Monday, September 20, 2010

သေအံ့မူးမူး လူအတွက် စာတစ်စောင်

၉၅။ သေအံ့မူးမူး လူတစ်ယောက်အတွက် စာတစ်စောင်

ဈင်ဆရာကြီး ဘစိက နားမကျန်းဖြစ်နေတဲ့ သူ့တပည့်ထံသို့ အောက်ပါအတိုင်း စာတစ်စောင် ရေးခဲ့တယ်။
“ စိတ်ရဲ့ အနှစ်သာရ တရားက မွေးဖွားခြင်း မဟုတ်ဘူး၊ ဘယ်အခါမှလည်း သေဆုံးခြင်းလည်း မဟုတ်ဘူး၊ ပျက်စီးရာ ဖြစ်တဲ့ ဖြစ်တည်ခြင်းလည်း မဟုတ်ဘူး၊ ဟင်းလင်းပြင်ဖြစ်တဲ့ ကင်းဆိတ်ခြင်း သုည သဘောလည်း မဟုတ်၊ ပုံသဏ္ဍာန်တွေ အရောင်အဆင်းတွေလည်း မဟုတ်ပါ၊ ကျေနပ်ပျော်ရွှင်စရာ သုခတရားနှင့် နာကျင်ခံစားရတဲ့ ဒုက္ခတရားလို့လည်း မမှတ်လင့်၊
သင် အတော် နာမကျန်း ဖြစ်နေတာကို ဆရာ သိတယ်။၊ ဈင်ကျောင်းသား တစ်ယောက်ပီပီ နာမကျန်းဖြစ်ခြင်းဆိုတဲ့ အရာကို လက်တွေ့ ကျကျ ရင်ဆိုင်ပါ၊ ဆင်းရဲခြင်း ဒုက္ခတရားကို တိတိကျကျ မသိနိုင်သေးပေမယ့် မေးခွန်းထုတ် ဖြေရှင်းရမယ့် အရာတစ်ခုလည်း မဟုတ်ပါ၊
စိတ်ရဲ့ အနှစ်သာရက ဘယ်အရာလဲဆိုတာ တွေးပါ၊ လိုအပ်ရင် ပိုမိုပြီးတော့ တွေးတော ဆင်ခြင်ပါ၊ ဘယ်အရာကိုမှ မတမ်းတ မမက်မောပါနဲ့၊ အဆုံးမရှိတဲ့ သင့်ရဲ့ နိဂုံးအချိန်က ဖြူစင်လန်းဆန်းတဲ့ လေးထုထဲမှာ ဆီးနှင်းပွင့်များ မြူးထူးနေခြင်းကဲ့သို့ ဖြစ်တယ်ဆိုတာ သတိပြုပါ။”


