Friday, September 17, 2010

စိတ် ဒေါသ

၇၄ - စစ်မှန်သော ပြုပြင်ခြင်း

၇၅ - စိတ်ဒေါသ

ဈင်ကျောင်းသားတစ်ယောက်က ဘန်ဂီ ဆီသို့ရောက်လာပြီး တိုင်တန်းပြောဆိုခဲ့ပါတယ်။
` ဆရာကြီး ... ကျွန်တော့်မှာ ထိန်းချုပ်လို့ မရနိုင်လောက်အောင် စိတ်ဒေါသတွေ ရှိနေတယ်။ အဲဒါကို ဘယ်လို ကုစားရပါ့မလဲ ? ´
` မင်းမှာ ထူးခြားအံ့သြလောက်တဲ့ တစ်စုံတရာရှိရမှာပေါ့ ´ ဘန်ဂီက ပြန်ပြောလိုက်ပါတယ်။
` မင်းမှာ ရှိနေတဲ့ အရာတွေကို ကြည့်လိုက်ဦးစို့ ´
` အခုတော့ အဲဒီစိတ်ဒေါသကို ဆရာကြီးကို မပြသနိုင်သေးဘူး ´ တခြားတစ်ယောက်က ပြန်ဖြေလိုက်ပါတယ်။
` ငါ့ကို ဘယ်အချိန်လောက်မှာမှ စိတ်ဒေါသဆိုတာ ပြသနိုင်မလဲ ´ ဘန်ဂီက မေးလိုက်ပါတယ်။
` အဲဒီ စိတ်ဒေါသက ထင်မှတ်မထားတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်လာတတ်တယ် ´ ကျောင်းသားက ပြန်ဖြေလိုက်ပါတယ်။
` ဒါဆိုလဲ နောက်တစ်ခါပေါ့ ´
` အဲဒါက စစ်မှန်တဲ့ မင်းရဲ့ ပင်ကိုယ် သဘာဝ မဟုတ်ဘူး၊ တကယ်ဖြစ်ခဲ့တယ် ဆိုရင် ... ဘယ်အချိန်မဆို ငါ့ကို ပြသနိုင်ရမှာပေါ့။ မင်းမွေးလာတဲ့ အခါ အဲဒီစိတ်ဒေါသက
အတူပါလာခဲ့မှာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ မိဘတွေကလည်း အဲဒီစိတ်ဒေါသ ဆိုတာကို မင်းကို ပေးခဲ့မှာ မဟုတ်ဘူး။ မင်း အတွေးလွန်နေတာပဲ ဖြစ်မှာပါ.. ´
ဘန်ဂီက ကောက်ချက်ချ ပြောဆိုလိုက်ပါတယ်။

