Thursday, December 2, 2010

ဈင်ပုံပြင်

၃။ ရွံ့ထူနေတဲ့ လမ်းပေါ်မှာ စိန်တစ်ပွင့်ကို ရှာတွေ့ခြင်း


ဂုဒိုသည် သူ့ခေတ်သူ့အခါရဲ့ ဧကရာဇ်ရဲ့ ဆရာတစ်ယောက် ဖြစ်တယ်။ သို့ပေမဲ့ အရပ်တကာလည့်လည်တဲ့ ကုန်သည်တစ်ယောက်လိုပဲ တစ်ယောက်တည်း ခရီးသွားလေ့ရှိတယ်။ ရိုးဂုန်(shogun)ရဲ့ ယဉ်ကျေးမှုတွေ နှင့်နိုင်ငံရေး စင်တာဖြစ်တဲ့ အီးတို(Edo)ဆိုတဲ့ မြို့ကိုသူသွားတဲ့အခါ သူဟာ တခေနက(Takenaka)လို့ ခေါ်တဲ့ ရွာသေးသေးတရွာကို ရောက်သွားတယ်။ အဲအချိန်မှာ ညနေခင်း ဖြစ်နေပြီ။ ပြီးတော့ ကောင်းကင်က မိုးတွေလည်း ရွာချနေတယ်။ ဂုဒို (Gudo)က တစ်ကိုယ်လုံး စိုရွဲနေတယ်။ သူ့ရဲ့ဂျုံရိုးဖိနပ်က တစ်စစီ ကျိုးပြတ်သွားတယ်။ ရွာရဲ့လယ်တဲ့တစ်ခု အနီးမှာ သူက ပြတင်းတံခါး၌ ဖိနပ် လေးငါးစုံကို တွေ့လိုက်တယ်။ ပြီးတော့ ခြောက်သွေ့တဲ့ ဖိနပ်တစ်စုံကို ၀ယ်ယူဖို့ သူဆုံးဖြတ်လိုက်တယ်။
သဲကြိုးဖိနပ်ပေးလာသော မိန်းမကြီးက မိုးရေတွေ စိုနေတဲ့သူ့ကို ကြည့်ရင်း အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တယ်။ ကုဒိုလည်း ကျေးဇူးတင်စကားပြောရင်း ၀င်ထိုင်လိုက်တယ်။ မိသားစုနှင့် မတွေ့မီ သုတ်မန္တာန်များကို ရွတ်ဆိုပေးပြီး အတွင်းသို့ ၀င်လိုက်တယ်။ သူမကလည်း သူ့မိခင် သူ့ကလေးတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်။ မိသားစုတွေ တမိုင်တစ်ထွေထွေဖြစ်နေတာကို သတိပြုမိလို့ ဘာတွေဖြစ်နေလဲလို့ မေးလိုက်တယ်။
“ကျမယောကျာ်းက ဖဲသမား အရက်သမားတစ်ယောက် ဖြစ်တယ်။ သူသောက်ပြီးလို့ မူးလာပြီဆိုရင် ရိုင်းရိုင်စိုင်းစိုင်း ဖြစ်လာတယ်။ သူဖဲရှုံးတဲ့အခါတိုင်း သူများဆီက ပိုက်ဆံတွေ ချေးတယ်။ တစ်ခါတစ်လေ အမူးတွေလွန်ပြီး အိမ်တောင်ပြန်မလာဘူး။ ကျွန်မ ဘာလုပ်နိုင်မလဲ?”
“သူ့ကို ဘာတွေ ကူညီပေးရမလဲ? ဒီမှာ ပိုက်ဆံး။ ၀ိုင်အရက် တဂါလံနှင့် လဘက်ရည်နည်းနည်းပေးပါ။ မင်းအေးအေးဆေးဆေး အနားယူပါ။ ငါသူနဲ့ မတွေ့ခင် တရားထိုင်လိုက်အုံးမယ်။”
ညသန်းခေါင်လောက်ကျတော့ ယောကျာ်းဆိုသူ အိမ်ကို ပြန်ရောက်ပါတယ်။ အရက်တွေလည်း မူးလို့။
“ဟေး မိန်းမ ငါပြန်ရောက်ပြီကွ။ ငါအတွက် စားစရာတစ်ခုခု ယူခဲ့စမ်းကွာ”
“ရော့ မင်းအတွက် ငါ စီစဉ်ထားတယ်။ မိုးတွေ ရွာနေလို့ ဒီည ဒီမှာတည်းမှ ဖြစ်မယ်။ မင်းဇနီးက မိုးတွေရွာနေတဲ့အတွက် ဒီည ဒီမှာတည်းပါလို့ စေတနာနဲ့ ပြောလို့ ငါဒီမှာ တည်းလိုက်တယ်။ ၀ိုင်တစ်ချို့နဲ့ ငါးကြော်ကို ငါဝယ်ထားတယ်။ မင်းအတွက်လည်း ပိုဝယ်ထားတယ်။” လို့ ဂုဒိုက ပြောလိုက်ပါတယ်။
အရက်သမားလူကြီးက သိပ် သဘောကျသွားတယ်။ တစ်ခွက်ပြီးတစ်ခွက်သောက်ပြီး ကြမ်းပြင်ပေါ်မှာပဲ မှောက်သွားတယ်။ ကုဒိုကတော့ သူ့ဘေးမှာပဲ တရားရှုမှတ်နေလိုက်တယ်။