သေခြင်းတရားကို နားလည်ခြင်း

သက်တမ်းတိုတောင်းခြင်းက သေခြင်းဆိုတာကို အမှတ်ရ နားလည်စေနိုင်တာပါပဲ။ မွေးဖွားကာစတွေ ဒါမှမဟုတ် ငယ်ရွယ်သူတွေလည်း သေနိုင်တာပါပဲ။ အသက်ငါးဆယ် နေထိုင်နိုင်ဖို့ဆိုတာ ရှည်ကြာလွန်းလှပါပြီ။ ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်အရွယ်ဆိုတာ တော်တော်နည်းပါးကုန်ပါပြီ။ ကိုးဆယ် ဒါမှမဟုတ် တစ်ရာဆိုတာကတော့ ရှာမှရှားပါပဲ။ အရွယ်ရဲ့ခွန်းအား ကုန်ဆုံးလာမှုက သေခြင်းဆိုတာကို သိသာစေတာပါပဲ။ အသက်ရှင်ဖို့ဆိုတာ ရေနှင့်အစားအစာကို လိုအပ်ပြီး ရှူရှိုက်ရတဲ့လေအပေါ်မှာ တည်မှီနေတာပါပဲ။
ဒီခန္ဒာကိုယ်က တစ်ပါးသူခန္ဒာကိုယ်များနှင့် တူညီတယ်ဆိုတဲ့အသိ တစ်ခုက သေခြင်းတရားကို နားလည်စေတာပါပဲ။ ဒါက တစ်ခြားသူများ နေထိုင်ရာ အိမ်တစ်ခုပါ။
သေခြင်းတရားရဲ့ သင်္ကေတမဲ့ခြင်းကို နားလည်ပါ။ သေခြင်းဆိုတာ မနက်လာမလား နေလည်လာမလား ညနေလာမလား အချိန်ညွန်ပြချက် သင်္ကတရှိတဲ့အရာ မဟုတ်ပါ။ အိမ်မှာသေမှာလား အိမ်ရဲ့အဝေးမှာသေမှာလား ဝေဟင်မှာသေမှာလား မြေပြင်မှာသေမှာလား ရေထဲမှာသေမှာလား ဘယ်နေရာမှာသေမလဲ ဆိုတဲ့ ပြောပြချက်သင်္ကေတ ရှိတဲ့အရာ မဟုတ်ပါဘူး။ ရန်သူလက်ချက်ကြောင့် သေမှာလား မတော်တစ်ဆ ထိခိုက်လို့သေမှာလား ဖျားနာလို့ သေမှာလား ဆိုတဲ့ သေရမည့်ပုံစံကိုလည်း မသိနိုင်ပါဘူး။
ကျန်းမာကြံခိုင်ခြင်းရဲ့ အဆုံးဟာ ဖျားနာခြင်း, သန်မာထွားကြိုင်းခြင်းရဲ့အဆုံးဟာ ဆုတ်ယုတ်အားနည်းခြင်း, အားလုံးသော အောင်မြင်မှုရဲ့ နိဂုံးဟာ ကျရှုံးခြင်းတဲ့ အဲဒါတွေကို သိနေမယ်ဆိုရင်လည်း သေခြင်းကို နားလည်နိုင်တာပါပဲ။
သေခြင်းတရားက အားလုံးဆီကို လာနေတယ်ဆိုတာကို သိပါ။ ထင်ရှားကျော်ကြားတဲ့ အုပ်ချုပ်ရေး အရာရှိကြီးတွေ၊ အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ သာမန်လူတွေ၊ တော်ဝင်မိသားစုဆိုတဲ့ အိမ်ဦးနတ်တွေ ပြီးတော့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်းတောင်မှ သေရတာပါပဲ။ ဒါကြောင့် သေခြင်းတရားမှလွတ်မြောက်မှုဆိုတာ ဘယ်လိုမျှော်လင့်လို့ရနိုင်မလဲ။ တစ်ချိန်တည်းတစ်နေရာတည်းမှာ လည်ပတ်နေတဲ့ လှည်းဘီးလိုပဲ ဘ၀ဆိုတာ အချိန်တိုတိုအတွင်းမှာ သေဆုံးသွားတယ်ဆိုတာ နားလည်ရမှာပါပဲ။
အချိန်တိုင်း အချိန်တိုင်းမှာ သေခြင်းတရားက ဦးတည်လာနေပါတယ်။ သေးသေးငယ်ငယ် ဖြစ်ရတဲ့ ဘ၀အသီးသီးတွေဟာ သေဆုံးခြင်းဦးတည်နေတဲ့အတိုင်းပါပဲ။ အဆုံးမှာ သေသွားရတာချည်းပဲပေါ့။
အသက်ရှင်သန်မှုဆိုတာ ဒီကမ္ဘာမှာ ခန့်မှန်းလို့ရတဲ့ အရာမဟုတ်သလို သေချာတဲ့အရာလဲမဟုတ်ပါဘူး။ ခက်ခဲတိုတောင်းလွန်းပြီး ဒုက္ခတရားတွေနှင့် ၀ရုန်းသုန်းကားနိုင်လွန်းလှပါတယ်။ မွေးဖွားမှုရှိတဲ့သူဟာ သေဆုံးမှုဆိုတာ ရှိနေတာပါပဲ။ ဒါဟာ သဘာဝတရားတစ်ခုပါ။ အိုမင်းရင့်ရော်ခြင်းဆိုတာ သေခြင်းကို နီးကပ်လာတဲ့အရာတစ်ခုပေါ့။ စားကျက်ကွင်းသို့ တုတ်ချောင်းကလေးနှင့် မောင်းသွားရတဲ့ နွားအုပ်လိုပဲ သေခြင်းတရားဆီသို့ အိုမင်းရင့်ရော်ခြင်းဆိုတဲ့အရာကလေးနှင့် အသက်ရှင်သတ္တ၀ါအားလုံးတို့ကို မောင်းသွားနေတာပါပဲ။
အသီးတွေ မှည့်လာတဲ့အခါ အဲဒီအသီးဟာ မနက်အစောပိုင်းမှာ ကြွေကျနိုင်ပါတယ်။ ဒီနည်းအတိုင်းပဲ မွေးဖွားလာတဲ့ သူတွေဟာလည်း အချိန်တိုင်းမှာ သေသွားနိုင်တာပါပဲ။ အိုးဖုတ်သူတွေပြုလုပ်ထားတဲ့ အိုးအားလုံးဟာ အဆုံးမှာ ပျက်စီးသွားရသလို မွေးဖွားသူအားလုံးရဲ့ ဘ၀ဟာလည်း အဆုံးမှာ ပျက်စီးသွားရတာချည်းပါပဲ။

