Sunday, November 21, 2010

ဇင်ယဉ်ကျေးမှု ဇင်အနုပညာ နှင့် ဂျပန်ပြည်

ဇင်ယဉ်ကျေးမှု ဇင်အနုပညာ နှင့် ဂျပန်ပြည်

ဇင်ဗုဒ္ဓဘာသာကို ဂျပန်ပြည်နှင့် မိတ်ဆက်ပေးချင်ပါတယ်။ များသောအားဖြင့်တော့ ဂျပန်ပြည်မှာ ဇင်ယဉ်ကျေးမှုက ကာမကုရ( Kamakura) ခေတ်မှာ တို့တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ဇင်ဆိုတဲ့ စကားလုံးက တရုတ်ပြည်ထဲမှာ မရောက်ခင် သက္ကတ ဘာသာနဲ့ ပြန်ရရင် ချင့်ချိန်စဉ်းစားခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဒါယနလို့ (dhyana) အမည်ရပါတယ်။ ဒါကြောင့် ဇင် ဗုဒ္ဓဘာသာ တရားအားထုတ်မှုအပေါ်မှာ အထူးပြုတည်ဆောက်ခြင်းလို့ ဆိုလိုဟန် ရှိပါတယ်။ ဇင်ဗုဒ္ဓဘာသာက ဂိုဏ်းခွဲသုံးခု ရှိတယ်။ ၁၁၉၁ မှာ တရုတ်ပြည်မှ ရမ်ဇင်း Rinzai လို့ အမည်ရတဲ့ ဂိုဏ်းခွဲတစ်ခုနှင့် ၁၂၃၅ မှာ ဘေနန်း (Benern) လို့ ခေါ်တဲ့ ဂိုဏ်းတစ်ခု ပေါ်ပေါက်ခဲ့တယ်။ ၁၁၂၇ ခုနစ်မှာ ဆိုတို (Soto) ကို တည်ထောင်ခဲ့တဲ့ ဒိုဂန် (Dogen) နှင့် ၁၆၅၄မှာ အိုဘကုကို(Obaku) တည်ထောင်ခဲ့တဲ့ အင်ဂန်(Ingen) တို့ ဖြစ်ကြပါတယ်။

ဂျပန်ပြည်သူများရဲ့တွေးခေါ်မှုစနစ်ကို ဖော်ပြတဲ့နေရာမှာ ကြီးမားတဲ့ယဉ်ကျေးမှုရဲ့ မှီတည်ရာဖြစ်တဲ့ တစ်ခုတည်းသော ဇင်ဗုဒ္ဓဘာသာကျောင်း တစ်ကျောင်းရှိတယ်။ နံရံဒီဇိုင်းတွေမှာ အဖြူနှင့် အနက် ရေးဆွဲထားပြီး ဟင်ကု(Haiku)၏ကဗျာ လက်ဘက်ရည်အခမ်းအနားနှင့် ပန်းများကို စီချယ်ထားခြင်းတိုလည်း စီချယ်ထားကြတယ်။ ဇင်ဥယျာဉ်က ဇင်ဗုဒ္ဓဘာသာနှင့် ဂျပန်ရဲ့ စီးပွားရေးတို့တက်မှုတို့မှ ဆင်းသက်လာတဲ့ ဇင်ဘာသာရဲ့ အတွေးအခေါ်ရဲ့ အကျိုးရလာဒ်လည်း ဆိုကြတယ်။

ဇင်ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကတော့ စစ်မှန်တဲ့ သဘာဝတရားနှင့် သဗ္ဗညုတဥာဏ်ကို ရှာဖွေရန် ဖြစ်ပါတယ်။ ဇင်က ပို၍ လေ့ကျင့်ရပြီး အရေးကြီးဆုံးသော အရာနှင့် ဆက်စပ်နေတဲ့ လင်္ကာဝတရသုတ် (Lankavatara Sutta) ကဲသို့သော နက်နဲသော ပြဌာန်းကျမ်းစာများ ရှိခဲ့သော်လည်း ဒီစာပေကျမ်းဂန်များအပေါ်မှာ မှီခိုမှု သိပ်မရှိခဲ့ပါ။ ဒါကြောင့် အသုံးမ၀င်တဲ့ ဒဿနများနှင့် ချဲ့ထွင်ထားတဲ့ ရိုးရာဓလေ့များကို ပယ်ရှားခဲ့တယ်။ ဇင်ရဲ အနှစ်သာရက စိတ်ကို အမြဲရှုမှတ်နေဖို့နှင့် ဘုရားအဖြစ်ကို ရှာဖွေဖို့ရန် ဖြစ်ပါတယ်။

