Wednesday, December 8, 2010

လူ့ဘ၀ လူ့ပြဿနာ (၁)

လူသားတစ်ယောက်အနေနဲ့ ဆိုရရင် ကျနော်တို့မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုရဲ့ အဆင့်တစ်ခုကို ရရှိကြမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ ရာစုနှစ်လောက်မှာတော့ ဒီအခြေအနေကို အိပ်မက်တောင် မက်ခဲ့ကြမှာ မဟုတ်ပါဘူး။ ခေတ်သစ်နည်းပညာတွေရဲ့ အံ့သြဖွယ်ရာတွေက သဘာဝတရားရဲ့စွမ်းအင်အပေါ်မှာ ဧရာမ power စွမ်းအားကြီးတွေကို ထုတ်ယူနေကြတာပါ။ ကျနော်တို့ဟာ ဘေးဒုက္ခအမျိုးမျိုးတွေကို အောင်နိုင်တတ်ပါတယ်။ သို့ပေမယ့် အဆုံးစွန်သော မေးခွန်း တစ်ခုကတော့ မေးစရာ ရှိနေပါတယ်။
အဲဒါက ဘာလဲဆိုတော့................
အတိတ်က အဘိုးအဖွားတွေထက် ပိုတဲ့ ပျော်ရွင်မှုတွေ ရနေပြီလား ?
အဖြေကတော့ No လိုပဲ ဖြေရမှာပါ။
အမျိုးသမီးများ, ကလေးများနှင့် ချို့တဲ့နွမ်းပါးသူများကို မတရားအနိုင်ကျင့်ခံရမှုတွေ ဘာသာရေးနှင့် လူမျိုးရေးခွဲခြားမှုတွေ, အသားအရောင်ခွဲခြားမှုစနစ်နှင့် အမျိုးဇာတ်ခြားနားခြင်းစနစ်တွေကလဲ မရပ်မစဲဘဲ ဆက်လက်ဖြစ်ပွားနေဦးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တာတစ်ခုကတော့ ဒီလို ရုပ်ဝတ္တုစည်းစိမ်ခံတဲ့သူတွေဟာ သူတို့ထက် ဆင်းရဲနွမ်းပါးတဲ့သူတွေထက် ပိုပြီး စိုးရိမ်တတ်ကြတယ်ဆိုတာပါပဲ။ စိတ်ပိုင်းဆိုင်ရာ ငြိုးနွမ်းခြင်း, စိတ်ဖိစီးမှုများခြင်းနှင့် အထီးကျန်ခြင်းတို့ဟာ ယနေ့ခေတ်သစ်လူမှုအဖွဲ့အစည်းတွေမှာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ စိုးရိမ်စရာ ပြဿနာတွေပါ။ သို့ပေမယ့် မဖြစ်မနေ မေးခွန်းထုတ်ရမယ့် အရာတစ်ခုလဲ ရှိနေသေးတယ်။ အဲဒါကတော့
ဒီနေ့ကမ္ဘာကို တုန်လှုပ်စေတဲ့ မကောင်းမှုအားလုံးတို့အတွက် ဘယ်သူ့မှာ တာဝန်ရှိနေသလဲ?

လူတွေ ရယူဖန်တီးခဲ့တဲ့ တိုးတက်ခြင်းတွေအတွက် ရယူပိုင်ဆိုင်ဖို့ စိတ်ဇောကပ်နေသူတွေက အများသားပါ။ လူမှုအဖွဲ့အစည်းရဲ့တိုးတက်ခြင်းဆိုတဲ့အရာတွေအတွက် ဘာသာရေးခေါင်းဆောင်တွေ, သိပ္ပံပညာရှင်များ, နိုင်ငံရေသမားများနှင့် စီးပွားရေးသမားများ စတဲ့သူတွေကို အလေးထားလိုအပ်ခဲ့ကြတာပါ။ သို့ပေမယ့် ............
တာဝန်ဝတ္တရားတွေကို ဘယ်သူတွေကို မျှဝေကြမလဲ?