Ken visakha မှတ်စုမှတ်ရာများမှ ဆီလျော်သလို ဘာသာပြန်သည်။


၉၈။ဲ့ သံယောဇဉ်တရား ငြိကပ်မှု မရှိခြင်း

အသက် ကိုးဆယ့် နှစ်နှစ် ရှိပြီ ဖြစ်တဲ့ အိဟိကျောင်းဆရာတော် ကိတာနို ဂန်ဘိုက ၁၉၃၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တယ်။ သူဟာ သူ့ဘ၀တစ်ခုလုံးမှာ ဘယ်အရာမှ သံယောဇဉ်မထားဘဲ နေထိုင်ခဲ့တယ်။ သူအသက် ၂၀ အရွယ်မှာ တိုဘာဂိုမြို့ကို ဆေးလိပ်ရောင်းသွားတဲ့ ခရီးသွားတစ်ယောက်နှင့် တွေ့ခဲ့တယ်။ တောင်ကြားလမ်းမှာ အတူတူလျှောက်လာပြီး သစ်ပင်အောက် တစ်နေရာမှာ အတူတူ နားနေခဲ့တယ်။
ခရီးသည်က ဆေးလိပ်တစ်လိပ်ကို ကိတာနိုကို ပေးတာကို လက်ခံလိုက်တယ်၊
“ ဆေးလိပ်က လူကို ဘယ်လို ကျေနပ်ပျော်ရွှင် စေနိုင်မလဲ? ဒီလို ပျော်ရွှင်စေသော အရာများက တရားရှုမှတ်ခြင်းကို အနှောက်အယှက် ပေးနိုင်တယ်။” သူက စဉ်းစားလိုက်ပြီး ဆေးလိပ်ကို စွန်ပစ်လိုက်တယ်။ သူ့ဆရာဆီကို စာတစ်စောင် ရေးလိုက်ပြီး ခရီးသည်ကို လူကြုံပါးလိုက်တယ်။
ဆောင်းရာသီတစ်ခုလုံး ကုန်ဆုံးခဲ့ပြီး အ၀တ်အထည်များက သူ့ဆီသို့ ရောက်မလာခဲ့ပါ။ ဒါကြောင့် ကိတာနိုက သူ့ရဲ့စာ သူ့ဆရာဆီ ရောက်သား မရောက်သလားဆိုတာ သိရှိနိုင်ဖို့ ဂမ္ဘီရ အမြင်ရတဲ့ အံကုန်းဘိုးဘိုးဆီ သွားခဲ့တယ်။ အံကုန်းဘိုးဘိုးထံမှာ ဂမ္ဘီရ ပညာများကို လေ့လာ သင်ကြားခဲ့ပြီး ထိုပညာရဲ့ ကျော်ကြား ထင်ရှားမှုက တရားရှုမှတ်ခြင်းကို ထိခိုက်နိုင်တယ်လို့ ဆင်ခြင်မိပြီး ထိုအံဖွယ်ပညာကိုလည်း ဘယ်အခါမှ ထုတ်မသုံးခဲ့ပါ။
သူ့အသက် နှစ်ဆယ့်ရှစ်နှစ် ရောက်သောအခါ တရုတ်ကဗျာများကို လေ့လာခဲ့တယ်။ သူဟာ သူ့ဆရာ တရုတ်ကဗျာများကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာခဲ့ပြီး
“အခုချိန်မှာ ရပ်မနေဘဲ ဆက်လေ့လာမယ်ဆိုရင် ကဗျာဆရာတစ်ယောက် ဖြစ်လိမ့်မယ်၊ ဈင်ဆရာတော့ ဖြစ်တော့မှာ မဟုတ်ဘူး၊” သူစဉ်းစားမိလိုက်ပြီး
နောက်ထပ် တရုတ်ကဗျာတွေကိုလည်း လေ့လာရေးသားခြင်း မလုပ်တော့ပါ။