ဇင်ဗုဒ္ဓဘာသာဝင်တွေဟာ မြတ်ဗုဒ္ဓသခင်က လူမှုအဖွဲ့အစည်း အကျိုးကျေးဇူးအတွက် ပုံမှန်နေ့စဉ်ဘ၀တွေမှာ လိုအပ်စွာ ပါဝင်ရမယ်လို့ ယုံကြည်ကြပါတယ်။ အီးစေး (Eisai)က ရင်းဇေဂိုဏ်း (Rinzai)တည်ထောင်ပြီးနောက်မှာ ဒိုဂျင်း(Dogen)က ၁၁၂၇မှာ စိုတို (Soto)ဆိုတဲ့ ဇင်ဂိုဏ်းကို တည်ထောင်ခဲ့တယ်။ တည်ထောင်တဲ့အချိန်တွေက သိပ်ပြီးမကွာခြားသော်လည်းပဲ လမ်းစဉ်နဲ့ အတွေးအခေါ်က မတူညီခဲ့တာကြောင့် တိုးတက်မှုတွေကတော ကွာဟခဲ့ကြပါတယ်။ စိုတို(soto)ဇင်ဂိုဏ်းက မင်းမျိုးမင်းနွယ် ဆာမူးရိန်းနှင့် သာမန်အရပ်သားတွေကို လက်ခံနေစဉ်မှာပဲ အထက်တန်းလူတန်းစား ဆာမှုရိန်းကတော့ ရင်ဇေ (Rinzai)ဆိုတဲ့ လူတန်းစားတို့ကို မျက်နှာသာမပေးဘဲ မာရေကျောရေနဲ့ ဆက်ဆံလာခဲ့တယ်။ ဂျပန်ပြည်မှာလည်း ခြားနားတဲ့ လူတန်းစားအလွာတွေ ရှိကြတယ်။ အဲဒါတွေကတော့

၁။ စစ်မက်စစ်သား(Bushi (warrior)
၂။ လယ်သမား (Famer)
၃။ စက်မှုလုပ်ငန်းရှင် (Industrialist)
၎။ ကုန်သည် (Merchant)

ဘုရှီတို (Bushido) အပေါ်မှာ သြဇာတိက္ကမလွမ်းတဲ့ ဇင်ဘာသာက နည်းလမ်းနှစ်ခုနှင့် ကျင့်သုံးခဲ့တယ်။ တစ်ခုက ကိုယ်ကျင့်ပိုင်းဆိုင်ရာနှင့် တစ်ခြားဒဿန ဖြစ်တယ်။ ဘုရှီိတို အပေါ်မှာ ဇင်ရဲ့ ဒဿနလွမ်းမိုးမှုတစ်ခုကတော့ မူရှင်း (Mushin) နှင့် မွန်စံ (Muncen) စိတ်မရှိ အတွေးမရှိ ဆိုတဲ့ ဒဿန အယူအဆတို့ ဖြစ်တယ်။ ဇင်ရဲ့ တတိယမြောက်ဂိုဏ်းတစ်ခုကတော့ ရိုးရှင်းလွယ်တဲ့သဘောတရားနှင့် ကိုယ်ကိုယ့်ကိုယ်သာ မှီခိုအားထားခြင်းဆိုတဲ့ အယူအဆကို လက်ကိုင်ပြုကျင့်သုံးတယ်။

