Tuesday, December 14, 2010

လူ့ဘ၀ လူ့ပြဿနာ (၄)

အရာအားလုံးဟာ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် တစ်ခြားအရာများအပေါ်မှာသာ မှီတည်လေ့ရှိသည်။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တစ်ခြားသောသတ္တ၀ါများမှ ကွဲပြားခြားနားတယ်ဆိုသည်ကို မမြင်နိုင်ဘဲ ရှိတတ်ကြသည်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ အစားအစာအပေါ်မှာ တည်မှီနေသည်။ သူ့ရဲ့ ရှင်သန်ရပ်တည်မှုအတွက် အသီးအနှံ, ရေ နှင့် oxygen ရှူရှိုက်မှု စသဖြင့် အပေါ်မှာသာ တည်မှီနေကြသည်။ တစ်ချိန်တည်းမှာပဲ လူရဲံ စိတ်ဟာလည်း ဆိုခဲ့ပြီးတဲ့ အရာဝတ္ထုတွေ အပေါ်မှာသာ မူတည်နေကြသည်။ လူနှင့် ဒြပ်ဝတ္ထုတို့ရဲ့ ပြင်ပကမ္ဘာများမှ စံတစ်ခုဖြစ်သော အာရုံဆိုင်ရာ အချက်အလက်များမှတစ်ဆင့် တည်ရှိနေကြသောကြောင့်လည်း ဖြစ်သည်။ စကြာဝဠာတစ်ခုလုံးကို ဧရာမကွန်ယက်ကြီးတစ်ခုအနေနှင့် မြင်ကြည့်ရပါ့မည်။

ထုံးဖွဲ့ထားတဲ့ ခြင်းလုံးတစ်လုံးကဲ့သို့ပဲ စကြာဝဠာတစ်ခုလုံး လှုပ်လှုပ်ဖြစ်နေသည်။ လူသည် လောကကြီးကို သစ္စာပြုပြီး ကျေးဇူးပြုရပါ့မည်။ ဘာလို့လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး ရပ်တည်ရှင်သန်ဖို့အတွက် ၄င်းအပေါ်မှာ တည်မှီနေသောကြောင့် ဖြစ်သည်။ ဒါကြောင့် လူရဲ့ သဘောထားက လောကကြီး၏ ကောင်းကျိုးဆီသို့ ဦးညွတ်နေသင့်သည်။ ကလေးကလွဲလို့ လူအဖွဲ့အစည်းတစ်ခုလုံးကို ဖူးဖူးမှုတ်ပြီး ထိုင်ကြည့်မနေသင့်ပါ။ လောကကြီးကို တစ်စုံတစ်ဦးတည်းက ဖန်တီးနေသည် မဟုတ်။ သို့ပေမယ့် လောကကြီးကသာ လူတွေကို အမြဲကူညီနေသည်သာ ဖြစ်သည်။ လောကကြီးအခြေအနေက favouritism -ဟူသည် မရှိ။ လူတို့သည် လောကကြီးအပေါ် ကိုယ်ချင်းစာ စာနာနိုင်သည်။ ရက်စက်ကြမ်းတမ်းနိုင်သည်။ သို့ပေမယ့် လောကကြီးကတော့ ဘက်လိုက်နေမည်တော့ မဟုတ်။ လူတွေ အမြဲသတိပြုရမည့် အချက်တစ်ခုက ဤသို့ ဖြစ်သည်။ “ကမ္ဘာလောကကြီး တည်ရှိနေသောကြောင့်သာ လူတွေ ရှင်သန်ရပ်တည်နေနိုင်သည်” ဟူ၏။