၁၀၀။ ဆိတ်ငြိမ်သော ကျောင်း

ဆိုချီက မျက်လုံးတစ်ဖက်တည်းသာ ရှိသော ဈင်ဆရာ တစ်ယောက်ဖြစ်တယ်။ သူဟာ တိုဖုကကျောင်းမှာ သူ့ရဲ့တပည့်များကို ပညာသင်ကြားပေးနေတယ်။ တစ်ကျောင်းလုံးမှာ နေ့ရော ညပါ တိတ်ဆိတ်နေတယ်။ တစ်ကျောင်းလုံး ဆူညံ့တဲ့အသံဆိုတာ မရှိ၊ ပကတိ တိတ်ဆိတ်လျက်၊
သုတ်တော်တရားများကို အသံထွက် ရွတ်ဖတ် သရဇ္ဈယ်ခြင်းကိုတောင် ဆရာတွေက တားမြစ်ပိတ်ပင်ထားတယ်။ သူ့ရဲ့ တပည့်များက တရားရှုမှတ်ခြင်းမှ လွဲ၍ တစ်ခြား ဘယ်အရာမှ မပြုလုပ်ပါ။
ဆရာကြီး ကွယ်လွန်သောအခါ ခြောက်သွေ့သောပတ်ဝန်းကျင်တွင် ခေါင်းလောင်းထိုးသံနှင့် သုတ်တော်ရွတ်ဆိုခြင်းကို အသံကို ကြားခဲ့ရသည်။


