Monday, December 13, 2010

လူ့ဘ၀ လူ့ပြဿနာ (၃)


Accumulation of Wealth

ပစ္စည်းဥစ္စာကို ပိုမိုပြီး စုဆောင်းခြင်းအားဖြင့် လူတွေဟာ သူတို့ရဲ့ ပြဿနားများကို ကျော်လွှားနိုင်လိမ့်မယ်လို့ လူတစ်ချို့ကတော့ ထင်တတ်ကြတယ်။ ဒါကြောင့် အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ခြင်းအားဖြင့် ပိုမိုပြီး ချမ်းသာတဲ့ဖြစ်လာဖို့ ကြိုးစားကြတယ်။ သို့ပေမယ့် သန်းပေါင်းများစွာ ချမ်းသာတဲ့သူ ဖြစ်လာပြီးနောက်မှာ သူတို့ဟာ မျှော်လင့်မထားတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်တို့နှင့် ပိုပိုပြီး ရင်ဆိုင်ကြရတယ်။ သူတို့ရဲ့ ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့နေရာမှာ လုံခြုံမူ ကင်းမဲ့ခြင်း ပူပန်ရခြင်း ရန်သူများနှင့် ခက်ခဲ့ကြပ်တည်းမှု စတဲ့ ပြဿနာတွေလည်း အပါအ၀င်ပေါ့။ ဒါကြောင့် တစ်ကိုယ်တည်း ပစ္စည်းဥစ္စာများစုဆောင်းခြင်းက လူမှုပြဿနာများကိုအတွက် ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးဆိုတာ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ပစ္စည်းဥစ္စာဆိုတာ ပြဿနားများကို ကျော်လွားဖို့ တကယ့်ကို ကူညီမပေးနိုင်ဘူးဆိုတာ သံသယရှိစရာမလိုပါဘူး။ ပြီးတော့ လောကကြီးရဲ့ ပျော်ရွှင်မှုအားလုံးတို့ဟာလဲ ငွေကြေးဥစ္စာကနေတစ်ဆင့် ရရှိနိုင်တယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ငွေဆိုတာ သဘာဝပြဿနာများကို အဆုံးသတ်စေတဲ့ နတ်ဘုရားမှ မဟုတ်တာ။
ဆင်ခြင်းမှုအဓိက၀ါဒနှင့် တွေးခေါ်ရှင်ဖြစ်တဲ့ philosophers များကတော့ လူသားအားနည်းချက်ရဲ့ သဘောသဘာဝကို ထောက်ပြကြတယ်။ ပြီးတော့ အဲဒါကို ဘယ်လို ကျော်လွားရမလဲဆိုတာကိုလဲ ညွန်ပြကြတယ်။ သို့သော်လည်း လူတွေကတော့ သီအိုရီတစ်ခုအနေနဲ့သာ မှတ်ယူကြပြီးတော့ သူတို့ရဲ့ ပြဿနာကို ဖြေရှင်းဖို့အနေနှင့်ကတော့ သတိမရကြဘူး။ တစ်ခါတစ်ရံမှာ ပညာတတ် အသိဥာဏ်ရှိသူတွေက သူတို့ကိုယ်တိုင် အတ္တ၀ါဒအမြင်များကို ဖက်တွယ်ထားခြင်းကြောင့် ပြဿနာတွေက ပိုမိုပြီး ကြီးထွားလာတာတွေ ရှိပါတယ်။