သို့အတွက်ကြောင့် လူမည်သည် သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးကျေးဇူးအတွက် ကမ္ဘာလောကကြီး ထံမှ မတရားဖျစ်ညှစ်ရယူဖို့ရန် မကြိုးစားသင့်ပါ။ ၄င်းကို လေးလေးစားစားနှင့် ထိန်းသိမ်းစောင့်ရှောက်ရမည်။ သဘာဝတရားနှင့် သက်ရှိ သတ္တ၀ါအားလုံးတို့ဆီသို့လည်း ဂရုပြုနေရမည်။ လူသည် ကမ္ဘာမြေကြီးဆီသို့ အလည်လာသော newcomer တစ်ယောက်သာ ဖြစ်သည်။ သူသည် တစ်ခြားဘ၀တူ ညီအစ်ကိုများကို လေးစားတတ်ဖို့ရန် လေ့လာရမည်။ သူသည် ဧည်သည်တစ်ယောက်ထက်ပိုတဲ့ ကောင်းတဲ့ အပြုအမူများကိုလည်း လေ့လာရမည်။ ထိုထက်ပို၍ အားလုံးကို အောင်နိုင်သော ဖဲကစားသမားတစ်ယောက်ရဲ့ လေ့လာခြင်းကဲ့သို့ ကမ္ဘာလောကကြီး၏ ကောင်းကျိုးအတွက် ချွင်းချက်မရှိ လေ့လာရမည်။ (ဆက်ရန်)

(ဤနေရာ၌ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်မှ စာသားတစ်ကြောင်းကို တင်ပြပါမည်။ လောကကြီးမှာ ကျနော်မွေးဖွားလာတယ်။ ဒါပေမယ့် လောကကြီးဟာ ကျနော့်အတွက် မဟုတ်။ ကျနော်သည်သာ လောကကြီးအတွက် ဖြစ်သည်…..ဟူ၏)
မြတ်ဗုဒ္ဓသည် သတ္တ၀ါအားလုံးကို မေတ္တာပွားများဖို့ရန် သတ္တ၀ါ အားလုံးတို့ရဲ့အပေါ် မေတ္တာတရားများပို့သဖို့ရန် သူ၏ တပည့်သားများကို အကြံပြုသည်။ အကြောင်းကတော့ ဒီလို တစ်ဦးကို တစ်ဦး အပြန်အလှန် မှီခိုနေခြင်းကို ကောင်းကောင်း သိနေခြင်းကြောင့် ဖြစ်သည်။ ဗုဒ္ဓသခင်က လူသားတွေဟာ လူသားတွေ အပေါ်မှာသာ လိုက်ပြီး ချစ်ခြင်းမေတ္တာပိုသသင့်သည်ဟု ဆိုခဲ့သည် ဟုတ်ဟန်မတူ။ (ဗုဒ္ဓရဲ့တပည့်သာဝကများအတွက် အထူးမေတ္တာပို့သခြင်းသား ဆိုလိုသည် မဟုတ် ဟူလို) မည်သို့ပင်ဖြစ်စေ ရုပ်ဝတ္တုတွေ စိတ်ဓါတ်ပိုင်းတွေ စိတ်စွမ်းအားတွေ ပျက်စီးနေသောသူများကိုတောင်မှ မချွင်းမချန်ဘဲ သတ္တ၀ါအားလုံးအပေါ် မေတ္တာတရားနှင့် ပြောဆို ဆက်ဆံဖို့ရန် တိုက်တွန်းခဲ့သည်။

ရှင်သန်မွေးဖွားခြင်းရဲ့ နည်းလမ်းက သုံးခု ရှိသည်။ ၄င်းမှာ ရေ ရွံနွံကဲ့သို့ စိုထိန်းသော နေရာ၌ ပေါက်ဖွားသောသတ္တ၀ါများ, ဥ-တို့မှ ပေါက်ဖွားသောသတ္တ၀ါများ, သားအိမ်ဖြင့်လွယ်၍ မွေးသော သတ္တ၀ါများဟူ၍ သုံးခုရှိတယ်။ ဖြစ်တည်မှု တစ်ခြားအခြေအနေများထဲမှာ သဘာဝအားဖြင့် ထူးဆန်းဖြစ်ပေါ်နေသည်များလဲ ရှိနိုင်သည်။ လူသည် ဒီကမ္ဘာဂြိုလ်အပေါ်မှာ ရှင်သန်နေဦးမယ်ဆိုရင် မိမိတို့ရဲ့ လူသားများသာမက သတ္တ၀ါအားလုံးတို့ဆီသို့ပါ ကြင်နာသော မေတ္တာတရားရဲ့ ပြည့်ဝမှုကို တိုးတက်အောင် ပြုမူကျင့်သုံးရမယ်ဟူ၍လည်း မြတ်ဗုဒ္ဓက ထင်ထင်ရှားရှား ဟောကြားခဲ့သည်။ ဒီကမ္ဘာဂြိုလ်ထဲမှာ ရှင်သန်နေသူများသာမက တစ်ခြားဂြိုလ်များမှာ ရှင်သန်ရပ်တည်နေသောသူများကိုလည်း ပြည့်ဝတဲ့မေတ္တာတရားတွေနှင့် တိုးတက်ပွားများရမယ်လို့လည်း သူ့ရဲ့ တရားတော်ထဲမှာ ရှင်းရှင်းလင်းလင်း ဟောကြာထားသည်ကို တွေ့ရ၏။ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေ နိုင်နင်းနိုင်ရမည်။ အားလုံးအတွက် လိုအပ်သော အထက်ပါ မေတ္တာတရားများ နှင့် လူတွေအတွက် လိုအပ်သော ငြိမ်းချမ်းရေးနေရာများကိုလည်း ကျင့်သုံးကြရန် တိုက်တွန်းထားသည်ကို တွေ့ရ၏။