၁၀၁။ ဗုဒ္ဓရဲ့ ဈင်

ဗုဒ္ဓက ဈင်နဲ့ ပတ်သက်ပြီး ဟောခဲ့ပါတယ်။
“ ကျွန်ုပ်သည် ရှင်ဘုရင် ပိုင်ဆိုင်ခြင်းကဲ့သို့ ပစ္စည်းဥစ္စာများနှင့် မြူမှုန် သဲမှုန်တို့ကဲ့သို့ ဖုန်မြူများကို သိမြင်တယ်။ ရွှေရတနာများနှင့် အုဌ် ကျောက်စရစ်ခဲ အမျိုးအစားကိုလည်း သိတယ်။
အကောင်းဆုံး ပိုးချည် သင်္ကန်များနှင့် ဟောင်းနွမ်းရစ်ရွဲသော သင်္ကန်းဟောင်းများကိုလည်း သိတယ်။
သေးငယ်တဲ့ အသီးမျိုးစေ့တစ်စေကဲ့သို့ စကြာဝဠာမြေကြီး နှင့် ခြေထောက်ပေါ်မှာ ကျတဲ့ ဆီတစ်စေက်ကဲ့သို့ အိန္ဒိယရဲ့ ရေကန်ကြီးဆိုတာကိုလည်း မြင်တယ်။
မျက်လှည့်ဆရာရဲ့ ယုံမှားဖွယ်လှည့်စားနေတဲ့ ကမ္ဘာလောကကြီးရဲ့ ဖြစ်စဉ်တရားကို လေ့လာခဲ့သိမြင်ခဲ့တယ်။
ရွှေကို ပိုင်ဆိုင်ရခြင်းဆိုတဲ့ အိပ်မက်သဖွယ် တွေးဆခြင်းများနှင့် ဆီမီးကဲ့သို့ ထွန်းညှီထားတဲ့ မြင့်မြတ်တဲ့ လမ်းစဉ်တရားအမြင်ကိုလည်း ခွဲခြားနိုင်တယ်။
ကျောက်တောင် ကျောက်တိုင်ကဲ့သို့ စူးစူးစိုက်စိုက် တရားရှုမှတ်ခြင်းနှင့် ထိတ်လန့်စရာ ၀င်္ကပါတစ်ခုအနေနဲ့ နီဝရဏ-တွေဝေ မိန့်မောခြင်းကိုလည်း သိမြင်တယ်။
မှန်၏ မှား၏ ဆင်ခြင်တုံတရားနှင့် ယုံကြည်မှုများ ကျဆုံးတဲ့အရာကိုလည်း သိမြင်တယ်။

အလုပ်မရှိ စားစရာ မရှိ

၈၃။ အလုပ်မရှိ စားစရာ မရှိ

တရုတ်ဈင်ဆရာ ဟာဘုဂျိုက အသက်ရှစ်ဆယ် ရှိသည့်တိုင်အောင် သူ့တပည့်တွေနှင့် အလုပ်ကြမ်း လုပ်လေ့ရှိသည်။ ဥယျာဉ်တွေကို ပြုပြင်၊ ပေါင်းမြက်တွေကို ရှင်းလင်းပြီး သစ်ပင်ပန်းပင်တွေကိုလည်း ဖြတ်ညှပ် ပြုပြင်နေတတ်သည်။
ဆရာကြီး ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာကို တွေ့မြင်ရသော တပည့်များက စိတ်မကောင်း ဖြစ်နေကြ၏။ သူတို့ ပြောသော စကားကို လက်ခံမှာ မဟုတ်တဲ့အတွက်ကြောင့် ဆရာကြီးရဲ့ ပစ္စည်း ကိရိယာကို တစ်နေရာရာမှာ ဖွက်ထားလိုက်ကြဖို့ တိုင်ပင်ဆုံးခဲ့ကြသည်။
ထိုပစ္စည်း ဖွက်ထားသော နေ့မှ စ၍ ဆရာကြီး ဘယ်အရာမှ မစားမသောက်တော့ပါ။ ရက်တွေ ကြာလာသောအခါ……..
“ကျွန်ုပ်တို့ဟာ ဆရာကြီးရဲ့ တူရိယာ တန်ဆာပလာတွေကို ဖွက်ထားတဲ့အတွက်ကြောင့် ဆရာကြီး စိတ်ဆိုးကာ ဘာမှ မစားမသောက်ဘဲ နေတာ ဖြစ်လိမ့်မယ်။ ငါတို့ ဆရာကြီးရဲ့ ပစ္စည်း ကိရိယာတွေကို နဂိုအတိုင်း ပြန်ထားမှ တော်ကာ ကျမယ်” တပည့်များက စဉ်းစားကြသည်။
ထိုနေ့က သူတို့ အလုပ်လုပ်ကြတယ်။ ဆရာကြီးလည်း အလုပ်လုပ်ပြီး နဂိုအတိုင်း အစေားအသောက် ပြန်စားခဲ့တယ်။ ထိုနေ့ ညနေခင်းပိုင်းမှာတော့ ဆရာကြီးက တပည့်တွေကို သြ၀ါဒပေးခဲ့သည်။
“အလုပ်မရှိ အစားအစာ မရှိ” ဟူ၏။

