Tuesday, November 2, 2010

ဇင်ဗုဒ္ဓဘာသာ သမိုင်း

ဇင်ဗုဒ္ဓဘာသာ သမိုင်း

စိတ်ကဗောဓိပင်ကဲ့သို့ ဖြစ်တယ်။ ကြေးမှုံအလင်းရောင်တစ်ခုလိုပဲ နေ့နေ့ညည အဲဒီစိတ်ကို တိုက်ချွတ်အရောင်တင်ရမယ်။ ပြီးတော့ ဖုန်အညစ်အကြေးတွေ ကပ်ငြိခွင့် မပြုရ (မြောက်ပိုင်းကျောင်း)

ဗောဓိပင်ဆိုတာ မရှိဘူး ကြေးမှုံအလင်းရောင်ဆိုတာလည်း မတည်ရှိဘူး အားလုံးဟာ ဟင်းလင်းပြင်ဖြစ်နေတဲ့အတွက်ကြောင့် မြူမှုန်အညစ်အကြေးတွေ ကပ်ညှိစရာ မရှိ (တောင်ပိုင်းကျောင်း)

ဇင်ရဲ့ ကျမ်းစာအလိုအရ မြတ်ဗုဒ္ဓက ဇင်တရားတော်ကို အရှင်မဟာကဿပနှင့် အရှင်အာနန္ဒာကို ဟောကြားခဲ့တယ်။ သူတို့နှစ်ပါး ပရိနိဗ္ဗာန်စံပြီးတဲ့ နောက်မှာ အိန္ဒိယမှာရှိတဲ့ သာသနာပြုခေါင်းဆောင်၂၈ ဦးတို့က ဆက်ပြီး လက်ကိုင်ပြု ကျင့်သုံးခဲ့ပါတယ်။ အဲဒီ၂၈ ဦးထဲက တစ်ဦးကတော့ ဗောဓိဓမ္မလို့ အမည်ရပါတယ်။ သူဟာ ကျန်တဲ့ ခေါင်းဆောင်၂၇ ဦးရဲ့ ဆန္ဒအရ ဗောဓိဓမ္မက အေဒီ ၅၂၀ ခုနှစ်လောက်မှာ တရုတ်နိုင်ငံကိုရောက်ရှိပြီး ဇင်တရားတော်များကို သာသနာပြု ဖြန့်ချီခဲ့ပါတယ်။ သူ့ရဲ့ တရားတော်ကို တရုတ်ခေါင်းဆောင် သုံးလေးဦးတို့က သဘောကျနှစ်ခြိုက်လို့ လိုက်နာကျင့်သုံးခဲ့ပြီး ဟောင်ဂျင်း(Hung-Jen) ဆိုတဲ့ ခေါင်းဆောင်ကတော့ ငါးယောက်မြောက် ဖြစ်ပါတယ်။ ဟောင်ဂျင်း ဇင်ဂိုဏ်းထဲရောက်လာပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှန်ရှိ(Shen-Hsiu) မြောက်ပိုင်းဇင်ကျောင်း နှင့် သြဇာတိက္ကမကြီးမားခဲ့တဲ့ ဟီနန်( Hui-Neng) တောင်ပိုင်းကျောင်းဆိုပြီး နှစ်ခု ကွဲပြားခဲ့ပါတယ်။ ဟီနန်ဟာ ခြောက်ဦးမြောက် ဇင်တရားတော်ကို ကျင့်သုံးတဲ့ ခြောက်ဦးမြောက်နှင့် နောက်ဆုံး တရုတ်ဇင်ခေါင်းဆောင်ကျောင်းဖြစ်ခဲ့ပြီး ကနေ့ခေတ် ကျနော်တို့ သိတဲ့ ဇင်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ ယေဘုယျ အသိအမှတ် ပြုကြပါတယ်။

