Saturday, September 18, 2010

ရေစက် တစ်ပေါက်

၉၆။ ရေစက် တစ်ပေါက်

ဂိစန်လို့ခေါ်တဲ့ ဈင်ဆရာတစ်ယောက်က ရေအေးအေးလေး ချိုးဖို့ရန် လက်ဆွဲပုံးနဲ့ ရေခတ်လာဖို့ ကျောင်းသားငယ်တစ်ယောက်ကို ခိုင်းလိုက်တယ်။ ကျောင်းသားက ရေခတ်လာတယ်။ ပြီးတော့ ရေချိုးပြီးတဲ့နောက်မှာ ဘယ်ဘက်လက်နဲ့ ရေကို မြေကြီးပေါ် သွန်ချလိုက်တယ်။
“ မင်း ဥာဏ်တော်တော်ထိုင်းတာပဲ”
ကျောင်းသားငယ်ကို ဆရာက ဆဲလိုက်ပါတယ်။ “ အပင်တွေအပေါ်ကို ဘာဖြစ်လို့ မလောင်းတာလဲ” ဒီကျောင်းမှာ ရေစက်ရေပေါက်တွေကို ဘာလို့ ဖြုန်းတီးရတာလဲ၊?
ကျောင်းသားငယ်ဟာ ချက်ခြင်း ဈင်ကျောင်းပေါ်သို့ ပြေးတက်သွားပါတယ်။ အဲဒီနောက် ရေရဲ့အစက်လို့ အဓိပ္ပာယ်ရတဲ့ နေကိဆုဆိုတဲ့နာမည်ကို ပြောင်းလဲ သွားပါတော့တယ်

၉၇။ စစ်မှန်သော သင်ကြားမှု

တခါက ဂျပန်ပြည်မှာ ၀ါးပင် ၀ါးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ မီးတောက်ခွက်ကို အိမ်တွင်းဘက်မှာ ဖယောင်းတိုင်လိုပဲ အသုံးပြုကြတယ်။ ညတစ်ညမှာ သူ့သူငယ်ချင်းတစ်ယောက်ဆီကို အလည်လာတဲ့ ဥာဏ်နုံတဲ့သူတစ်ယောက်က အိမ်ကိုရောက်လာပြီး လက်ဆွဲမီးအိမ်တစ်ခုကို ပေးခဲ့တယ်။

“ မီအိမ်ဆိုတာ ငါမသိဘူး၊ အမှောင်ပဲဖြစ်ဖြစ် အလင်းပဲဖြစ်ဖြစ် ငါ့အတွက်တော့ အတူတူပဲ” လို့ ပြောပါတယ်။
“မင်းဒီမီးအိမ်ကို ဘယ်က ရလာတယ်ဆိုတာ ငါမသိဘူး။ ဒါပေမယ့် ဒီမီးအိမ်က မင်းဆီမှာ မရှိဘူးဆိုရင် တစ်စုံတစ်ယောက်ကလည်း မင်းနောက်ကို လိုက်နေမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမီးအိမ်ကို မင်းယူသွားရမယ်။ “
ဥာဏ်နှုံတဲ့လူဟာ မီးအိမ်ကြီးဆွဲပြီး ထွက်ခွာသွားခဲ့တယ်။ ပြီးတော့ သိပ်ဝေးဝေး မသွားရသေးမီမှာပဲ လူစိမ်းတစ်ယောက်က သူ့နောက်ကို ပြေးလိုက်လာတယ်။
“ကြည့်ပါ မင်းဘယ်ကို သွားမလဲ!” လူစိမ်းက အံ့အားသင့်စွာ မေးလိုက်ပါတယ်။
“ မင်းဒီမီးအိမ်ကို မမြင်ဘူးလား”
“အစ်ကိုရေ မင်းရဲ့ မီးက လောင်ကျွမ်းနေတယ်။” လို့ လူစိမ်းက ဖြေလိုက်ပါတယ်။