၇၆- မာကျောသော စိတ်ဓာတ်

တရုတ်ဈင်ဆရာဖြစ်တဲ့ ` ဟိုကန်´ က နိုင်ငံအတွင်း ကျောင်းသေးသေးလေးတစ်ကျောင်းမှာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာ ခရီးထွက်လာတဲ့ ရဟန်းများက သူ့ဆီကိုရောက်လာခဲ့ပြီး သူ့ကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်။
` ကျောင်းဝိုင်းထဲမှာ မီးလောင်ခဲ့မယ်ဆိုရင် ဆရာလည်း မီးလောင်တဲ့အထဲမှာ ပါသွားမှာပဲ မဟုတ်လား။ ´
ကျောင်းသားလေးယောက်က ထိုသို့ပြောပြီး မီးရှို့ဖို့လုပ်နေစဉ်မှာပဲ ဟိုကန်က အာရုံနှင့် အာရမ္မဏိက အရှုခံနှင့် အရှုဉာဏ် အကြောင်းနှင့် ပတ်သက်၍
` ဒါက ကျောက်တုံးကြီးတစ်တုံး ဖြစ်ပါတယ်။ အဲဒါဟာ သင်တို့ရဲ့ စိတ်အာရုံ အပြင်ဘက်မှာ ဖြစ်နေတာကို သိနေသလား အတွင်းဘက်မှာ ဖြစ်နေတာကို သိနေသလား ´
ဟိုကန်က မေးလိုက်ပါတယ်။
` ဗုဒ္ဓ ဘုရားရှင် အမြင်ကတော့ အရာအားလုံးဟာ စိတ်ရဲ့ မနှစ်မြို့ဖွယ်ရာချည်းပါပဲ။ ဒါကြောင့် မာကျောတဲ့ ကျောက်တုံးဆိုတာ စိတ်ရဲ့ အတွင်းဘက်မှာပဲ ဖြစ်ရမယ်လို့ ကျွန်တော်မြင်ပါတယ်။ ´ ရဟန်းတစ်ပါးက ပြန်ဖြေလိုက်ပါတယ်။
` သင့်ရဲ့ ဦးခေါင်းက အလွန်လေးလံနေသလိုပဲ ခံစားနေရလိမ့်မယ်။ ´
` သင့်ရဲ့ စိတ်ထဲမှာ ကျောက်ဆောင်ကျောက်သားကို သယ်ဆောင်နေရသလိုပဲ ထင်မှတ်ထားမယ်ဆိုရင် အဲဒီအတိုင်းပဲ ဖြစ်နေပါလိမ့်မယ်။ ´
ဟိုကန်က တွေးတွေးဆဆ သတိပေးလိုက်ပါတယ်။

