Friday, November 5, 2010

Hakuin ရဲ့ တရားရှုမှတ်ခြင်းရဲ့အသံ ကဗျာ

Hakuin ရဲ့ တရားရှုမှတ်ခြင်းရဲ့အသံ ကဗျာ

သတ္တ၀ါအားလုံးက ဗုဒ္ဓအခြေခံရဲ့ တရားရှုမှတ်ခြင်း
အသံမှာပဲ အခြေခံတယ် ဖြစ်တည်ကြတယ်တဲ့
ရေနဲ့ရေခဲလိုလည်း ဖြစ်တယ်
ရေမရှိပဲနဲ့ ရေခဲမဖြစ်နိုင်
သတ္တ၀ါအပြင်လောကမှ ဗုဒ္ဓအဖြစ် ဘယ်နေရာမှာ ရှာမလဲ?
သစ္စာတရာကို မသိနိုင်ခြင်းက
ကြင်နာသနားခြင်းကို အဝေးကို ရောက်နိုင်ရမှာပါ့
ဖောင်စီးပြီး ရေငတ်နေသူလိုပါပဲ
ဆင်းရဲတွင်း ရောက်နေရတဲ့
သူဌေးသား တစ်ယောက်လို ဖြစ်နေရပြီ
သြော်..မသိခြင်းမောဟအမှောင်က ဖုံးလွမ်းလို့နေပါလား
အာရုံခြောက်ခု ကမ္ဘာကတော့ ၀ိညာဉ်ယှက်လို့ နေပြီ
မွေးဖွားလိုက် သေဆုံးလိုက် သေဆုံးလိုက် မွေးဖွားလိုက်
ဒီလိုနဲ့....
အမှောင်လောက သံသရာ နက်နက်ကြီး တိုးဝင်လို့ နေလေရဲ့


ဇင် တရားအားထုတ်ခြင်းနဲ့ ဆက်စပ်ခြင်းအနေနဲ့
ဒါနတွေ သီလတွေကဲ့သို့
ပြည့်ပြည်၀၀ လေ့ကျင့်ဖို့ ငါ့မှာ စကားလုံးတောင်မရှိဘူး
ဗုဒ္ဓနာမ ဖြောင်ချက် ရသေ့စည်းမျဉ်း ကောင်းမှုကုသိုလ်
မှီလောက်စရာ တစ်ခုမှ မရှိဘူး
တရားကျင့်ကြံ လေ့ကျင့်ခြင်း ကိစ္စမှ
တစ်ထိုင်တည်း အားထုတ်နေလိုက်မယ်
ငြိမ်သက်ခြင်း မကောင်းတဲ့ အကုသိုလ်ကို မြင်ရလိမ့်မယ်
မကောင်းတဲ့ လမ်း ဆိုတာ စင်ကြယ်တဲ့လမ်းက လက်တစ်ကမ်းမှာ
ကျိုးနွံသော နှလုံးသားနှင့် ဒီသစ္စာအသံကို
တစ်ကြိမ်လောက် နားဆင်လိုက်ကြစို့
ဒီလိုနဲ့ ဆုလာဒ်တွေ ကောင်းချီးတရားတွေ
အတိုင်အဆမရှိ မြင်တွေ့ရလိမ့်မယ်

ကိုယ့်ပုံရိပ်တစ်ခုလိုပဲ
ကိုယ့်သဘာဝရဲ့ အမှန် ကိုယ်တိုင် ပြန်ဟပ်တယ်
ပင်ကိုယ်ဗီဇ သဘာဝ မဟုတ်ဆိုတဲ့ သစ္စာစကား
အကျိုးနှင့် အကြောင်း တံခါးကိုဖွင့်ဖို့ အတွက်
ဝင်္ကပါနှစ်ခုရဲ့ စစ်မှန်တဲ့ သော့တစ်ချောင်းမှာ ရှိတယ်
ပုံမှန် မဟုတ်တဲ့ ပုံမှန်သည်းခံခြင်းတရားနှင့်
နှစ်ခုဆိုတာ မရှိ သုံးခုဆိုတာ မရှိ တစ်ကြောင်းတည်း တစ်ဖြောင့်တည်း
သံသရာ စက်ဝိုင်း မရွေ့ရှားဘဲ
အတွေးမဟုတ်တဲ့ အတွေး ဆက်လက်ဆုတ်ကိုင်ဦးမယ်
သစ္စာတရားအသံ နှလုံးသားရဲ့အပြုအမူ
လွတ်လပ်တဲ့ သမာဓိရဲ့ ကောင်းကင်က အကန့်အသက်မဲ့တယ်
သစ္စာတရားရဲ့ လပြည့်ည ဘယ်လို ထွင်းဖောက်လို့ ရနိုင်မှာပါ့
ဆက်လက်ပြီး အားထုတ်နေရဦးမှာပါလား
အဆုံးမရှိတဲ့ ငြိမ်သက်ခြင်း ဖွင့်ဟပစ်ဖို့
ပထ၀ီမြေကြီးမှာ ကြာတစ်ပွင့် ရှိရမယ်
မြတ်ဗုဒ္ဓရဲ့ ခန္ဓာဟာ ဒီခန္ဓာလိုပါပဲ
ဒီခန္ဓာဟာလည်း မြတ်ဗုဒ္ဓခန္ဓာလိုပါပဲ

(Manual of Zen Buddhism
lecture by university of kelaniya မှ မှီငြမ်းပြု တင်ပြသည်။)