The Buddha’s Advice for Earning
စိတ်ပိုင်းဆိုင်ရာ သည်းခံခြင်းတွေ နှင့် တရားဘာဝနာ ရှုမှတ်ပွားများခြင်းများကို ဗုဒ္ဓဘာသာဝင်တွေ အများကြီး ရှိနိုင်ပါတယ်။ သို့ပေမယ့် လေးပုံတစ်ပုံသော ဗုဒ္ဓဘာသာဝင်တွေကတော့ မှားယွင်းသူတွေရဲ့ ဆန့်ကျင်ဘက်အမြင်တွေကို ဆုပ်ကိုင်ထားကြတယ်။ အလုပ်ကို အပတ်တကုတ်လုပ်ဖို့နှင့် အားကြိုးမာန်တက်လုပ်ကြဖို့ မတိုက်တွန်းကြဘူး။ အားမပေးကြဘူး။ တကယ်တော့ မြတ် ဗုဒ္ဓက များစွာသော တရားတွေမှာ ထိန နှင့် မိဒ္ဓ မဖြစ်ကြဖို့ သူ့ရဲ့ တပည့်သာဝကတွေကို ဟောကြားထားပါတယ်။(ထိန= ပျင်းရိငြီးငွေ့ခြင်း မိဒ္ဓ=ထုံထိုင်းဖျင်းအခြင်း) ကုသိုလ်ကောင်းမှုများမှ တစ်ဆင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ အဓိပ္ပါယ်ရတဲ့ စီးပွားဥစ္စာစုဆောင်းမှုအနေနှင့် အလုပ်ကို အပတ်တကုတ်လုပ်ဖို့နှင့် အားကြိုးမာန်တက် ဆောင်ရွက်ကြဖို့ရန် တိုက်တွန်းထားပါတယ်။ စည်းစိမ်ဥစ္စာကို စုဆောင်းမှုကြရန် အားပေးတိုက်တွန်းနေစဉ်မှာပဲ လူကျင့်ဝတ်သိက္ခာများကို မချိုးဖောက်မိစေရန် အမြဲသတိပြုရမှာ ဖြစ်ကြောင်း၊ ဘာသာရေးဆိုင်ရာကျင့်ဝတ် သိက္ခာများကိုလဲ တတ်နိုင်သမျှ လိုက်နာပြုကျင့်ရမှာ ဖြစ်ကြောင်း လူဆိုတာ စည်းစိမ်ဥစ္စာကို စုဆောင်းအသုံးချရုံမျှသာ ပြုလုပ်သင့်ပြီး စည်းစိမ်ဥစ္စာရဲ့ ကျေးကျွန်မဖြစ်သင့်ကြောင်းကိုလဲ မြတ်ဗုဒ်ဓက အကြံပြုထားတယ်။ အမှုမဲ့ အမှတ်မဲ့နေခြင်းနှင့် အချိန်ဖြုန်ခြင်းတို့မှလဲ ရှောင်ကြဉ်ရမယ်။ စည်းစိမ်ဥစ္စာဆိုတာ မိသားစုအတွက် ရှင်သန်ရပ်တည်ဖို့ရန် အနေနဲ့သာ ရှာဖွေစုဆောင်းသင့်တယ်။ ဆွေမျိုးဥာတိများနှင့် သူငယ်ချင်းများကို လိုအပ်တဲ့နေရာတွေမှာ ကူညီဖို့ရန် လက်တွေ့ဆောင်ရွက်သင့်တယ်။ ပြီးတော့ ကုသိုလ်ကောင်းမှုပြုတဲ့အနေနဲ့ လိုအပ်နေတဲ့သူတွေ ဆင်းရဲ နွမ်းပါတဲ့သူတွေကို ကူညီပေးသင့်တယ်လို့ စသဖြင့်လည်း တိုက်တွန်းထားပါတယ်။