သက်ရှိဘုရား

၈၄။ စစ်မှန်သော သူငယ်ချင်း

၈၅။ သေဆုံးချိန်

၈၇။တပည့်သုံးမျိုး

၈၆။ သက်ရှိဘုရားနှင့် စည်ပိုင်းလုပ်သူ

ဈင်ဆရာကြီးတို့သည် အခန်းတစ်ခုတည်းမှာ ပုဂ္ဂိုလ်ရေး လမ်းညွန်မှုများအတွက် ကောင်းနိုးရာရာကို တိုင်ပင်ဆွေးနွေး ကြတယ်။ ဆရာနှင့် တပည့်များ စည်းဝေးနေချိန်ဖြစ်၍ ဘယ်သူမှ အခန်းထဲ ၀င်မလာကြပါ။
တိုကျိုမြို့ ကန်နှင်းကျောင်းဆရာဖြစ်တဲ့ မိုကိုရီက သူ့တပည့်တွေနဲ့သာမက ကုန်သည်ရေးသမားများ သတင်းစာဆရာများနဲ့ပါ တွေ့ဆုံဆွေးနွေးလေ့ ရှိသူ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ စာပေးလုံးဝ မဖတ်တတ်တဲ့ စည်ပိုင်းလုပ်သူ အလုပ်သမားက မိုကိုရီဆီကို ရောက်လာပြီး အူကြောင်ကြောင် မေးခွန်းတစ်ခုကို မေးကာ ပြန်ထွက်သွားပါတယ်။
တစ်ခြားတစ်နေ့မှာတော့ တပည့်တွေနဲ့ စာပေဆွေးနွေးနေတဲ့ မိုကိုရီဆီသို့ ထိုသူက ရောက်လာပြန်ပါတယ်။ တစ်ခြားအခန်းမှာ စောင့်နေဖို့ စည်ပိုင်းအလုပ်သမားကို ပြောလိုက်တယ်။ ထိုအခါ တပည့်တွေက ဆရာကြီး ကို ပြောလိုက်တာက..
"ဆရာဟာ သက်ရှိဘုရားတစ်ဆူလိုပဲ ဆိုတာ သိပါတယ်။" "ကျောင်းထဲမှာ ရှိတဲ့ ကျောင်းဆင်းတုတွေတောင်မှ ဒီလို ဘာမှ မသိတဲ့သူတစ်ယောက်နဲ့ အဖက်လုပ်ပြီး ငြင်းခုံနေမှာ မဟုတ်ဘူး။ ဘာကြောင့် ဆရာ ဒီလိုလူကို အရေးလုပ်ပြီး ဆက်ဆံနေရတာလဲ?" တပည့်တွေက ပြောလိုက်ပါတယ်။

တပည့်တွေရဲ့ စကားမဆုံးမီမှာပဲ မိုကိုရီက စည်ပိုင်းအလုပ်သမားနဲ့ တွေ့ဖို့ ထွက်ခွာသွားပါတော့တယ်။

၈၈။ တရုတ်လူမျိုး ကဗျာကို ဘယ်လို ရေးမလဲ

ကဗျာကို ကောင်းကောင်းရေးတတ်တဲ့ ဂျပန်လူမျိုးကဗျာဆရာ တစ်ယောက်က တရုတ်ကဗျာတွေကို ဘယ်လို ရေးသားပါသလဲ ဆိုတာကို ပြောခဲ့ပါတယ်။

"ပုံမှန် တရုတ်လူမျိုးကဗျာတွေကတော့ စာကြောင်းလေးနဲ့ပါ။" သူက ရှင်းပြပါတယ်။
"မထမစာကြောင်းက ဆိုလိုရင်း ကနဦးစာစုတွေ ပါဝင်ရမယ်။ ဒုတိယစာကြောင်းက ဆင့်ကဲဖြစ်စဉ်ကို ရေးသားရပြီး တတိယစာကြောင်းကတော့ ရည်ရွယ်တဲ့ ဘာသာရပ်အကြောင်းအရာနဲ့ အသစ်အကြောင်းအရာကို ရေးသားရမှာ ဖြစ်ပြီး စတုတ္ထစာကြောင်းကတော့ ပထမနှင့် တတိယ စာကြောင်းက ရေးသားခဲ့တဲ့ အကြောင်းအရာကို ပြန်လည် ဆွေးနွေး ရေးသားရမှာ ဖြစ်တယ်။ ထင်ရှားတဲ့ ဂျပန်သီချင်းကဗျာ ပုံစံကတော့ ဒီအတိုင်းပါ.....