၉၁။ ဘန်ဇို ဓားရဲ့ အရသာ

မာတာဇုရို ယာဂုက ကျော်ကြားတဲ့ ဓားသမားတစ်ယောက်ရဲ့သား ဖြစ်တယ်။ သူ့သားကို ကျွမ်းကျင်တဲ့ ဓားဆရာတစ်ယောက် ဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တစ်ခြားဆရာကြီး တစ်ယောက်ထံသို့ ပို့လိုက်တယ်။
ဒါကြောင့် မာတာဇုရိုက တောင်ပေါ် ဖုတရာဆီသို့ ရောက်သွားပြီး ကျော်ကြားတဲ့ ဓားသမား ဘန်ဇိုကို ရှာတွေ့ခဲ့တယ်။ ဘန်ဇိုက မာတာဇုရိုရဲ့ ဖခင် ရည်ရွယ်ချက်ကို ကောင်းကောင်းသိခဲ့တယ်။
“ငါ့ရဲ့ လမ်းညွန်ချက်များအောက်မှာ ဓားပညာများကို လေ့လာမယ်ဆိုရင် ညွန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာရလိမ့်မယ်။” ဘန်ဇိုက ပြောလိုက်တယ်။
“ကျွန်ုပ် ပြင်းပြင်းထန်ထန် နှစ်တွေအတော်ကြာကြာ ကြိုးစားသင်ယူမယ်ဆိုရင် ဓားပညာကျွမ်းကျင်တဲ့ ဆရာတစ်ဆူတော့ ဖြစ်လာလိမ့်မယ်” လူငယ်က ပြောလိုက်တယ်။
“အိမ်စေ အလုပ်လုပ်ပါ” ဘန်ဇိုက ပြောလိုက်တယ်။
“ကျွန်ုပ် အချိန်ကြာကြာ စောင့်ဖို့ မဖြစ်နိုင်ပါ” “ဆရာဆီမှာ အမြန်ဆုံး ပညာသင်လိုပါတယ်။ တကယ်လို့ ဆရာရဲ့ အိမ်စေတစ်ယောက် ဖြစ်ရမယ်ဆိုရင် အိမ်စေအလုပ်က ဘယ်လောက်ကြမလဲ? လူငယ်က မေးလိုက်တယ်။
“ဆယ်နှစ် ဖြစ်နိုင်တယ်” ဘန်ဇိုက ပြောလိုက်တယ်။
“ကျွန်ုပ်ဖခင်က အသက်ကြီးနေပါပြီ။ ဖခင်ကို ဂရုစိုက်ရပါဦးမယ်။ ဒီထက်ပိုပြီး နှစ်တွေ လျှော့လို့ ရနိုင်ဦးမလား” မာတာဇုရိုက ပြန်ပြောလိုက်တယ်။
“နှစ်သုံးဆယ် ဖြစ်နိုင်တယ်” ဘန်ဇိုက ပြောလိုက်တယ်။
“ဘာကြောင့်လဲ ?”
“မထမ ဆရာက ဆယ်နှစ်၊ အခု နှစ်သုံးဆယ်၊ ဘယ်ကဲ့သို့ ဖြစ်နိုင်ပါတော့မလဲ? မာတာဇုရိုက မေးလိုက်တယ်။
“ကောင်းပါပြီ”
“ခုနစ်နှစ်လောက်သာ ငါနှင့်အတူ နေထိုင်ပြီး ဂရုတစိုက် သင်ယူပါ၊ မင်း ကြိုးစားမှုအပေါ်မှာ အကျိုးရလာဒ်က ဖြစ်ပေါ်လာမှ ဖြစ်တဲ့အတွက် တတ်နိုင်သမျှ ကြိုးစားပြီး သင်ယူပါ” ဘန်ဇိုက ပြောလိုက်တယ်။
“ကောင်းပါပြီ”
“ကျွန်ုပ် သဘောတူပါတယ်” မာတာဇုရိုက ပြောလိုက်တယ်။
မာတာဇုရိုက ဓားဆရာ အိမ်မှာ နေရသော်လည်း ဘယ်အခါမှ ဓားပညာကို မသင်ခဲ့ရပါ။ သူဟာ သူ့ဆရာအတွက် အစားအသောက်များ ချက်ပြုတ်ပေးရပြီး ပန်းကန်ဆေး၊ အိမ်ရာသိမ်း ခြံသန့်ရှင်းရေးလုပ်ရသည့် အပြင် တစ်ခြားပညာသင်ကျောင်းသားများရဲ့ အလုပ်တွေကိုလည်း လုပ်ရတယ်။
သုံးနှစ်ကြာသည့်တိုင်အောင် အလုပ်ကြမ်းဖြင့် အချိန်ကုန်ခဲ့သည့်အတွက် သူ့အနာဂတ်ရေး စဉ်းစားကာ ၀မ်းနည်းမိပြီး ဓားပညာ သင်ကြားခွင့်က မျှော်လင့်ချက် နည်းပါးလာခဲ့တယ်။
တစ်နေ့မှာ ဓားဆရာကြီးဘန်ဇိုက မာတာဇုရိုအနားကို တိတ်တဆိတ် ချဉ်းကပ်သွားပြီး ၀ါး-ဓားဖြင့် ရုတ်တရက် ပစ်ပေါက်လိုက်တယ်။
တစ်ခြားသော နေ့တွေမှာလည်း ထမင်းချက်နေတဲ့ မာတာဇုရိုထံကို မျှော်လင့်မထားတဲ့အချိန်တွေမှာ ဓားလှံတွေကို ပစ်ပေါက်ခဲ့ပြီး မာတာဇုရိုကတော့ တစ်ချိန်လုံး ကာကွယ်နေရတယ်။
နေ့ရက်တွေ နှစ်တွေ အတော်ကြာလာပြီးနောက်မှာ မာတာဇုရိုက ဘန်ဇိုဓား ပညာရဲ့ အရသာကို ကောင်းကောင်း သဘောပေါက် နားလည်ခဲ့တော့တယ်။
ထိုအချိန်မှာ ဆရာကြီးဘန်ဇိုရဲ့ မျက်နှာမှာ လေးနက်တဲ့ အပြုံးများကို တွေ့ရပြီး မာတာဇုရိုကတော့ နိုင်ငံအတွင်းမှာ ထင်ရှားတဲ့ ဓားဆရာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၉၃။ ဈင် ပုံပြောကောင်းသူ

