Tuesday, December 7, 2010

အိပ် ပျက် ည ရဲ့ တောက် ကြိုး ပျက် သံ စဉ်



လင်္ကာညရဲ့ ပူအိုက်စပ်မှုကလဲ အရသာ မရှိလိုက်တာ
ကြယ် လ တွေရေ အမြန်သာ ထွန်းလင်းပါလေတော့
မြောက်ပြန်လေ တစ်ချက် ဝှေ့ ခတ်လေ တိုင်း
အမှောင်ညက ကြီးစိုးကုန်ပြီ

ငါ ခိုး ခိုး ပြီး နိုးနေခဲ့ရတာ
ဘယ်နှစ်ရာသီစာတောင် ရှိပြီလဲ
အာရုံကျင်းမှ မိုးလင်းသွားတာမျိုးလဲမဟုတ်

မီးအိမ်ရှင်ရေ..
ဂရုဏာမဲ့ သံစဉ်နှင့် စည်းဝါးလွတ် ကဦးမလို့လား
ဒီရင်မှာ စုန်းမီးတွေတောက်နေပြီ

အစီအရီ ညာသံပေး ချီတက်ခြင်းနှင့်
ဝေ ဟင် တပ် သား ခြင်သတ္တ၀ါတွေ
မလုံတစ်လုံ ကွန်ယက်တွေကြား
အတင်း တိုး ၀င်နေ ကြ ပါ လား

အရေ ခုနစ်လွာ ကိုက် ဖဲ့ ထိုး သတ် လာသူ
သွေး စုပ် ဖုတ် ကောင် ကြမ်းပိုးတွေ ဖြစ်နေလေရဲ့
ဒီလိုနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေနိုင်သူ ဘော်ဒါကတော့
ဆင်တက်နင်းတာတောင် ကြမ်းပိုးကိုက်တယ် ထင်ရပုံနဲ့
စပါရှယ်ကို အိပ်လို့ နေပါရော့လား

ရေး လက် စ ကဗျာ ဖတ် လက် စ ကဗျာ
တွေးလက်စ ကဗျာ ပစ္စလက္ခ ပြန့်ကျဲ နေစဉ်မှာပဲ
အိပ်ပျက် ညတွေ ကံဆိုး မိုးမှောင် ကျတဲ့ ညတွေ
ဒီ ည ပါ ထည့် ပေါင်း လိုက် ရ ပြီ