ဇင်ရဲ့အနုပညာတွေမှာ အသားအရောင်ကို အသုံးမပြုဘူး။ ရိုးရှင်းခြင်းကို ပုံမှန်လုပ်နေကျ အပြုအမူတွေဖြစ်တဲ့ အဖြူအမဲရေးဆွဲမှုတွေစတဲ့ အနုပညာတွေမှာသာ ပုံရိပ်ထင်တယ်လို့ ယူဆတာကြောင့် ဖြစ်တယ်။ လှပသော လက်ရေးလက်သားကိုလည်း ဇင်ယဉ်ကျေးမှုရဲ့စိတ်ပိုင်းအာရုံတွေနှင့် ဆက်နွယ်ကြည့်လေ့ ရှိကြတယ်။ ဇင်က အနုပညာဆိုင်ရာ မလိုအပ်တဲ့ အဓိကအချက်ကို ဖြတ်တောပစ်နိုင်ဖို့ကိုလည်း သင်ကြားပေးတယ်။
ဇင်ဘုန်းတော်ကြီး ဟင်ကု (Haiku) နှင့် ဇင် ဗုဒ္ဓဘာသာအကြား ဆက်စပ်မှုတွေ ရှိကြပါတယ်။ ကနေ့ခေတ်မှာတောင်မှ အလွန်ထင်ရှားနေတုန်းပါပဲ။ ပြီးတော့ သတင်းစာတွေမှာလည်း အဲဒီကျော်ကြားမှုကို ဖော်ပြနေတုန်းပါပဲ။ ဟင်ကုက (Haiku) စကားလုံး၁၇လုံးပါဝင်တဲ့ ကဗျာတွေ ရေးဖွဲခဲ့တယ်။ ဇင်ဗုဒ္ဓဘာသာမှာ ဟင်ကုကဗျာတွေက လူသားတွေရဲ့စိတ်ရင်းသဘာဝ စိတ်အခြေအနေမှန်ကို တိုက်ရိုက်ဆက်စပ်နေအောင် ရေးဖွဲ့နိုင်တယ်။ ဇင်ဗုဒ္ဓဘာသာမှာ စိတ်အခြေအနေဆိုတာက အင်မတန်အရေးကြီးတဲ့ အရာလို့လည်း ဆိုကြတယ်။ ချီယို (Chiyo) (၁၉၀၃-၁၉၇၈ )က ဟင်ကု ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခဲ့ဖူးတယ်။

Ho to to gi su
Ho to to gisu tote
A ke ni ke ri

တစ်ခြားဂိုဏ်းတစ်ခုကတော့ ဂျပန်ပြည်ရဲ့ လက်ဘက်ရည်သောက်ပွဲအခမ်းအနားတွေမှာ လွမ်းမိုးသြဇာတိက္ကမ ရှိတယ်။ နာရာ (Nara) ခေတ်ထဲမှာ မူးရင်း လက်ဘက်ရည်သောက်တဲ့ အလေ့အထက ဂျပန်နှင့် တရုတ်ပြည်ထဲရှိ ဘုန်းကြီးကျောင်းတွေမှာ ကျင်းပကြလေ့ ရှိတယ်။ လက်ဘက်ရည်ကို အသုံးပြုရခြင်းရည်ရွယ်ချက်တွေက အများကြီးရှီတယ်လို့လည်း ဆိုတယ်။ အဲဒီအထဲက တစ်ခုကတော့ ဆေးဖြစ်ဝါးဖြစ်အနေနှင့် လက်ဘက်ရည်ကို သောက်သုံးကြတယ်။ ပြီးတော့ တစ်ခြားတစ်ခုကတော့ တရားအားထုတ်မှုလုပ်ငန်းစဉ်မှာ နိုးကြားတက်ကြွမှုကို ထိန်းသိမ်းနိုင်ရန်နှင့် အာရုံစူးစိုက်မှု သမာဓိကို ထိန်းသိမ်းနိုင်ဖို့အတွက် အထောက်အကူဖြစ်ဖို့ရန် ဖြစ်ပါတယ်။ ဖီလိုဆိုဖီဒဿနနည်းကျကျ ပြောရရင် လက်ဘက်ရည် အနုပညာကနေတစ်ဆင့် အရာဝတ္ထုလေးမျိုးလေးစားကို ရရှိနိုင်တယ်လို့ ဆိုကြပါတယ်။

၁။ ညီညွတ်မှုဖြစ်ခြင်း (Harmony)[wa]
၂။ ကြည်ညိုပသာဒဖြစ်ခြင်း(Reverence)[kai]
၃။ စင်ကြယ်မှုဖြစ်ခြင်း(purity –Sei)
၎။ သမာဓိဖြစ်ခြင်း (Tranquility- Jak)