အင်ချိုက ကျော်ကြားတဲ့ ဈင်ပုံပြောကောင်းသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ပုံပြင်ကို နားထောင်သူတိုင်းကို ကျေနပ်မှု နှစ်သက်သွားစေတယ်။ စစ်အတွင်းက ပုံဝတ္ထုကို ပြောပြတဲ့အခါ နားထောင်သူကိုယ်တိုင် စစ်အတွင်း ရောက်နေရသကဲ့သို့ ထင်မြင်အောင် ပြောပြနိုင် ရှိတယ်။
တစ်နေ့မှာ ဈင်ကျောင်းကို ကိုးကွယ်ဆည်းကပ်တဲ့ ဥပသကာတစ်ယောက်က အင်ချိုဆီကို ရောက်လာခဲ့တယ်။
“ကျွန်ုပ် ကောင်းကောင်း သိပါတယ်၊ သင်ဟာ ဒီနိုင်ငံမှာ ပုံပြောကောင်းတဲ့ သူပါပဲ၊ လူတွေကို ပျော်ရွှင်အောင် ပြောနိုင်သလို ၀မ်းနည်းအောင်လည်း ပြောနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကျော်ကြားတဲ့ မက်မွန်သီးမင်းသား ပုံပြင်ကို ပြောပေးပါ၊ ကျွန်ုပ်ငယ်ငယ်တုန်းက အိပ်ရာ မ၀င်မီ အဲဒီပုံပြင်ကို ကျွန်ုပ်မိခင်က ပြောပြလေ့ ရှိပါတယ်။ ဒီသဏ္ဍာရီ ပုံပြင်ကို မိခင်ပြောပြတာကို နားထောင်ရင် ကျွန်ုပ် အိပ်ပျော်သွားလေ့ ရှိပါတယ်။ ကျွန်ုပ် မိခင်လို့ ဒီပုံပြင်ကို ပြောပြပါ” ဥပသကာ ယာမောက ပြောလိုက်တယ်။
အင်ချိုက မက်မွန်သီးပုံပြင်ကို မကြားဖူးသေးတဲ့တာကြောင့် လေ့လာလိုတဲ့အတွက် အချိန်အနည်းငယ်လောက် ပေးပါလို့ တောင်းပန်လိုက်တယ်။ လ အနည်းငယ်အကြာ လေ့လာပြီးတဲ့အခါ သူဟာ ဥပသကာ ယာမိုကဆီ သွားခဲ့ပြီး
“ကျေးဇူးပြုပြီး ပုံပြောပြခွင့် ပြုပါ” ခွင့်တောင်းလိုက်တယ်။
“နောက် တစ်နေ့ပေါ့” ယာမောက ပြောလိုက်တယ်၊
အင်ချိုက စိတ်ပျက်သွားခဲ့ရပေမယ့် နောက်ထပ် အချိန်များစွာ ထပ်ပြီးတော့ လေ့လာခဲ့ပါတယ်။ နောက်အကြိမ်တွေမှာလည်း အင်ချိုက ဥပသကာ ယာမောကဆီ ရောက်တိုင်း
“သင်ဟာ ကျွန်ုပ် မိခင်လိုပဲ မပြောပြနိုင်သေးပါဘူး” ပြောကာ ငြင်းဆန် ခံခဲ့ရတယ်။
အင်ချိုက နောက်ထပ် ငါးနှစ်ကြာအောင် မက်မွန်သီးမင်သား ပုံပြင်ကို လေ့လာခဲ့ပြီး နောက်ဆုံးမှာတော့ အင်ချိုက ပုံပြောပြခွင့်ကို ဥပသကာ ယာမောကဆီမှ ရလိုပါတယ်။