လူတိုင်းလူတိုင်းမှာ တူညီတဲ့တာဝန်ဝတ္တရားတွေရှိတယ်ဆိုတာကိုတော့ လက်ခံထားရမှာပါမယ်။ လူသားတွေကို ငြိမ်းအေးခြင်းနှင့် ပျော်ရွှင်မှုတွေ ယူဆောင်ပေးဖို့ ကျွန်ုပ်တို့အပေါ်မှာ တာဝန်ရှိတယ်လို့ ခံယူထားပါလျှင် ကျွနု်ပ်တို့ကိုယ်တိုင်အပေါ်မှာပဲ မီးမှောင်းထိုးပြလိုက်ကြပါစို့။ ရိုးသားခြင်းဆိုတဲ့ အရာအားလုံးမှာ ကျွန်ုပ်တို့ကိုယ်တိုင် ကြေငြာလိုက်ကြပါစို့။
ယနေ့ကာလမှာ အမှန်ကို အမှန်တိုင်းပြောဖို့ ကျွန်ုပ်တို့ဟာ အင်မတန်ကို ကြောက်ရွှံ့နေကြတယ်။ ထို့ကြောင့် ကြောက်ရွှံခြင်းကို ပယ်ရှားပေးဖို့ ကျနော်တို့မှာတာဝန်ရှိလာပါတယ်။ ဆိုကြပါစို့ လူတွေရဲ့ လိုအင်ဆန္ဒကို အားရကျေနပ်စေဖို့အတွက် စွန့်စားရမယ့် အချက်တစ်ချက်တော့ ရှိပါတယ်။ ငွေ နှင့် ရာထူးအာဏာအတွက် လောဘတရားဟာ မသမာလူတစ်ချို့ဆီမှာတော့ ရှိနေကြမှာပါပဲ။ သန်းပေါင်းများစွာတန်တဲ့ လုပ်ငန်းတွေ တိုးတက်ဖို့၊ ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ စည်းစိမ်ခံဖို့ လုပ်ဆောင်နေကြသူတွေပါ။ ငယ်ရွယ်တဲ့ကလေးတွေကို လုပ်ငန်းအတွက် မတရားဖိနှိပ်ပြီး စေခိုင်းနေကြပြီ။
ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လိုက်တော့လဲ လူမျိုးနွယ်စုတွေဟာ သဘောထားကွဲလွဲခြင်း စိတ်မချမ်းမသာဖြစ်ခြင်း တစ်ကိုယ်ကောင်းဆန်ခြင်း လိမ်လည်လည့်ဖျားခြင်းနှင့် ခိုက်ရန်ဖြစ်ခြင်းဆိုတဲ့အရာတွေမှ ဘယ်ခေတ်ဘယ်အခါမှ လွတ်မြှောက်ခဲ့တယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ဘ၀ရဲ့ အိမ်နှင့် အလုပ်ထဲမှာသာမက လောကကြီးအတွက်လည်းဘဲ ငြိမ်းအေးမှုဆိုတာ အင်မတိ အင်မတန် လိုအပ်လှပါတယ်။ တစ်ယောက်နှင့်တစ်ယောက် ပဋိပက္ခဖြစ်ခြင်းကနေ မြင့်တက်လာတဲ့ စိုးရိမ်ကြောက်ရွှံမှုတွေဟာလဲ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အပြုအမူပိုင်းဆိုင်ရာတွေမှာ နောက်ယှက်ဖျက်ဆီးရုံသာမက ကျွန်ုပ်တို့ သန္တာန်အထိ တရဟော စီဆင်းလာနေပါတယ်။ လူတွေကို ဒီလိုစိုးရိမ်ကြောင့်ကြမှု အကြောက်တရားတွေ ကြီးစိုးနေခြင်းကြောင့် လူတွေဟာ လောကမှာ ရက်စက်ကြမ်းကြုတ်ဆုံးလူတွေ ဖြစ်လာနေပါပြီ။ သူတို့ဟာ အထိုက်အလျောက်တော့ အောင်မြင်ကြမယ်။ သို့ပေမယ့် ဒီလိုလုပ်မယ်ဆိုရင် ဆိုးဝါးတဲ့ ဆုလာဒ်တစ်ခုကို ပေးကြပါလိမ့်မယ်။ သူတို့ဟာ စည်းစိမ်ဥစ္စာနှင့် ရာထူးအာဏာအတွက် စိတ်ငြိမ်းချမ်းခြင်းကိုလဲ စွန့်လွတ်ခဲ့ကြပြီးပါပြီ။
ယနေ့ခေတ် ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခြေခံပြဿနာကတော့ ကိုယ်ကျင့်တရားတွေ ဆိုးဝါးလာပြီး အသိဥာဏ်တွေကို တလွဲ အသုံပြုနေကြတာပါပဲ။ သိပ္ပံနှင့် နည်းပညာတွေက တိုးတက်နေတဲ့အချိန်မှာ ကမ္ဘာကြီးကတော့ လုံခြုံမှုတွေ ငြိမ်းချမ်းမှုတွေမှ ဝေးကွာနေပါပြီ။ တကယ်တော့ သိပ္ပံနှင့် နည်းပညာတွေထက် ကိုယ်ကျင့်တရား ဆိုးဝါးမှု အသိဥာဏ် တလွဲသုံးမှုတွေဟာ လူဘ၀ကို ပိုပြီးတော့ လုံခြုံမှု ကင်းမဲ့စေတာပါ။ ဒီလိုနဲ့ပဲ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုသာ မရှိဘူးဆိုလျှင် အဲဒါက ကျနော်တို့ ပြဿနာတွေမှာ ပြီတော့ လူမှုအဖွဲ့အစည်းတွေမှာ သုတ်သင်ရမယ့် အန္တရာယ်အဖြစ် အဓိကထား ကိုင်တွယ်ရပါ့မယ်။ (Ksi. Dhammanandaရဲ့ Human life and problems ကို ဘာသာပြန်ပါသည်