၇၇ - ဖုန်မှုန့်တွေကို ဆက်စပ်ကြည့်ခြင်း

တန်မင်းဆက် ဈင်ဆရာ ဇင်ဂတ်စုက သူ့ရဲ့ တပည့်တွေ အတွက် သူမသေခင် အကြံပေး လမ်းညွန်တဲ့ စာတစ်စောင်ကို ရေးသားခဲ့ပါတယ်။
စာက...
ဒီကမ္ဘာပေါ်မှာ နေထိုင်ခြင်းက လောကကြီးရဲ့ ဖုန်မှုန့်တွေကို ဆက်စပ်ဖို့ရန် ပုံသဏ္ဍာန် မဟုတ်ဘူးဆိုတာ မှန်ကန်တဲ့ ဈင် ကျောင်းသားတစ်ယောက်ရဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ တစ်ခြားသူများရဲ့ ကောင်းတဲ့ အပြုအမှုတွေကို သာဓကပြတဲ့အခါမှာ သင်ကိုယ်တိုင် သူ့ရဲ့ စံပြအဖြစ် ပြုမူပြီး တစ်ပါးသူကို အားပေးတိုက်တွန်းရမယ်။ တစ်ခြားသူများရဲ့ မှားယွင်းတဲ့ အပြုအမှုတွေကို ကြားသိရတဲ့အခါ အဲဒါကို အတုမယူမိစေဖို့ သင်ကိုယ်တိုင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမယ်။
မှောင်မိုက်တဲ့ အခန်းထဲမှာ တစ်ယောက်တည်း နေရတဲ့အခါ ဖြစ်ပေမယ့် သင်ဟာ ကြီးမြတ်တဲ့ အထူးဧည့်သည်တစ်ယောက်ကို ရင်ဆိုင်ဧည့်ခံရသကဲ့သို့ ပြုမှုရမယ်။
သင့်ရဲ့ စိတ်ခံစားမှုကို ဖောက်ဆောင်ပေးပါ။ သို့ပေမယ့် သင့်ရဲ့ စစ်မှန်တဲ့ သဘာဝတရားထက် ပိုမိုပြီးတော့ လွန်ကဲပြီး ဖောက်ပြလိုက်တာမျိုး မဖြစ်စေနဲ့၊
ဆင်းရဲ့ခြင်းက သင့်ရဲ့ ထူးမြတ်တဲ့ ရတနာပဲ ဖြစ်ပါတယ်။ လွယ်လွန်းတဲ့ဘ၀တစ်ခုကို ရဖို့အတွက် အဲဒီရတနာကို ဘယ်အခါမှ မပြောင်းလဲလိုက်ပါနဲ့
လူတစ်ယောက်ဟာ နုံ့အတဲ့ သူတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် နုံ့အသူက သူတစ်ယောက်တည်း ဖြစ်နေတာတော့ မဟုတ်ဘူး။ သူဟာ သူ့ရဲ့ ပညာဥာဏ်တရားကိုသာလျှင် ဂရုတစိုက် စောင့်ရှောက်နေသင့်တယ်။
ကိုယ်ကျင့်သီလဟာ ကိုယ့်အပြုအမူများရဲ့ အသီးအပွင့် ဖြစ်တယ်။ သို့ပေမယ့် မိုးစက် နှင်းစက်လိုပဲ သူ့ကိုယ်တိုင် ကောင်းကင်ထက်မှာ တစက်စက် ကျနေဖို့ မလိုဘူး။
ရိုးရိုး ကုပ်ကုပ် နှင့် ဣနြေ္ဒသမ္မတ္တိဆိုတာက ကိုယ်ကျင့်သီလတရား အားလုံးရဲ့ အခြေခံအုဌ်မြစ်ပဲ ဖြစ်တယ်။ သင့်ကိုယ်တိုင် အပြုအမူ အားလုံးကို အပြုလုပ်မီ သင့်ရဲ့ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ပါ။
မြင့်မြတ်တဲ့ နှလုံးသား တစ်စုံက အဲဒီနှလုံးသားကိုယ်တိုင် ရှေ့မှာ ကြိုတင်ပြီး ဘယ်အခါမှ စွမ်းပကားအဖြစ် ရှိမနေဘူး။ မြင့်မြတ်တဲ့နှလုံးသားရဲ့ စကားလုံးတိုင်းက ရှားပါးတဲ့ ရတနာ ဖြစ်တောင့်ဖြစ်ခဲတဲ့ ခင်းကျင်းပြသမှုနှင့် တန်ဖိုးကြီးတဲ့ အရာတွေပဲ ဖြစ်တယ်။
ဟန်ဆောင်မှုကင်းပြီး စစ်မှန်တဲ့ ကျောင်းသားတစ်ယောက်ရဲ့ နေ့ရက်တိုင်းဟာ ကံကောင်းခြင်းတွေနဲ့ ယှဉ်တွဲနေတတ်တယ်။ အချိန်နာရီတိုင်းက ကျော်လွန်သွားနိုင်တယ်။ သို့ပေမယ့် ထိုသူဟာ ဘယ်အခါမှ နောက်ကျ ကျန်ရစ်မနေတတ်ဘူး။
ဂုဏ်ကျက်သရေပဲ ဖြစ်စေ ရှက်စိတ်ကြောက်စိတ်ရှိတဲ့ ဟိရီသြတ္တပ္ပပဲဖြစ်စေ ထိုသူကို မပြောင်းလဲ မရွှေ့ရှားနိုင်ဘူး။
သင့်ကိုယ်တိုင်ပဲ သင်အပြစ် တင်ပါ။ တစ်ပါးသူများကို ဘယ်အခါမှ အပြစ် မတင်မိပါစေနဲ့၊ မှန်၏ မှား၏ ဆိုတာကိုလည်း ဘယ်အခါမှ မငြင်းခုံမိစေနဲ့၊
တစ်ချို့သောအရာက မှန်ကန်ကောင်း မှန်ကန်နိုင်သော်လည်း လူငယ်မျိုးဆက်တို့အတွက် မှားယွင်းတဲ့အရာ ဖြစ်သွားတတ်တယ်။ ကောင်းသောအပြုအမူလို့ဆိုအပ်တဲ့ ကုသိုလ်ကောင်းမှုတွေရဲ့ တန်ဖိုးတရားကို ရာစုနှစ်ကြာပြီးတဲ့နောက်မှာ အသိအမှတ်ပြုချီးကျူးနိုင်တဲ့အတွက်ကြောင့် တန်ဖိုးထား အလေးထားခံရမှုကို အဆောတလျင် လိုချင်တောင့်တနေဖို့ မလိုအပ်ဘူး၊
စကြ၀ဠာသဘာဝတရားရဲ့ ကြီးမားတဲ့ အကျိုးခံစားမှုကို စွန့်ခွာပြီး အကြောင်းတရားကောင်းကောင်းနဲ့ ပြုမှုနေထိုင်ပါ။ အေးငြိမ်းသောတရား အာရုံပြုခြင်းဖြင့် နေ့စဉ် နေ့စဉ် ကုန်လွန်စေပါ။