ဒီတရားတော်တွေထဲမှာ စည်းစိမ်ဥစ္စာနှင့် ဆက်စပ်ပြီးတော့မှ ပျော်ရွှင်ခြင်း အမျိုးမျိုးတွေကို ဖော်ပြထားတယ်။ မြတ်ဗုဒ္ဓက ပျော်ရွှင်ခြင်းရဲ့ တရားတွေဟာ လေးခုရှိတယ်ဆိုတာ အောက်ပါအတိုင်း ဟောကြားထားပါတယ်။
၁။ တရားသဖြင့်ရှာမှီးထားသော ကုသိုလ်ကောင်းမှုမှ တစ်ဆင့်ဖြစ်သော စည်းစိမ်ဥစ္စာပိုင်ဆိုင်၌ ပျော်ရွှင်ခြင်း
၂။ မှန်မှန်ကန်ကန် သင့်သင့်မျှတပြီး စည်းစိမ်ဥစ္စစုဆောင်းခြင်းအသုံးပြုခြင်းမှ တစ်ဆင့် ပျော်ရွှင်ကျေနပ်ခြင်း
၃။ တစ်စုံတစ်ယောက်ထံ ကြွေးမြီ ကင်းရှင်းခြင်းမှတစ်ဆင့် ကျေနပ်ပျော်ရွှင်ခြင်း နှင့်
၎။ ဥပဒေမဲ့ သို့မဟုတ် တရားမ၀င်သော စည်းစိမ်ဥစ္စာ စုဆောင်းလေ့ရှိခြင်းတို့မှ ရှောင်ကြဉ်နိုင်ခြင်း, မည်သူကိုမျှ မနစ်နာ မထိခိုက်စေဘဲ ပြုလုပ်နိုင်ခြင်း တို့မှတစ်ဆင့် ပျော်ရွှင်ကျေနပ်ခြင်း
ဟူ၏။
MAN’S PLACE ON THIS PLANET
ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက ရှုထောင့်အမြင်က လူသည် တိရိစ္တာန်တို့မှ ခြားနားရမည်။ သူသည် အကျိုးအကြောင်း ဆင်ခြင်ဖို့ရန် သူ့ရဲ့ အသိဥာဏ်နှင့် သိနားလည်မှုတို့ တိုးတက်သောကြောင့် ဖြစ်ပါတယ်။ လူအဓိပ္ပါယ်က အတွေးအခေါ်နဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံးရှိသူလို့ ဆိုနိုင်ပါသည်။ ဘာသာတရားတို့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေကို မှန်မှန်ကန်ကန်တွေးခေါ်တတ်ဖို့ရန် တိရိစ္ဆာန်ဆိုတဲ့ အဆင့်အတန်းတို့မှ မြင့်တက်လာရန် လောကကြီးနှင့် ဆက်စပ်သူများအပေါ် သိမြင်နားလည်လာအောင် ကူညီပေးရန် နှင့် စစ်မှန်သောပျော်ရွှင်မှုနှင့် ပါရမီတို့ရဲ့ အဆုံးစွန်သောပန်းတိုင်တို့ကို ရရှိရေးတို့နှင့်အတူ harmony ကျကျ နေထိုင်ရေးတို့ ဖြစ်ပါတယ်။
လူဆိုတာ အခြေခံသုံးခုဖြစ်တဲ့ အစားအစာ, အ၀တ်အစားနှင့် မျိုးပြန့်ပွားမှုတို့ရဲ့ လိုအပ်တဲ့အခြေအနေပေါ် ကျေနပ်နေကတည်းက အမြဲတမ်း ဆင်ခြင်စဉ်းစားမှုရှိသော မေးခွန်းသုံးခုကို အမြဲ ကိုယ့်ကိုယ်ကိုယ် မေးနေရပါမည်။