၉၄။ ညဥ့်နက်သန်းခေါင် အပြင်ထွက်ခြင်း

ဈင်ဆရာ စန်ဂီရဲ့ လက်အောက်မှာ တရားအားထုတ်နေတဲ့ တပည့်ကွေက အများအပြားရှိတယ်။ သူတို့ထဲမှ တစ်ယောက်ကတော့ ညပိုင်းမှာ ကျောင်းပြင်ထွက်ပြီး မြို့ထဲမှာ လျှောက်သွားနေတတ်တယ်။
စန်ဂီက အဆောင်တွေကို စစ်ဆေးတဲ့အခါ တပည့်တစ်ယောက်က အပြင်ထွက်တာကို တွေ့ခဲ့ရပြီး နံရံမှာ ထောင်ထားတဲ့ ထိုင်ခုံရှည်ကိုလည်း တွေ့ခဲ့တယ်။ စန်ဂီက ထိုင်ခုံကို ရွှေ့ထားလိုက်တယ်။
ကျောင်းသားက အပြင်က ပြန်လာတဲ့အခါ ထိုင်ခုံရွှေ့ထားတာကို မသိဘဲ ဆရားကြီးစန်ဂီရဲ့ ခေါင်းပေါ်မှ ကျော်ကာ နံရံမှ ခုန်ချလိုက်တယ်။ မြေကြီးပေါ်ပြန်အရောက် သူ သတိထားမိတဲ့အခါ ဆရာကြီး ရပ်နေတာကို တွေ့ပြီး အံ့သြ မင်သက်မိသွားပါတယ်။
“မနက်စောစော စီးစီး အအေးဓါတ် လွန်ကဲတယ်။ မင်းကိုယ်တိုင် ဒီအေးတာတွေကို ဂရုစိုက်ပါ။” ဆရာကြီးက ပြောလိုက်ပါတယ်။
တပည့်က ထိုနေ့မှစပြီး နောက်ထပ် အပြင် မထွက်တော့ပါ။