၇၈။ စစ်မှန်တဲ့ ကြွယ်ဝချမ်းသာမှု

လူချမ်းသာတစ်ယောက်က သူ့မိသားစု စဉ်ဆက်ချမ်းသာဖို့ အတွက်သာမက မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ စဉ်ဆက် ချမ်းသာစေရန်အတွက်ပါ နည်းလမ်းများကို ရေးသားပေးဖို့ ဈင်ဆရာကြီး စန်ကီကို ပြောပါတယ်။
စန်ကီက စာရွက်ကြီးကြီး တစ်ရွက်ယူပြီး ရေးလိုက်ပါတယ်။ စာက....
" အဖေ သေမယ်"
"သားသမီး သေမယ်"
" မြေးမြစ် သေမယ်" ဟူ၏။
လူချမ်းသာက စိတ်ဆိုးဒေါသထွက်စွာနဲ့ ပြောလိုက်ပါတယ်။
" မိသားစု ပျော်ရွှင် စိတ်ချမ်းသာဖို့အတွက် တစ်ခုခု ဆုတောင်းစာရေးပေးဖို့ ပြောပါတယ်ဆိုမှ ဘယ်နှယ် ဒီနောက်ပြောင်တဲ့ စာကို ရေးရတာလဲ?" လူချမ်းသာ ပြောလိုက်ပါတယ်။
" ဟာ နှောက်ပြောင်တာ မဟုတ်ပါဘူး" "မင်း မသေခင် မင်းရဲ့သားသမီးတွေ အရင်သေခဲ့မယ်ဆိုရင် မင်းနက်နက်ရှိုင်းရှိုင်း ၀မ်းနည်းရလိမ့်မယ်။ ထို့အတူပဲ မင်းရဲ့သားသမီးတွေ မသေခင် မင်းရဲ့ မြေးမြစ်တွေ သေသွားခဲ့မယ်ဆိုရင်လည်း မင်းနှင့် မင်းရဲ့သားသမီးတွေ ရင်ကွဲမတတ်ခံစားရလိမ့်မယ်။ မင်းရဲ့ မိသားစုဝင်တွေ မသေခင် မင်းရဲ့မျိုးဆက်သစ်တွေ အနာဂတ်မျိုးဆက်သစ်တွေ သေဆုံးသွားခဲ့မယ်ဆိုရင်လည်း မင်းမိသားစုတစ်ခုလုံး ၀မ်းနည်းကြေကွဲရလိမ့်မယ်။ ဒါဟာ ဘ၀ရဲ့ သဘာဝအကြောင်းတရား စစ်စစ်ပဲ၊ ငါကတော့ ဒါကို စစ်မှန်တဲ့ ကြွယ်ဝချမ်းသာမှုလို့ ဆိုချင်ပါတယ်" စန်ကီက ရှင်းပြလိုက်ပါတယ်။