Two daughters of a silk merchant live in Kyoto,
The elder is twenty,the younger, eighteen.
A soldier may kill with his sword,
But these girls slay men with their eyes."......

ပိုးထည်ကုန်သည်ရဲ့ သမီးနှစ်ယောက် တိုကျိုမြို့မှာ နေတယ်
အကြီးက နှစ်ဆယ် အငယ်က ဆယ်ရှစ်နှစ်
စစ်သားတစ်ယောက် သူ့ရဲ့ဓားနှင့် လူတွေကို သတ်နိုင်ပေမယ့်
ဒီမိန်းကလေးတွေကတော့ သူ့ရဲ့မျက်ရည်များနှင့် လူတွေကို သတ်နိုင်တယ်။"

၈၉။ ဈင် စကား

၉၀။ နောက်ဆုံး သီကျူး ပြောဆိုခြင်း

တန်ဂန်မှာ ကလေးဘ၀ကတည်းက စန်ဂယ်နှင့်အတူ စာပေကို လေ့လာသင်ယူခဲ့တယ်။ သူအသက်နှစ်ဆယ်ရှိတဲ့အခါ သူဆရာနဲ့အတွ ထွက်ခွာသွားခဲ့ပြီး နှိုင်းယှဉ်လေ့လာနိုင်ဖို့အတွက် တစ်ခြားနေရာတွေကို အလည်အပတ်သွားခဲ့တယ်။ ဒါပေမယ့် စန်ဂီကတော့ ဒီအခွင့်အရေးကို ခွင့်ပြုချက် မရခဲ့ဘူး။ အချိန်တိုင်းမှာ တန်ဂန်က ခေါင်းထဲမှာ စန်ဂယ် နောက်ဆုံး ပြောခဲ့တဲ့စကားကိုပဲ စဉ်းစားနေခဲ့တယ်။

နောက်ဆုံးမှာ စန်ဂယ်ဆီမှ ခွင့်ပြုချက်ကို အစ်ကို ဖြစ်သူကို တောင်းပေးဖို့ ချော့မော့ ပြောခဲ့တယ်။ အစ်ကို ဖြစ်သူကလည်း တန်ဂန်ဆီကို အကြောင်းကြားခဲ့တယ်။
" အဲဒါကို စီစဉ်လို့ ပြီးပါပြီ။ ဘုရားဖူးခရီးစဉ်ကို စတင်သွားဖို့အတွက် တစ်ခါတည်း စီစဉ်လို့ ပြီးပါပြီ။"
တန်ဂန်က စန်ဂယ်ရဲ့ သဘောတူညီချက်ရလိမ့်မယ်လို့ အထင်နဲ့ စန်ဂယ်ဆီ သွားခဲ့တယ်။ စန်ဂယ်ရဲ့ ဆရာနဲ့သာ တွေ့ပြီး ဆရာကနေတစ်ဆင့် စန်ဂယ် နောက်ဆုံးမှာတမ်းကိုပဲ ကြားသိခဲ့ရတယ်။
"ဘယ်လို ဖြစ်တာလဲ" "စန်ဂယ်က အလုပ်များနေတာ မဟုတ်လောက်ဘူး" " သူ့စိတ် ပြောင်းလဲတာပဲ ဖြစ်မယ်" "ငါ သူ့ကို သွားပြောဦးမယ်" တန်ဂန်ရဲ့အကြောင်းကို သိကြသော သူငယ်ချင်းများက နှစ်သိမ့်ကြတယ်။ စန်ဂယ်ရဲ့ဆရာကို တွေ့ဖို့ သွားခဲ့ကြတယ်။
စန်ဂယ်နဲ့တွေ့တဲ့အခါ စန်ဂယ်က ပြောလိုက်ပါတယ်။
"သူ့ကို တွေ့ဖို့ မငြင်းပယ်ခဲ့ရပါဘူး" "ငါ့ရဲ့ ခေါင်းထဲမှာ သူနောက်ဆုံး ပြောခဲ့တဲ့ စကားတွေပဲ အမြဲတွေးနေ ပါတယ်။ သူပြန်လာတဲ့အခါ အသိဥာဏ်ရင့်ကျက်သူ ဖြစ်လိမ့်မယ်။ သူ့ကို နောက်ထပ် အပြစ်တွေကို ပြောလိမ့်မယ် မဟုတ်ပါဘူး" စန်ဂယ်က ပြောလိုက်ပါတယ်။

