Thursday, September 16, 2010

အပြစ်ကို စားသုံးခြင်း

၆၉။ အပြစ်ကို စားသုံးခြင်း

တစ်နေ့မှာ စိုတိုဈင်ဆရာ ဖုဂျီနှင့် တပည့်များရဲ့ ညစာစားပွဲကို ပြင်ဆင်မှု နောင့်နှေးတဲ့ နေ့တစ်နေ့က ကြုံတွေ့ခဲ့တယ်။ ချက်ပြုတ်သူက အလောတကြီး ဥယျာဉ်ဆီသို့ ဓားကောက်နဲ့ သွားခဲ့ပြီး ဟင်းသီးဟင်းရွက်နုနုလေးကို ခူးဖြတ်ကာ ဓားကောက်နဲ့အတူ ဟင်းချို လုပ်လိုက်တယ်။ ဟင်းသီးဟင်းရွက်ထဲမှာ ဓားသံတွေထည့်ပြီး အလျင်အမြန်ပဲ ချက်ပြုတ်လိုက်တယ်။
ဖုဂျီရဲ့ နောက်လိုက်ငယ်သားတွေက ဒါဟာ ကောင်းတဲ့ဟင်းချိုရည် အရသာရှိတဲ့ ဟင်းချိုရည် ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ဈင်ဆရာက သူ့ကိုယ်တိုင် သူ့ရဲ့ခွက်ထဲမှာ ဓားဦးခေါင်းကို တွေ့တဲ့အခါ ချက်ပြုတ်သူကို ဆင့်ခေါ်လိုက်တယ်။

“ဒါ ဘာကြီးလဲ” မေးလိုက်ပြီး ဓားရဲ့ အဖျားပိုင်းကို ထုတ်ယူလိုက်တယ်။

“အို့ ကျေးဇူးပါပဲ ဆရာ” ချက်ပြုတ်သူက ပြန်ဖြေလိုက်ပြီး တစ်ကိုက်စာကို အလျင်အမြန်ယူကာ ဓားဦးပိုင်းကို စားလိုက်ပါတယ်။


၇၀။ ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးသော အရာ


“လောကကြီးမှာ တန်ဖိုးအကြီးဆုံးအရာက ဘယ်အရာလဲ” တရုတ်ဈင်ဆရာ တစ်ယောက်ဖြစ်တဲ့ စိုဇန်ကို ကျောင်းသားတစ်ယောက်က မေးတယ်။

“သေပြီးတဲ့ ကြောင်တစ်ကောင်ရဲ့ ဦးခေါင်း” ဈင်ဆရာက ပြန်ဖြေလိုက်ပါတယ်။

“လောကကြီးမှာ တန်ဖိုးအရှိဆုံးအရာက ဘာဖြစ်လို့ သေပြီးတဲ့ ကြောင်တစ်ကောင်ရဲ့ ဦးခေါင်း ဖြစ်နေရတာလဲ” ကျောင်းသားက ပြန်မေးလိုက်ပါတယ်။

“သေပြီးတဲ့ ကြောင်ဦးခေါင်းရဲ့ ဈေးနှုံးကို ဘယ်သူမှ အတိအကျ မပြောလို့ပေါ့” စိုစန်က ပြန်ဖြေလိုက်ပါတယ်။