၈၀။ စစ်မှန်တဲ့ အံ့ဖွယ်တန်ခိုး

ရိုမွန်ကျောင်းမှာ ဘန်ကီက တရားဟောတဲ့အခါ ဗုဒ္ဓရဲ့ မေတ္တာဓါတ်တရားကို အကြောင်းပြု ဟောပါတယ်။ ရှန်စုလူမျိုးစုများကို မေတ္တာဓါတ်တရားက ကယ်တင်ခြင်းတရားဖြစ်ပြီး ယုံကြည်လိုက်နာသင့်ကြောင်း ဟောကြားခြင်းလည်း ဖြစ်တယ်။ သို့ပေမယ့် တစ်ခြားပရိသတ်တော်တော်များများက မနာလိုမှုတွေ ဖြစ်ပြီး သူနဲ့ငြင်းခုံရန် ပြင်ဆင်ခဲ့ကြတယ်။
ဘန်ကီက ပရိသတ်အလယ်တွင် တရားဟောနေခြင်း ဖြစ်ပြီး
" ဒါဟာ ငါတို့ ကျင့်စဉ်ရဲ့ အခြေခံပါပဲ၊ တန်ခိုးပြာဋိဟာဆိုတာ တကယ်ရှိပါတယ်။ မြစ်ကမ်းဘေးတစ်နေရာမှာ လက်ထဲမှာ ပွတ်တိုက်စရာကို ဆုပ်ကိုင်ထားတဲ့ တစ်ခိုးပါဝါ ရှိသလိုမျိုးပါ။ လေထဲမှာ တစ်စုံတစ်ခုကို ရေးပြီး တန်ခိုးပြာဋိဟာဆိုတာကို လုပ်ပြနိုင်သလား"
"ဖြစ်နိုင်တာကတော့ ဥာဏ်နီဥာဏ်နက်တွေ ထုတ်ပြီး ပြုမှုခြင်းသာ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ဈင်ရဲ့အပြုအမူကောင်းဖြစ်တဲ့ တန်ခိုးပြာဋိဟာဆိုတာ ဆားတဲ့အခါ စားမယ် အာခေါင်ချောက်သွေ့တဲ့အခါ ရေသောက်မယ်" ဘန်ကီက ရှင်းပြလိုက်ပါတယ်။

၈၁။ အခုအိပ်ရာဝင်ဖို့ပဲ သွားပါ။

ဆရာမကွယ်လွန်ခင် သုံးရက်လုံးလုံး ဂါစန်က ဆရာဖြစ်သူ တေကိစိရဲ့ အိပ်ရာ အပြင်ဘက်မှာ ထိုင်နေခဲ့တယ်။
ဆရာဖြစ်သူ တေကိစိကတော့ သူ့နေရာဆက်ခံသူကို တစ်ချိန်လုံး စဉ်းစားပြီး အိပ်ရာထက်မှာ လျောင်းနေတယ်။ ကျောင်းက မီးလောင်သွားခဲ့ပြီး ဂါစန်က ကျောင်းကို ပြန်ဆောက်ရင်း အလုပ်များနေတယ်။
"မင်း ဒီကျောင်းကို ပြန်ဆောက်ပြီးတဲ့အခါ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ" ဆရာဖြစ်သူ တေကိစိက မေးလိုက်ပါတယ်။
" ဆရာ မကျန်းမမာတဲ့အခါ ဒီကျောင်းကိုထဲမှာ ဆရာ့အနားမှာပဲ စကားပြောပြီး နေချင်ပါတယ်" ဂါစန်က ပြန်ဖြေလိုက်ပါတယ်။
"ငါ ဒီကျောင်းမှာ နေရဦးမယ်လို့ မင်းထင်နေသလား" ဆရာဖြစ်သူက မေးလိုက်ပါတယ်။
"ကျနော်တို့ တစ်စုံတစ်ခုကို ရလိမ့်ဦးမယ်" ဂါစန်က ပြန်ဖြေလိုက်ပါတယ်။
"အဲဒီ တစ်စုံတစ်ခုကို မင်းရှာဖွနိုင်ဦးမယ်လို့ ထင်သလား" တေကိစိက ဆက်လက်ပြီး မေးလိုက်ပါတယ်။
"မိုက်မဲတဲ့ မေးခွန်းကို ဆက်မမေးပါနဲ့၊ အခု အိပ်ရာထက် သွားအိပ်လိုက်ပါ" ဂါစန်က ကျယ်လောက်စွာ ပြန်ဖြေလိုက်ပါတယ်။