Who am I? ငါဘယ်သူလဲ

What am I doing here? ဒီမှာ ငါဘာတွေလုပ်နေလဲ

Am I needed? ငါ့ကို လိုအပ်သလား ဟူ၏။

ဒီမေးခွန်းသုံးခုဟာ ဘယ်တော့မှ မဟောင်းနိုင် မရိုးနိုင်တဲ့ မေးခွန်းတွေ ဖြစ်ပြီး ဒီမေးခွန်းသုံးခုကို လက်တွေ့ကျကျ ဖြေဆိုနိုင်ဖို့ရန် လူသမိုင်းတစ်လျှောက် များစွာသော တွေးခေါ်မှုစနစ်တွေက လူတွေရဲ့အကြားမှာ အမြဲ တိုးတက်ပြောင်းလဲနေတဲ့ မေးခွန်းပါ။ အဓိကအားဖြင့် ဘာသာတရားတွေရဲ့ အကြားမှာ ဆင့်ကဲ့တိုးတက်နေတဲ့ အရာပါ။ သဘာဝအားဖြင့်ဆိုရလျှင် အဲဒီမေးခွန်းသုံးခုကို ပထမဦးဆုံး စတင်ပြီးမေးကတည်းက အဖြေအားလုံးဟာ လူတွေရဲ့ ကိုယ့်ကိုယ်ကိုယ် အဓိကထား ပြန်လည်ရှုမြင်းခြင်း အပေါ်မှာ တည်ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Man in the Universe
လွန်လေပြီးသောကာလကတည်းက လူဆိုတာ စကြာဝဠာလောကကြီးရဲ့ အချက်အခြာဖြစ်တဲ့ လူသားအနေနှင့် သို့မဟုတ် အရေးပါဆုံးအသက်ရှင်နေထိုင်သူအနေနှင့် ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေခဲ့ကြပါတယ်။ ဒီလိုရှုမြင်မှုအလိုအရ လောကကြီးဟာ လူသားတွေအတွက် (သို့) လူသားတွေ လိုချင်သမျှကို ဖြည့်ဆည်းပေးရန်အတွက် ပြုလုပ်ပေးထားသလို ဖြစ်နေပါတယ်။ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းဟာ လူသားတွေ စိတ်ကြိုက်ဖန်တီးသလို ဖြစ်နေသောကြောင့် ဖြစ်ပါတယ်။ ပြီးတော့ လူသားတွေ ပျော်ရွှင်ဖို့အတွက် အစီအစဉ်တွေ တည်ရှိနေတဲ့အတွက်ကြောင့် အရာရာတိုင်းဟာ လူသားတွေအတွက် ဖြစ်နေပါတယ်။

ထို့ကြောင့် ၄င်းကို Humanistic view လို့ ခေါ်တယ်။ ကျနော်တို့မှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း တာဝန်ဝတ္တရားတွေ အများအပြားရှိပါတယ်။ ကျနော်တို့နှင့် စူပေါင်းတည်ရှိတဲ့ အသက်ရှင်သတ္တ၀ါတွေအတွက် စုပေါင်းဆက်စပ်မှုတွေက မဖြစ်မနေ ရှိနေတဲ့အရာပါ။ ဥပမာအားဖြင့် အသားအတွက် မလိုအပ်သော ရှားပါးတိရိစ္ဆာန်များကို စောင့်ရှောက်မှု ရှိရမယ်။ လုပ်ငန်းရှင်ရဲ့ရည်ရွယ်ချက်တွေ (သို့မဟုတ်) အားကစားဖျော်ဖြေမှုဆိုင်ရာတွေအတွက် အသုံးပြုနေသော တိရိစ္တာန်တွေ အပေါ် ကြင်နာသနားတတ်ရမယ်။ ဒီကနေ့ခေတ်မှာ သိပ္ဂံတွေ နည်းပညာတွေက ချီးကျူးဂုဏ်ပြုရလောက်အောင်ကို သဘာဝတရားကို ဖိနှိပ်ချုပ်ချယ်နိုင်ကြတယ်။ ဒီလိုအလွန်တရာဖျက်ဆီးတတ်ခြင်းကို သိမြင်နာလည်နိုင်ရမယ်။ တိုးတက်ခြင်းကို လိုချင်တဲ့ လူသားတွေက ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို နစ်မြုပ်ဖျက်ဆီးနေတာကို တားဆီးကာကွယ်နိုင်ရမယ်။ နှစ်အတော်ကြာသည့်တိုင်အောင် သဘာဝတရားတွေကို ဂရုစိုက်ရပါ့မယ်။ လုယက်မှုတွေ ဖျက်ဆီးမှုနေသူတွေအတွက် လောကကြီးကို ပြုစုလုပ်ကျွေးရန် ဆိုတဲ့ တွေးခေါ်စဉ်စားမှုကို လက်ခံလာအောင် ဆက်လက်ပြီး ကူညီပေးရမယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတွေနှင့် စိတ်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုတွေက တစ်ထပ်တည်း တစ်သားတည်းဖြစ်အောင် ရောင့်ရဲကျေနပ်နေရမယ်။