စကြာဝဠာဗေဒမှာတော့ လူသည် သေပြီးတဲ့နောက် တစ်စုံတစ်ယောက် သွားနိုင်သော တစ်ခြားတည်ရှိရာဂြိုလ်တွေမှာ ရိုးရှင်းစွာ နေထိုင်သည်။ ဒီအခြင်းအရာများဟာ ပျော်ရွှင်စရာစရာ မရှိသော အပါယ်လေးဘုံမှ စွဲမက်ဖွယ်ကောင်းသော အထက်ဘုံအခြေအနေအထိသို့ သတ်မှတ်ရမည် ဖြစ်၏။ လူသည်အထက်နတ်ပြည်နှင့် အောက်အပါယ်ဘုံဌာနများမှ အလယ်အလတ်ဖြစ်သော တစ်ခုတည်းသော ပိုင်ဆိုင်ရာ ဘုံဌာန ဖြစ်သည်။ နတ်ပြည်သည် ပျော်စရာကောင်းသည်ဟု ခေါ်ဆိုနိုင်သည်။ သိုပေမေယ့် သူတို့သည်လည်း အနိစ္စတရားပင်ဖြစ်သည်။ လူနှင့် စပ်သော ဝေါဟာရသည် သေးငယ်သည်ဟု ထင်ရ၏။
Man’s Unique Position
လူသည် ဆန့်ကျင်ဘက်အမြင်ရှိသောသူတို့ကို ငြင်းဆန်နိုင်သည်။ နိမ့်ပါးသောသူတို့ကို ချောင်ထိုးနိုင်တယ်။ philosophy, religion, psychology, science, the arts, architecture, literature and development of culture and the like စသည်တို့မှာ ရရှိတဲ့ ဂုဏ်ထူးဝိသေသတွေကို မလေးစားပဲ နေနိုင်တယ်။ ဒီတရားတွေရဲ့ အဝေးမှလည်း နေနိုင်တယ်။ လူသားတွေရဲ့ စကြာဝဠာအတွင်းမှာ ပြိုင်ဘက်ကင်းတဲ့ ပိုင်ဆိုင်မှုလို့ ယူဆနိုင်တယ်။ ကွန်းခိုရာ ဖြစ်သော လူဘုံဌာနသည် ရှားပါးသော အခွင့်အရေးတွေ ရှိနေသောကြောင့် ဖြစ်သည်။ အောက်ပါအကြောင်း သုံးခုကြောင့်လည်း ဖြစ်နိုင်သည်။
လူ့လောကကြီးသည် ကောင်းသောအရာ တစ်ခု ဖြစ်သည်။ ပျော်ရွှင်မှုနှင့် နာကျင်မှုကို အညီအမျှ ရောစပ်ထားသော ကောင်းသောအရာတစ်ခု ဖြစ်သည်။ နတ်ပြည်မှာ ပျော်ရွှင်မှုတွေ လွန်ကဲနေသောအခါ တစ်စုံတစ်ယောက်ရဲ့ စိတ်ဟာ စိတ်ပိုင်းဆိုင်ရာဆီသို့ လှည့်မကြည့်နိုင်ဘဲ ဖြစ်မည်။ ဗုဒ္ဓဘာသာဝင်တွေ ကာမဂုဏ်အစွန်းရောက်မှု (သို့မဟုတ်) ကိုယ့်ကိုယ်ကို ပြန်ညှင်းဆဲမှု ဟူသည့် အစွန်းနှစ်ခုတို့ကို ပညာတရားနှင့် ကောင်းကောင်းနာလည်နိုင်မှုစွမ်း ရှိသင့်၏။ ပျော်ရွှင်ခြင်းနှင့် ခြိုးခြံခြင်းတို့ရဲ့ အကြား အလယ်အလတ်လမ်းစဉ်သည် လိုက်နာရမည် ဖြစ်၏။ လူလောကကြီးသည် အလယ်အလတ်လမ်းစဉ်ကို လျှောက်လမ်းရန် အခွင့်သာသော ဌာန တစ်ခုဖြစ်၏။