မတည်မြဲသော အရာ

၈၂။ ဘယ်အရာမှ မတည်ရှိခြင်း

ဈင်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ယာမိုက တေဆုက ဈင်ဆရာချင်းဆီကို အလည်သွားခဲ့ပါတယ်။ ဈင်ဆရာ ဒိုကန်ဆီကို ရောက်လာတဲ့အခါမှာတော့ ယမိုကတေဆု ဆိုတဲ့သူက သူ့ရဲ့အောင်မြင်မှုကို ကြွားဝါလိုတဲ့အတွက်ကြောင့် အောက်ပါအတိုင်း ပြောလိုက်ပါတယ်။
" ဗုဒ္ဓ နှင့် သတ္တ၀ါအားလုံးတို့ရဲ့ စိတ်သန္တာန်တွေဟာ အရာအားလုံး ပြီးဆုံးခြင်းနောက်ကွယ်မှာ ဘာဆို ဘာမှ မတည်မြဲတော့ဘူး။ စိတ်ရဲ့ စစ်မှန်တဲ့သဘာဝကို ပြောရရင် ဘာမှ မရှိခြင်းဆိုတဲ့ သုညတပဲ ဖြစ်ပါလိမ့်မယ်။ စစ်မှန်တဲ့ ဥာဏ်ပညာဆိုတာလည်း မရှိ၊ ယုံမှားဖွယ် မောဟဆိုတာလည်း မရှိ၊ ပညာရှိသူတော်ကောင်းဆိုတာလည်း မရှိ၊ သာမန်လူတန်းစားဆိုတာလည်း မရှိ၊ ပေးဆပ်ခြင်း လက်ခံရယူခြင်းဆိုတာတွေလည်း မရှိ၊ ဘာဆို ဘာမှ မရှိ၊" ဟူ၏။
ချက်ချင်းဆိုသလိုပဲ ဒိုဂန်ဟာ ကြိမ်လုံးနှင့် ယာမိုကကို ခပ်ပြင်းပြင်းလေး ရိုက်လိုက်တယ်။ လူငယ် ယာမိုက ကတော့ ဘလိုင်းအရိုက်ခံရလို့ စိတ်ဆိုးဒေါသ ထွက်ပြီး ရူးရူးရှဲရှဲ ဖြစ်သွားပါတယ်။ ထိုအခါ ဒိုဂန်က ပြောလိုက်ပါတယ်။
" ဘယ်အရာမှ မတည်ရှိဘူးဆိုရင်" "ဒီဒေါသတွေ ဘယ်ကနေ ဘယ်လို ရောက်လာရတာလဲ?" ဟူ၏။