ဒီကနေခေတ်မှာ လောကကြီးသာယာပျော်ရွှင်မူတွေက မကြာမီ ကုန်ဆုံးတော့မယ်ဆိုတာကို ကမ္ဘာကြီးပူနွေးလာခြင်းကဲ့သို့ သင်္ကေတတွေ ညွန်ပြနေပါပြီ။ မျှော်လင့်ချက်တစ်ခုအနေဖြင့် ပြောရရင် လောကကြီးကို မေတ္တာတရားအမြင် မှန်ကန်တဲ့ အမြင်တွေနှင့် မြင်တတ်ရပါ့မယ်။ အနည်းဆုံး ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းနှင့် ကိုယ့်ကိုယ်ကို နှစ်သိမ့်ခြင်းအတွက် တူညီတဲ့ တစ်ကိုယ်ကောင်းဆန်မှုမရှိခြင်းနှင့်လိုအင်ဆန္ဒတွေက ချင့်ချိန်ပေးနိုင်စွမ်းရှိရပါ့မယ်။ ကမ္ဘာမြေကြီးပေါ်ရှိ သက်ရှိသတ္တ၀ါတွေရဲ့ နာကျင်မှုနှင့် ဆင်းရဲဝေဒနာကို စာနာခြင်းတရားတွေနှင့် ဆင်ဆင်ခြင်ခြင် တွေးတောရပါမည်။

ဗုဒ္ဓဘာသာအမြင်နှင့်ပြောရရင် လူသားတွေရဲ့ နေရာကို သိနားလည်နိုင်ဖို့ရန် စကြာဝဠာအပေါ်မှာ ဗုဒ္ဓအမြင်က အားလုံးရဲ့ ပထမ ဖြစ်နေရပါ့မယ်။ ဗုဒ္ဓရဲ့ အလိုအရ စကြာဝဠာဆိုတာ ကြီးမားတဲ့ အာကာသတစ်ခု အနေနဲ့ နားလည်ရပါ့မယ်။ သက်ရှိသတ္တ၀ါရဲ့ ဂြိုလ်တွေ တိရိစ္ဆာန်ရဲ့ ဂြိုလ်တွေ ၄င်းရဲ့ အာကာသတွေတွေကိုလည်း နားလည်ရပါ့မယ်။

စကြာဝဠာရဲ့ဗဟိုနေရာမှာ စုဖွဲ့ကြပြီး ပျော်ရွှင်နေကြသော အထူးအားဖြင့် ထင်ရှားတဲ့ သက်ရှိသတ္တ၀ါတွေကို ကျနော်တို့ မြင်တွေ့နိုင်ပါတယ်။ စွမ်းအားသာမက ဘ၀နေထိုင်မှုအတွက်ပါ သေးငယ်တဲ့လူသားအဖြစ် ဗုဒ္ဓဘာသာတွေက မြင်ကြတယ်။ လူဆိုတာ တစ်ခြားသော သက်ရှိသူများထက် ပိုတဲ့အရာဆိုတာ မရှိပါဘူး။ သို့ပေမယ့် သိတတ်တဲ့ ဥာဏ်ကတော့ စကြာဝဠာမှာနေထိုင်ကြတဲ့ တစ်ခြားသက်ရှိများထက် ပိုသာပါတယ်။