ဒုတိယအကြောင်းကတော့ လူဘ၀ သက်တမ်းနှင့် သေခြင်းအချိန်ရဲ့ မခန့်မှန်းနိုင်ခြင်းတို့နှင့် ဆက်စပ်နေ၏။ သေအံ့ဆဲဆဲ အခြေအနေနှင့် ရင်ဆိုင်ရသူသည် စိတ်ပိုင်းဆိုင်ရာဆီသို့ ဦးညွတ်၏။ တတိယအကြောင်းကတော့ နေထိုင်သော နတ်ပြည် ငရဲပြည်စသည့်ဖြင့် တစ်ခြားဘုံဌာနတို့သည် အတိတ်ကံရဲ့ အကျိုး လက်ခံရရုံမျှသာ ဖြစ်၏။ လူသည် ကံတရားကို စိတ်ကြိုက်ဖန်တီးဖို့ရန် ပိုင်ဆိုင်းခြင်း ဖြစ်၏။ ကိုယ်ပိုင်အသိပညာကို မျှဝေပေးဖို့ရန် ဖြစ်နိုင်၏။
ဒီအရာအားလုံးသည် Human plane ၌ ကိုယ်တိုင်လွတ်မြောက်မှုကို လုပ်ဆောင်ဖို့ရန် တာဝန်ဝတ္တရားတွေကို ပေး၏။ လူဘ၀သည် ကိုယ်တိုင် ဖန်တီးရှင်နှင့် ကယ်တင်ရှင်ရဲ့ အကျိုးဖြစ်သည်။ ဘာသာတရားကို ယုံကြည်ကိုးစားသော များစွာသောသူသည် လူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ဟု ယုံကြည့်၏။ သို့ပေမယ့် ဗုဒ္ဓဘာသာဝင်တွေကတော့ လူသည် မိမိကိုယ်တိုင် ဖန်တီးသော ကံသုံးပါတို့ရဲ့ အပြုအမူမှ ဆင်းသက်လာသည်ဟု ယုံကြည်၏။ ပြီးတော့ ထိုအပြုအမူကောင်းမှ တစ်ဆင့် ကောင်းကင်ဘုံသို့ ရောက်သည်ဟုလည်း ယုံကြည်သည်။
ဤညွန်းဆိုချက်မှာ လူသားအသီးသီးတို့သည် ပြင်ပအကူအညီမရှိဘဲ သူ့ကိုယ်တိုင် တိုးတက်နိုင်သော ပါရမီအတွက် အလားအလာရှိသော ဗုဒ္ဓရှာဖွေခြင်းကဲ့သို့ စွမ်းအင်ရှိနိုင်သည်။ လူသည် human plane ၌ မွေးဖွားခြင်းမှ တစ်ဆင့် ဗုဒ္ဓဖြစ်နိုင်၏။ ပါရမီဖြည့်ဆည်းရာမှာ ရှင်သန်ခြင်းကို တွေ့ကြုံခံစားနိုင်တဲ့ နေရာဖြစ်၏။ (KSri Dhammananada ၏ Humanlife & Problems