ဒီအရာဝတ္ထုလေးခုကို ရရှိဖို့ရာ ရည်ရွယ်ချက်တွေ ရှိမယ်ဆိုရင် လက်ဘက်ရည်အခမ်းအနားက စိတ်ရဲ့ အခြေခံသဘောတရားအားလုံးကို ပေးတယ်။ ပြီးတော့ သဗ္ဗညုတဥာဏ် စသဖြင့် ဆောတရိ(Sotori)ကိုရရှိဖို့ရန် အလွန်နီးစပ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့် ဇင်ဗုဒ္ဓဘာသာက ဂျပန်ပြည်၌ လဘက်ရည်အခမ်းအနားရဲ့ အနုပညာအပေါ်မှာ ကြီးမားတဲ့ သြဇာတိက္ကမ လွမ်းမိုးမှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ ကနေ့ခေတ် လဘက်ရည်သောက် အခမ်းအနားမှာတောင်မှ ဂျပန်ပြည်သူတွေအကြား အထူးသဖြင့် ဂျပန်လူငယ်တွေအကြား အလွန်တရာ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုရင်အရလည်း သတိပြုလေ့လာနေဆဲ ဖြစ်တုန်းပါ။

လဘက်ရည်အိမ်တွေမှာ တစ်ခါတစ်ရံ နံရံမှာ ချိတ်ထားပြီး တစ်ခါတစ်ရံ ပြတင်းပေါက်မှာ တင်ထားကြတယ်။ အိမ်ရှေ့မှာ ဧရာမပန်းပွင့်ကြီးတွေကိုလည်း အသုံးပြုထားကြတယ်။ ဒါက ပန်းပွင့်များကို စီစဉ်ထားခြင်းဆိုတဲ့ အိကေပုန (Ikebana)ရဲ့ မူးရင်းဓလေ့လို့လည်း ဆိုကြတယ်။

တစ်ခြား ဇင် ယဉ်ကျေးမှုကတော့ ဘွန်ရှိ (Bonsai) လို့ ခေါ်ပါတယ်။ ၄င်းက အကိုင်းအခက်အလက်တွေနဲ့ စည်ပင်ဝေဖြာနေတဲ့ သစ်ပင်ကောင်းတစ်ပင် ဖြစ်ပါတယ်။ ဇင်ရဲ့ တစ်ခြားသြဇာလွမ်းမိုးမှုကတော့ ချုံနွယ်အချို့ လဘက်ရည်အိမ်တစ်ချို့ သစ်ပင်တစ်ချို့နှင့် သိပ်မကြီးတဲ့ ငါးတွေမွေးမြူထားတဲ့ ရေကန်တစ်ခုကို အသုံပြုထားတဲ့ ဇင်ဥယျာဉ်ပဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာ သစ်ပင်အကြီးတော့ မရှိဘူး။ ဥယျာဉ်ထဲမှာကျောက်သား တစ်ချို့သာ ရှိတယ်။ အဲဒီဥယျာဉ်ကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ ထေရ၀ါဒတွေမှာလို့ အနိစ္စ သို့မဟုတ် ပဋိစ္စသမုပ္ပာဒ်ရဲ့ အခြေခံ စည်း မျဉ်းစည်းကမ်းကိုလည်း သတိပြုနိုင်တယ်။

ဇင်ဗုဒ္ဓဘာသာက စာပေရေးရဲ့ ရှုမြင်မှု ဗိသုကာပညာ ပြဇာတ် ဆေးရေးပန်ချီနှင့် လူမှုဘ၀တွေမှာ--လဘက်ရည်အခမ်းအနား ဟင်းသီဟင်းရွက် အချက်အပြုတ် ပန်းအလှဆင်ခြင်း စီမံကိန်း အိမ်တွင်းအလှဆင်ခြင်းကဲ့သို့သော လူနေမှုဘ၀များကို သြဇာသက်ရောက်နေဆဲ ဖြစ်ပါတယ်။ ပြီးတော့ ကနေခေတ်မှာတောင်မှ ဂျပန်ပြည်ရဲ့ ပညာရေးလေ့ကျင့်မှုတွေအပေါ်မှာ သြဇာသက်ရောက်နေဆဲလို့ လေ့လာတွေ့ရှိရပါတယ်။ ခြုံပြီးပြောရရင် အကျဉ်းအားဖြင့် ဇင်ဗုဒ္ဓဘာသာဝင်တွေက မရှိသလောက် ရှားပါးကုန်ပါပြီ။ သို့ပေမယ့် အကျဉ်းအားဖြင့်တော့ ဇင်ယဉ်ကျေးမှု ဇင်ဒဿနနှင့် ဇင်ဗုဒ္ဓဘာသာရဲ့ သြဇာသက်ရောက်မှုက ဂျပန်လူမျိုးဘ၀တွေနှင့် ခွဲခြားလို့ မရနိုင်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။


(Manual of Zen Buddhism
lecture by university of kelaniya မှ မှီငြမ်းပြု တင်ပြသည်။)