ယုတ္တိနည်းကျကျ ပြောရရင် လူသားဆိုတာ ကြီးကြီးငယ်ငယ် တစ်ခြားသော သက်ရှိသတ္တ၀ါများထက် ပိုအားနည်းပါတယ်။ တစ်ခြား သတ္တ၀ါများမှာတော့ သူတို့ကိုယ်ပိုင် ကာကွယ်ဖို့နှင့် အခြေအနေတို့အတွက် မွေးရာပါလက်နက်အမျိုးအစားအလိုက် ပေါက်ဖွားလာကြတယ်။ တစ်ခြားတစ်ဖက်မှာတော့ လူသားတွေမှာ အရာရာတိုင်းအတွက် သူတို့ရဲ့စိတ်ထဲမှာ တွေးဆကြံစည်မှုဆိုတာ ရှိကြတယ်။ သို့ပေမယ့် လက်နက်အနေနဲ့တော့ မရှိကြဘူး။ တစ်ခြားသူများနှင့် စည်းဝါးကျကျ နေနိုင်သောကြောင့် လူသားတွေက ယဉ်ယဉ်ကျေးကျေး အသက်ရှင်နေထိုင်သော သက်ရှိအနေနှင့် ဆက်စပ်မှတ်ယူလို့ရတယ်။ သို့ပေမယ့် လူတွေကို ဖျက်ဆီးနေသော သူတွေတော့ မပါဘူးပေါ့။ ဒီ အေးချမ်းဖို့ ရည်ရွယ်ချက်အတွက် လူတွေက ဘာသာတရားတွေကို ရှာဖွေလာကြတယ်။ အသက်ရှင်နေထိုင်တဲ့သူ အားလုံးတို့ဟာ energizes man ဖြစ်တဲ့ ဘ၀ခွန်အားတွေကို မျှဝေကြတယ်။ သူတို့ဟာ စကြာဝဠာဆိုင်ရာ အားကြီးသောသူများဖြစ်ကြတယ်။ ပြန်လည်မွေးဖွားမှု အမျိုးမျိုးအတွင်းမှာ ယူဆောင်လာကြပြီး တိရိစ္ဆာန်မှ လူသားအဖြစ် ပြောင်းလဲလာခဲ့ကြတယ်။ တဖန်ပြန်ပြီးတော့ လူနှင့် တိရိစ္ဆာန်ကို ခွဲခြားလာနိုင်ကြတယ်။ ဖြစ်တည်မှုအတွက် powerful craving တွေက လှုပ်ရှားကြတယ်။(powerful craving တဏှာတရား) မွေးဖွားသည်မှ သေဆုံးသည့်တိုင်အောင် မောင်းနှင့်တာ ခံနေရတယ်။ တဖန် သံသရာလို့ ခေါ်တဲ့ ဘယ်တော့မှ အဆုံးမရှိတဲ့ စက်ဝိုင်းမှာပဲ ပြန်ပြန်ပြီး မွေးဖွားနေကြတယ်။ သံသရာသို့ လူတွေကို ချည်နှောင်ထားတဲ့ ရေသောက်မြစ်က လောဘ ဒေါသနှင့် မောဟ တို့ သုံးခုသာ ဖြစ်တယ်။

Wisdom ရဲ့ တိုးတက်မှုမှ တစ်ဆင့် သံယောဇဉ်တရားကို ပျက်စီစေမှသာ ဒီသံသရာက ယတိပြတ် ကျိုးပျက်နိုင်ပါလိမ့်မယ်။ တဏှာတရားရဲ့ အဆုံးကိုလဲ ဖြတ်တောက်ပစ်နိုင်ပါလိမ့်မယ်။ ဒီစကြာဝဠာမှာ အခြေချနေထိုင်တဲ့ လူသားအနေနှင့် ပြောရရင် ကျနော်တို့ရဲ့ ကံကြမ္မာနှင့်သံသရာဆိုတာ ကျနော်တို့အားလုံး ဆက်လက်ပြီး ဘ၀ဆက်တိုင်းဆက်တိုင်း ရှင်သန်နေထိုင်သွားချင်နေကြတဲ့ တဏှာတရား ပြတ်တောက်မှု ရှိမရှိ အပေါ်မှာသာ မူတည်၍ နေပါတယ်။

‘All tremble at the rod (punishment). All fear death. Comparing others with oneself, One should neither strike, nor cause to strike’ _Dhammapada

သတ္တ၀ါအားလုံးတို့ဟာ ဒဏ်ပေးခံရမှာကို တုန်လှုပ်ကြတယ်။ သတ္တ၀ါအားလုံးတို့ဟာ သေမှာကို ကြောက်ကြတယ်။ မိမိကိုယ်တိုင်လည်း တစ်ပါးသူများကဲ့သို့ နှိုင်းယှဉ်ပြီးတော့ သတ္တ၀ါတွေကို မညှင်းပန်း မနှိပ်စက်သင့်ပါ။ (ဓမ္မပဒ)


ပြင်းရှရှ လောကဓံ မာန နှင့် အရောင်စပ် အတ္တကို ကျောသပ်သပ်နေရတာ ဘ၀က တစ်ဝက်ခါးနေပြီ။ အတ္တတွေ စီးဝင်နေတဲ့မြစ် အနားသတ်မရမှတော့ ဖြစ်ချင်ရာဖြစ် ကန်သင်းမဆည်တော့ဘူး... (သူငယ်ချင်းတစ်ဦးရဲ့ ကဗျာမှ)