မြောက်ပိုင်းကျောင်းက ၀ိနည်းစည်းကမ်းတွေ ကိုယ်ကျင့်သီလတွေ တရားရှုမှတ်မှုတွေနှင့် ပညာတရားတွေမှာ လက်ခံကျင့်သုံးနေဆဲ ဖြစ်ခြင်းကြောင့် ထေရ၀ါဒနှင့် ပိုမိုပြီး ကိုက်ညီတယ်လို့ လက်ခံကြတယ်။ ထေရ၀ါဒနှင့် မြောက်ပိုင်းကျောင်းနှစ်ခုက အခြေအနေက ဒဿနမရှိပဲ လုံးဝ တရားရှုမှတ်စဉ်မှာ စိတ်ကို အစဉ်လိုက်ခြင်း ဖြစ်တယ်ဆိုတာ သဘောတူညီကြတယ်။ ထေရ၀ါဒ၌ စိတ်၌သာလျှင် တရားရှုမှတ်ခြင်းကို ဈာန်မှ တစ်ခြားသို့ ကျော်လွန်ခြင်းရဲ့ မှတ်မိခြင်းဖြစ်တယ်။ ရုပ်လွန်ဝါဒီ ပညာရှင်တွေ အခြေအနေ သိမြင်ခြင်းကို စကားလုံးမရှိတဲ့ ဦးဆောင်မှုတွေ ဖြစ်တယ်လို့လည်း မြင်ကြပါတယ်။

တောင်ပိုင်းကျောင်းက ဒီအမြင်တွေကို ပယ်ရှားတယ်။ ပြီးတော့ ပညာတရားနှင့် သမာဓိတရားက တူညီတဲ့ အရာဖြစ်တယ်လို့ သင်ကြားပေးတယ်။ အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးက သီလနှင့်ညီညွတ်ရန် လိုအပ်တယ်။ နောက် သမာဓိကို ပြန်လည်လေ့ကျင့်ဖို့ လိုအပ်တယ်။ သူတို့ဟာ ပညာတရားက သမာဓိ ဖြစ်တယ်။ စိတ်နှင့် စေတသိက်တို့အကြား လှုပ်ရှားမှုက တစ်ထပ်တည်း တစ်သားတည်း ကျနိုင်ဖို့လည်း သင်ကြားကြတယ်။

ဇင်ကျောင်းနှစ်ကျောင်းမှာ မြောက်ပိုင်းကျောင်းက ပျောက်ကွယ်သွားပြီး တောင်ပိုင်းကျောင်းကတော့ ဒီကနေ့အထိအောင် အင်အားကြီးပြီး ကျန်နေဆဲပါပဲ။ တောင်ပိုင်း ဇင်ကျောင်းက တုဘက်ပြိုင်ဘက် ဆရာများက ပင်ရင်းကျောင်းမှ ခွဲထွက်ခဲ့ကြတယ်။

အကျဉ်းအားဖြင့်တော့ တောင်ပိုင်းကျောင်းနှင့် မြောက်ပိုင်းကျောင်းအကြား ကြီးမားတဲ့ ခြားနားချက်များကို ရှင်းလင်းရမယ်ဆိုရင် မြောက်ပိုင်းကျောင်းက ဖြေဖြေးအေးအေးစဉ်းစားခြင်း ဖြစ်တဲ့ အသိပညာကို သင်ကြားခဲ့တယ်။ တောင်ပိုင်းကျောင်းကတော့ ဇင်အသား ဇင်အရိုးဆိုတဲပုံဝတ္ထုများဖြစ်တဲ့ တိုက်ရိုက်မြန်ဆန်တဲ့ အသိမြင်ပိုင်းဆိုင်ရာ ဒဿနကို သင်ကြားတယ်။ လူသားတွေအတွက်လည်း အနိုင်မဲ့ ဂရုဏာရှင်ဖြစ်သော မြတ်ဗုဒ္ဓက ပညာတရားကို မဂ်ဥာဏ်သို့ ရှုမှတ်စေရန်နှင့် လူသားတိုင်း မဂ္ဂင်ရှစ်ပါးဖြင့် သဗ္ဗညုတဥာဏ်ရဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်စေရန် သင်ကြားခဲ့တယ်။ တစ်ခြားတစ်ဖက်မှာ ဇင်က အနည်းငယ်မျှသော တိုးပွားလာသော တပည့်သာဝကများအတွက် အကျိုးဖြစ်စေတဲ့ အလွန်ကြမ်းတမ်းခက်ခဲသော တွေးခေါ်မှုပိုင်းဆိုင်ရာ ဒဿနများသာမက ကိုယ်ခံပညာပိုင်းဆိုရာ စည်းမျဉ်း စည်းကမ်းကိုလည်း ပြဌာန်းခဲ့တယ်။

(Western Students အမေး
ဆရာတော် W.V.Zinn ရဲ့ အဖြေများမှ ကောက်နှုတ်ခြင်း ဖြစ်ပါသည်)