ဆိတ်ငြိမ်ခြင်းကို လေ့လာခြင်း

၇၁။ ဆိတ်ငြိမ်ဖို့ရန် လေ့လာခြင်း
ဂျပန်နိုင်ငံကို ဈင်ဗုဒ္ဓဘာသာ မရောက်မီ တရားရှုမှတ်ခြင်းကို တန်ဒီကျောင်းတပည့်များက လေ့လာကျင့်သုံးလေ့ရှိတယ်။ အဲဒီထဲမှာ အရင်းအချာဖြစ်တဲ့ သူငယ်ချင်းလေးယောက်က ဆိတ်ငြိမ်စရာ နေ့ရက်များကို တစ်ပတ်လောက် ရှာဖွေဖို့ရန် တစ်ခြားတစ်ယောက်နှင့် ကတိ သစ္စာပြုခဲ့ကြတယ်။
ပထမဦးဆုံးနေ့မှာပဲ သူတို့အားလုံး ဆိတ်ဆိတ်ငြိမ်ငြိမ် နေခဲ့ကြတယ်။ တရားရှုမှတ်ခြင်းကို အားကြိုးမာန်တက် စတင်ခဲ့ကြပြီး ညဘက်ရောက်လာတဲ့အခါ မုန်ဝါးဝါး မီးအိမ်လေးတစ်ခုကို ထွန်းညှိဖို့ရန် ဝေယျာဝစ္စပြုလုပ်ပေးသူက မေ့နေတဲ့အတွက်ကြောင့် သူတို့လေးယောက်ထဲမှ တစ်ယောက်က ပြောလိုက်ပါတယ်။
“မီးအိမ်ကို ထွန်းလိုက်ပါ”
ဒုတိယတစ်ယောက်ကလည်း ပထမလူပြောတဲ့ စကားကို ကြားရတဲ့အခါ အံ့သြမင်သက်မိစွားနဲ့ ပြောလိုက်ပါတယ်။
“ကျနော်တို့ စကားတစ်ခွန်း တစ်လေမျှကိုတောင် မပြောမိကြဖို့ အဓိဋ္ဌာန်ပြုထားကြတယ်လေ” သူက သတိပေးပြောလိုက်တယ်။
“မင်းတော်တော် မိုက်မဲတာပဲ၊ ဘာကြောင့် စကား မပြောရတာလဲ? တတိယလူက မေးလိုက်ပါတယ်၊
“ဒီမှာ သူတစ်ယောက်တည်းသာ စကားပြောတာ မဟုတ်ပါဘူး” စတုတ္ထလူက မှတ်ချက်ပြု ပြောလိုက်ပါတယ်။