EMPTINESS သုညတ အယူအဆများ

ကင်းဆိတ်ခြင်း သုညတ အယူအဆက အရေးကြီးတဲ့ ဒဿနတစ်ခုလို့ ပြောနိုင်ပါတယ်။ သုညတဆိုတာက သက္ကတဘာသာ စကားလုံး ဖြစ်ပြီး ကင်းဆိတ်ခြင်း ဘာမှမရှိခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ အတ္တ ၀ိညာဉ်တွေ မရှိခြင်းလို့လည်း ဆိုကြပါတယ်။ ထို့အပြင် ဗုဒ္ဓရဲ့ အနတ္တတရားနှင့် တူညီတယ်လို့လည်း ဆိုနိုင်ပါတယ်။ ထူးခြင်းမှုတစ်ခုကတော့ အတ္တ၀ိညာဉ်တွေ တည်ရှိတယ်ဆိုတဲ့ အယူအဆကို ပယ်ရှားခြင်းပါ။
မှတ်မိကြဦးမယ် ထင်ပါတယ်။ လူတွေ ပြောလေ့ရှိတာက ၀ိညာဉ်လွင့်မတတ် ခံစားရတယ်။ ၀ိညာဉ်တွေရဲ့လောက စသဖြင့် ပြောကြတာတွေပါ။ ဒါကြောင့် ၀ိညာဉ်တည်ရှိခြင်းဆိုတဲ့ အရာက လူတွေရဲ့နှလုံးသားထဲမှာ အမြစ်တွယ်နေတဲ့ အရာတစ်ခုလို့ ဆိုနိုင်တယ်။ တစ်ချို့ကတော့ ၀ိညာဉ်အယူအဆက ဗြဟ္မဏ၀ါဒမှ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မဏ၀ါဒမှာတော့ အတ္တ၀ိညာဉ်အယူအဆက.........ဗြဟ္မဏအတ္တ-စကြာဝဠာဝိညာဉ်နှင့် ဇီဝအတ္တ- ပုဂ္ဂလ၀ိညာဉ် ဆိုပြီး နှစ်မျိုးနှစ်စား ရှိတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓအလိုအရတော့ ဗြဟ္မဏ၀ါဒီတွေ ယုံကြည်သလို မဟုတ်ဘဲ အနတ္တသဘောအရ ခန္ဓာငါးပါးသာ ရှိတယ်။ ရူပက္ခန္ဓာ ဝေဒနက္ခာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ နှင့် ၀ိညာဏခန္ဓာဆိုတဲ့ ခန္ဓာငါးပါးသာ တည်ရှိတဲ့အတွက်ကြောင့် လူ့သဏ္ဍာန်ရဲ့ အပြင်ဘက်မှာရော အတွင်းဘက်မှာပါ အတ္တ၀ိညာဉ်ဆိုတာ ဘယ်နေမှာမှ ခွဲခြမ်းစိတ်ဖြာပြီး ရှာဖွေလို့ မတွေ့နိုင်ဘူးလို့ ဆိုပါတယ်။
မဟာယာနကျမ်းစားများကို ရေးသားပြုစုသူ အရှင်နာဂဇုနကတော့ သုညတ-ကင်းဆိတ်ခြင်းဆိုတာ အတ္တ၀ိညာဉ် မရှိတဲ့အရာ ဖြစ်တယ်။ ရိုးရှင်းတဲ့ အယူအဆတစ်ခုသာ ဖြစ်ပြီး အဲဒီအပေါ်မှာ တည်မှီတာ ဖြစ်ပြီး အဲဒီအပေါ်မှာပဲ သုညတ သီအိုရီကို တွေးဆနိုင်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး သင်္ခါတလောက အသင်္ခတလောကတွေမှာလည်း အတ္တ၀ိညာဉ်ဆိုတာ မရှိ၊ အတ္တ၀ိညာဉ်အနေနဲ့ ဖော်ပြထားတဲ့ နေရာဒေသဆိုတာလည်း မရှိ၊ ဘယ်နေရာမှာမှ ရှာမတွေ့နိုင်၊ ဟူ၍ ဆိုပါတယ်။ ထို့အပြင် အရားအားလုံးက အမြဲတည်မြဲမှုမရှိ သုညတ တစ်ခုမျှသာ ဖြစ်တယ်တဲ့။
