Francis gives several definitions of originality (Phillips and Pugh 1994).”
ပို့ချချက် အနှစ်ချုပ်တွေ ပြည့်ပြည့်စုံစုံရရှိနေသော်လည်း PhD ကို တန်ဖိုးဖြတ်တဲ့ အမြင် မရှိဖို့ရန် လိုအပ်တယ်။ ဒီနေရာမှာ ခြားနားမှုက မျှော်လင့်ချက် ရည်ရွယ်ချက်ရဲ့ ခွဲခြမိးစပ်ဖြာလေ့လာမှု ပမာဏသာမက ပြန်လည် သုံးသပ်ခြင်းရဲ့ ကျယ်ြုပန့်နက်နဲ့မှုအတွက်လည်း ဖြစ်စေတယ်။ ပြဌာန်းကျမ်းစာရဲ့ အိုင်ဒီယာကို ရယူနိုင်တဲ့ စွမ်းရည်က Mphile ရဲ့ မြင်မားတဲ့ အရည်အသွေးကို ဖြစ်စေတယ်။ သင့်လျော်တဲ့ နည်းပညာကိုလည်း နည်းလည်စေနိုင်တယ်။ ထုတ်ဝေရေးသာမှုအလုပ်ကိုလည်း ပြုလုပ်နိုင်တယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အချက်အလက်တွေကိုလည်း ရှာဖွေနိုင်တယ်။ ကွဲပြားခြားနားတဲ့ အတွေးအခေါ်ကိုလည်း တစ်စုတစ်ဝေးတည်း ပြုနိုင်တယ်။ ပြီးတော့ လက်တွေ့လေ့လာမှုကိုလည်း ပြုလုပ်နိုင်တယ်။
တက္ကသိုလ်အသီးသီးက Mphile ဒီဂရီဘွဲ့ကို ပုံမှန် စည်းမျှဉ်းနဲ့ ဆက်စပ်ရေးဆွဲထားလေ့ရှိတယ်။ ပြီးတော့ ပြန်လည် ရေးသားနိုင်သော ကျမ်းစာများကို ဂရိုစိုက် လေ့လာနိုင်ရန် စီစဉ်ထားတတ်တယ်။