မိုးလင်းတဲ့အခါကျတော့ ယောက်ျားလုပ်သူက နိုးလာပြီး ညတုန်းအဖြစ်အပျက်တွေကို သတိမရတော့ဘူး။ မေ့ကုန်ပြီ။
“မင်း ဘယ်သူလဲ?”
“မင်းဘယ်က လာသလဲ” လို့ တရားရှုမှတ်နေဆဲ့ဖြစ်တဲ့ ကုဒိုကို မေးလိုက်တယ်။
“ငါက ကျိုတိုမြို့က ကုဒိုဘုန်းတော်ကြီးတစ်ပါးပါ။ အခု အီတိုမြို့ကို သွားမလိုပါပဲ” ဇင်ဘုန်းတော်ကြီးက ပြန်ဖြေလိုက်ပါတယ်။
အရက်သမားကြီးက တော်တော်ရှက်သွားတယ်။ ဘုန်းတော်ကြီးကိုလည်း ၀န်ချ တောင်းပန်လိုက်တယ်။
“ဘ၀မှာ အရာရာတိုင်းက မမြဲပါဘူး။ ဘ၀ဆိုတာ တိုတောင်းလွန်း လှပါတယ်။ လောင်းကစားနှင့် အသောက်စားတွေမှာပဲ မင်းဘ၀အချိန်ကုန်နေမယ်ဆိုရင် တစ်ခြားအရာကို ပြုလုပ်ဖို့ မင်းမှာ အချိန်မရှိတော့ဘူး။ ပြီးတော့ ဒါဟာ မင်းမိသားစု ဆက်းရဲဒုက္ခရောက်ရခြင်း အကြောင်းပဲ ဖြစ်ပါလိမ့်မယ်။” လို့ ဘုန်းတော်ကြီးက ပြုံးပြုံးလေးနဲ့ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးလိုက်တယ်။
“ဟာ သိပ်မှန်တာပေါ့”
“ဒီလောက်တန်ဖိုးရှိတဲ့ တရားတွေအတွက် ဘယ်လိုကျေးဇူးတုံ့ပြန်ရမလဲ?
“အရှင့်ကို ကြာကြာ ဖူးတွေ့လို့ရအောင် ခရီးအနည်းငယ်လောက် လိုက်ပို့ပေးရစေ” လို့ အိမက်မှလန့်နိုးသူပမာ အရက်သမားက တောင်းပန်လိုက်ပါတယ်။
“မင်းဆန္ဒရှိသလို လုပ်ပါ” ကုဒိုက ခွင့်ပြုလိုက်တယ်။
နှစ်ယောက်သား အတူထွက်လာခဲ့ကြတယ်။ နှစ်မိုင် သုံးမိုင်လောက်ရောက်တော့ အရက်သမားကို ပြန်ခိုင်းတယ်။
“နောက်ထပ် ငါးမိုင်လောက် ပို့ပေးပါရစေတဲ့” လို့ အရက်သမားက တောင်းပန်လို့ နှစ်ယောက်အတူ ခရီးဆက်ခဲ့ကြပြန်တယ်။
“မင်း ပြန်သင့်ပြီး မောင်ရင်”လို့ ကူဒိုက ပြောတယ်။
“ နောက်ထပ် ဆယ်မိုင်လောက် ပို့ပေးပါရစေ” အရက်သမားလူကြီးက ပြန်ဖြေလိုက်တယ်။
ဆယ်မိုင်ကျော်ကျော် ရောက်လာလို့ ကုဒိုက ပြန်ခိုင်းပြန်တယ်။
“ကျနော့်ဘ၀ရဲ့ နောက်ပိုင်းအချိန်အားလုံးမှာ အရှင့်နောက်ကိုပဲ လိုက်ပါရစေ” လို့ အရက်သမားက တောင်ပန်ပြီး ပြောပါတော့တယ်။
ကုဒိုက အောင်မြင်ကျော်ကြားတဲ့ ဘာသာရေးဆရာ တစ်ယောက်ဖြစ်တယ်။ သူဟာ ဂျပန်ရဲ့ ဆာမူရိန်းမျိုးနွယ်မှ ရဟန်းပြုလာပြီး ခေတ်သစ် ဇင်တရားတွေကို သင်ကြားပေးနေတယ်။ အိမ်ကို မပြန်တော့တဲ့ အရက်သမားကတော့ မူနန်အမည်နဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သွားပါတာ့တယ်။


(အတွေးစကို ဆက်ရရင် ဟုတ်ပါတယ်။ စိန်ကောင်းကျောက်ကောင်းဆိုတာ သို့မဟုတ် ပတ္တမြားဆိုတာ အခြေအနေအရ ရွံမြေမှာ နစ်နေရပေမယ့် ဆရာကောင်းနဲ့တွေ့ရင် တန်ဖိုးတရားက မြင့်တာလာရတာ ဓမ္မတာပါပဲ။ ပုံပြင်ထဲကပြောထားတဲ့အတိုင်း ဘ၀ဆိုတာ တိုတောင်းပါတယ်။ ဘယ်အရာမှ မြဲတယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ နေ့စဉ်ဘ၀မှာလည်း တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် တည်ဆောက်ကြပါစို့လား?)