သုညတအယူအဆနဲ့ပတ်သက်ပြီး ဓမ္မပဒဂါထာတွေမှာတော့ "သဗ္ဗေဓမ္မာ အနတ္တာ= အားလုံးသော တရားတွေဟာ အနတ္တတရားတွေသာ ဖြစ်တယ်"တဲ့ ဒီနေရာမှာ ဓမ္မ-တရားဆိုတဲ့အထဲမှာ သင်္ခတရော အသင်္ခတပါ အကျုံးဝင်ပြီး ဖြစ်တယ်လို့ ဆိုတယ်။ ဒါကြောင့် အတ္တ၀ိညာဉ်ဆိုတာ သင်္ခတလောကမှာသာမက အသင်္ခတလောကပါ မရှိဘူးလို့ ဆိုရမှာပါ။
ပဋိစ္စသမုပ္ပါဒ်မှာတော့ အရာအားလုံးက ပြုပြင်စီရင်အပ်တဲ့ သင်္ခါရတရား ဖြစ်တယ်။ အကြောင်း အကျိုး ဆက်စပ်နေတယ်။ သုညတဆိုတာလည်း လွတ်လပ်တဲ့ တည်ရှိမှု အကာသတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
Heart Suttra- ဟဒယသုတ်မှာတော့ ရူပ ဝေဒနာ သညာ သင်္ခါရ နှင့် စိတ်ဝိညာဉ်တရားတို့ဟာ သတ္တ၀ါတွေရဲ့ သဏ္ဍာန်မှာ သုညတသီအိုရီကဲ့သို့ပဲ တည်မြဲမှုမရှိ ကင်းဆိတ်ကာ နေတယ်လို့ ဗောဓိသတ္တ အဝေလောကိသေ၀ရက ရေးသားထားပါတယ်။
သုည သီအိုရီနဲ့ ပတ်သက်ပြီး ဂရိတွေးခေါ်ရှင်များကတော့ သုညဆိုတာ အကြေားအလပ် ဟင်းလင်းပြင် ဖြစ်နေခြင်း ဘာမှ မရှိခြင်း အရားအားလုံးကို လက်ခံနိုင်တဲ့ လွတ်နေတဲ့ ဗလာတစ်ခုလို့ ဖွင့်ဆိုထားပါတယ်။ တစ်ခုနှင့်တစ်ခုအကြား ဟာလာဟင်းလင်း ဖြစ်နေရမယ်။ ကြားခံဆိုတာ မရှိ၊ ဗလာ နတ္ထိ အကာသလိုပဲ ဟင်းလင်း ဟာလာ ဖြစ်နေရမယ်။ ဒါကြောင့် သုည ဖြစ်တယ်လို့ ဆိုပါတယ်။ ( အကျယ်ကို ဂရိနတ်ဘုရားနှင့် သင်္ချာတော့ပစ်တို့မှာ ရှုကြပါကုန်)
ဗုဒ္ဓစာပေကျမ်းဂန်တွေမှာ နိဗ္ဗာန်အမျိုးမျိုးကို ရှိသည့်အနက် သုညတနိဗ္ဗာန်ဆိုတာ ရှိပါတယ်။ လောဘ ဒေါသ မောဟ ကိလေသာ တရား အာလုံး ကင်းဆိတ်ခြင်း၊ ကိလေသာ တရား အားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွားပြီး အရာအားလုံး ကင်းဆိတ်နေခြင်း ဖြစ်တဲ့အတွက်ကြောင့် သုညတ နိဗ္ဗာန်လို့ ဆိုထားပါတယ်။
အချုပ်အားဖြင့်တော့ သုညတ-ကင်းဆိတ်ခြင်းဆိုတာ (သဗ္ဗံ သုညံ- အားလုံးသည် ကင်းဆိတ်ခြင်း) အားလုံးသောအရာသည် တည်မြဲမှု မရှိ၊ ချုပ်ငြိမ်းပျောက်ကွယ်သွားခြင်းသာ ဖြစ်တယ်။ အတ္တ၀ိညာဉ်ဆိုတာ မရှိ၊ ပွင့်လင်း လွတ်လပ်မှုသာ ရှိသည်။ ဘ၀ အဘ၀- သဿတဒိဋ္ဌိ ဥစ္ဆေဒ ဒိဋ္ဌိတွေမှာတောင်မှ အတွင်းဘက်မှာရော အပြင်ဘက်မှာပါ အတ္တ၀ိညာဉ်ဆိုတာ မရှိ၊ သင်္ခတလောက အသင်္ခတလောကတွေမှာလည်း အတ္တ၀ိညာဉ်ကောင်ကို ရှာဖွေလို့ မရနိုင်၊ သုညသည် သုညသာ ဖြစ်တယ်။ ကင်းဆိတ်ခြင်းမျှသာ ဖြစ်တယ်။

(Lecture by university of kelaniya မှ မှီငြမ်းပြု တင်ပြသည်။)