Tuesday, August 31, 2010

ဘာသာပြန် ဆောင်းပါး

ဖေးဘုတ်ရဲ့ စိတ်တံခါးများ

လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက လူဦးရေ သန်ပေါင်းလေးဆယ်လောက်လောက်က သူတို့ရဲ့ ဓါတ်ပုံတွေ ပေးစာတွေ ဓါတ်ပုံတွေကို မှတ်တမ်းတင်ဖို့ ဖေ့ဘွက်ကို အသုံးပြုလာကြပါတယ်။ အကျိုးရလာဒ်ကတော့ လူမှုအဖွဲ့အစည်းတွေမှာ တိုးတက်မှုတွေ ရလာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်သွယ်ရမလဲဆိုတဲ့ ဆက်သွယ်ရေးတွေကလည်း တို့တက်လို့ လာခဲ့ပါတယ်။ ဖေးဘွတ်ဆိုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေက ပို၍ကောင်းတဲ့ စနစ်နဲ့ အွန်လိုင်းပေါ်မှာ ဈေးတွေ ၀ယ်လို့ ရလာတဲ့ အထိ အောင်မြင်တယ်လို့ ဆိုရပါမယ်။
ဖေးဘွတ်မှာ မှန်ကန်တဲ့အချက်အလက်တွေ အရေးကြီးတဲ့ အချက်အလက်တွေလည်း သိမ်းဆည်းထားလို့ ရနေပါပြီ။ ဖေးဘွတ်ရဲ့ အချက်အလက်တွေ ကိုယ်ရေးဖိုင် ဓါတ်ပုံတွေ မန်ဘာတွေရဲ့ စာမျက်နှာတွေကိုလည်း Google ဆက်သွယ်ရေးစနစ်ကနေ ရှာဖွေလို့ ရနေပါပြီ။ ခေတ်နဲ့အညီ မွမ်းမံထားတဲ့ ဖေးဘွတ်ရဲ့ ပုံစံတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ဆက်သွယ်နိုင်ဖို့အတွက်သာမက လူတိုင်းအတွက် မျှဝေဖို့အတွက်ပါ အသုံးပြုလို့ ရနေပါပြီ။ တကယ်တော့ ဖေးဘွတ်ဆိုတာ ပင်လယ်ပြင်မှာ ဖွဲ့စည်းထားတဲ့ အပန်းဖြေစရာတစ်ခုလိုပဲ အင်တာနက်ကွန်ယက်ရဲ့ အဖွဲ့အစည်းကလပ် တစ်ခုပါ။ ခေတ်သစ်အလုပ်အနေနဲ့ ၂၀၀၉ ခုနစ်မှာ ယူအစ်ဒေါ်လာ သန်းငါးရာ့ငါးဆယ်လောက် အထိ ပါဝင်လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ သီးသန့်အနေနဲ့ အသုံးပြုတဲ့သူများအတွက်ကတော့ ပိုကောင်းတဲ့ စနစ်တစ်ခုလို့ ဆိုလို့ရနိုင်ပါတယ်။ ဒါပေမယ့် သာမန်လူတန်းစားအတွက်တွေကတော့ ကောင်းလှတာတော့ မဟုတ်ပါဘူး။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီအစောပိုင်းကာလတွေမှာ ၀ါတန်ဆိုသူက အင်ဂျင်နီယာဆိုင်ရာ စီမံကိန်းတစ်ခုကို ရေးဆွဲခဲ့ပါတယ်။ သူဟာ ခြောက်လလောက် အချိန်ယူပြီး ဖေးဘွတ်စာမျက်နှာကို ရေးဆွဲခဲ့တယ်။ လူမှုရေးအဆက်အသွယ်အတွက် အချက်အလက်ပါဝင်အောင် ရေးဆွဲရတာလည်း မလွယ်ကူလှပါ။ ၀ါတန်ဟာ ဖေးဘွတ်ဖန်တွေ စာမျက်နှာ အမျိုးအစားအလိုက် အမေရိကန်ရဲ့ အဆောက်အအုံ မြေပုံတွေကို ပုံဖော်ပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ မာမွန်ခေါ်ဆိုရတဲ့ စတီးဗင်းမာယာနှင့် ဂလင်းဘက်တို့ကဲ့သို့ အခမ်းအနားတစ်ခုကို ရေးဆွဲတဲ့ပုံစံမျိုးလည်းကိုလည်း အတုယူခဲ့ဟန် တူပါတယ်။ နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ကောင်းဘွိင်ဇာတ်ကားလိုပဲ ၀ါတန်က စိတ်ကူးပုံဖော်ထားတာပါ။ ကွန်ယက်ဆက်သွယ်ရေးတစ်ခုလုံးနဲ့ ဖေးဘွတ်ရဲ့အချက်အလက်တွေကိုလည်း အထက်ပါ ပုံစံကိုပဲ ယူပြီး ရေးဆွဲခဲ့တာပါ။ ပို၍ကောင်းတဲ့ လူတွေရဲ့ အမြင်တွေ ပညာရှင်တွေရဲ့ အကြံကိုလည်း ရယူခဲ့တယ်။
ရေးဆွဲထားရမယ့် အချက်အလက်တန်ဖိုးတွေ လျှို့ဝှက်ဝင်္ကပါလမ်းကြောင်းတွေ ဂိုဂယ်ဆားပစ်အပေါ်မှာ တည်ဆောက်ထားတဲ့ လူမှုရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုအတွက်ကိုလည်း ဦးစားပေးတည်ဆောက်ထားပါတယ်။ အခုဆိုရင် ကမ္ဘာ့မီဒီယာ အွန်လိုင်းသုံးသူ အတော်များများကတောင်မှ ဖေးဘွတ်ရဲ့ အသုံးဝင်မှုကို တန်ဖိုးထားနေကြပါပြီ။ ဖေးဘွတ်ရဲ့ ရည်ရွယ်ချက်ကတော့ လူမှုဆက်သွယ်ရေးကို တိုးချဲ့ဖို့နှင့် လူတစ်ဦးနှင့် တစ်ဦးဆက်သွယ်တဲ့အခါ လွယ်ကူစွာ ဆက်သွယ်နိုင်ရေးအတွက် ရည်ရွယ်ပါတယ်။
ဒီဖေးဘွတ်တွေဟာ လူတိုင်းလူတိုင်းအတွက် ကောင်းတဲ့အစီအစဉ်တစ်ခုပါ။ ရာဟူ ဂိုဂယ်နဲ့ အခြားသော .com များမှ တစ်ဆင့်လည်း ဖေးဘွတ်ကို အသုံးပြုလို့ရနိုင်ပါတယ်။ ဂိုဂယ်. နည်းပညာအတွက် ဖေးဘွက်က အကောင်းဆုံးသော ဆက်သွယ်မှုဆိုင်ရာ ၀န်ဆောင်မှုတစ်ခု ဖြစ်ပြီး လူ့အဖွဲ့အစည်းဆိုင်အတွက်လည်း အသုံးဝင်ဆုံးသော အရာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။