၇၂။ ဥာဏ်မရှိတဲ့ ရှင်ဘုရင်
“သဘာဝအားဖြင့်တော့ အရှင်ဘုရင်က ပညာရှိ တစ်ယောက်ပါ၊ ဈင်ကို ကျွမ်းကျင်နှံ့စပ်တဲ့ မွှေးရာပါ စွမ်းရည်တွေလည်း ရှိနေပြီ ထင်ပါ့” ဈင်ဆရာ နှစ်ယောက်ဖြစ်တဲ့ ဒင်ဂုနှင့် ဂုဒိုဟာ ဘုရင်ထံ အလည်အပတ်လာဖို့ ဖတ်ခေါ်ခံရပြီး ဘုရင်နဲ့ တွေ့တဲ့အခါ မေးလိုက်တဲ့ စကားဖြစ်ပါတယ်။
“ဘာမှ မဟုတ်သေးပါဘူး” အသိဥာဏ်မရှိတာကို ဘာအတွက်ကြောင့် မြောက်ပင့်ပြောဆိုရတာလဲ? သူဟာ ဘုရင် ဖြစ်ကောင်း ဖြစ်နိုင်မယ် ဒါပေမယ့် ဈင်ရဲ့ သဘောတရားအားလုံးကို မသိနိုင်လောက်ပါဘူး” ဒင်ဂုက ပြောလိုက်ပါတယ်။
ဒါကြောင့် ဘုရင်က ဂုဒိုအတွက် ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ပေးမယ့်အစား အဲဒီကျောင်းကို ဒင်ဂုကို ဆောက်လုပ်ပေးလိုက်ပြီး ဒင်ဂုနှင့်အတူ ဈင်ကို လေ့လာအားထုပ်နေပါတော့တယ်။

၇၃။ အမွေဆက်ခံသူ ဆယ်ယောက်
ဈင် တပည့်များက သူတို့ဆရာက သူတို့ကို ထားရစ်ခဲတယ်ဆိုရင်တောင်မှ ဈင်ကို လေ့လာအားထုတ်ဖို့ ရည်ရွယ် အဓိဋ္ဌာန် ပြုခဲ့ကြပြီး သူတို့က လက်ချောင်းတစ်ချောင်းစီကို ဖြတ်၊ သွေးစက်တွေနှင့် တိုင်တည် အဓိဋ္ဌာန်ပြု ခဲ့ကြတယ်။ သေသွားပြီးတဲ့ တပည့်တစ်ယောက်ကို အကြောင်းပြုပြီး အဓိဋ္ဌာန်တစ်ခုကို စွဲမြဲစွား ချမှတ်ခဲ့ကြတယ်။ အီကီဒိုရဲ့ လက်ချောင်းတစ်ချောင်းကို ဖြတ်ခဲ့ခြင်းက အာဇာနည်တစ်ယောက်လိုပဲ အဓိဋ္ဌာန်ပြုခဲ့ကြတယ်။ ထိုကြောင့် အီကီဒိုကုစည်းကမ်းတင်းကြပ်တဲ့ ဆရာတစ်ယောက်ဖြစ်လာခဲ့ပြီး တပည့်တွေက သူ့ကို ချစ်ကြောက်ရိုသေခဲ့ကြတယ်။ တပည့်တွေထဲမှ တစ်ယောက်ကတော့ နေ့စဉ်နေ့တိုင်း တာဝန်တွေကို ပြောပြနေရပြီး သူ့ရဲ့ လွဲမှားတဲ့ အပြုအမူများထဲမှ တစ်ခုက ကျောင်းတံခါးကို ဖြတ်လျှောက်လာတဲ့ မိန်းမပျိုလေးကို ငေးမောကြည့်တတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
ထိုတပည့်ရဲ့နောက်ကို အီကီဒိုဆိုက လိုက်သွားပြီး ဆိုဆုံးမရာမှာ သတ်ပုတ်ဖို့အထိ မှားယွင်းစွာ ဖြစ်ပေါ်ခဲ့တယ်။
ဒီမတော်တစ်ဆမှု အဖြစ်အပျက်ကို ကြားရတဲ့အခါ အုပ်ထိန်းသူက အီကီဒိုဆီကို တိုက်ရိုက်လာခဲ့ပြီး အီကီဒိုက အပြစ်မဟုတ်ဘူးဆိုတာကို သိတဲ့အတွက်ကြောင့် သူဟာ တင်းကြပ်သော ဈင်ဆရာစည်းမျဉ်း စည်းကမ်းအတွက် ဈင်ဆရာက သူ့ကို ချီးကျူးခဲ့တယ်။ အီကီဒိုရဲ့ သဘောထားကတော့ တပည့်တွေရဲ့ သဘောထားနဲ့ ထပ်တူထပ်မျှ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။