Sunday, December 19, 2010

လူ့ဘ၀ လူ့ပြဿနာ (၆)

ဗုဒ္ဓဘာသာဝင်တို့၏ ကိုယ်ကျင့်တရား အခြေခံအုဌ်မြစ်သည် အောက်ပါအတိုင်း ဖြစ်၏။
+ သက်ရှိသော သူများအားလုံးတို့ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
+ တစ်ပါးသူ မပေးသော အရာကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း
+ ကာမဂုဏ် မှားယွင်းခြင်းမှ စောင့်ထိန်းခြင်း
+ လိမ်ညာခြင်း ကြမ်းတမ်းပြီး ကလေးကလားနိုင်ခြင်းစတဲ့ စကားကို ပြောခြင်းမှ ရှောင်ကျဉ်ခြင်း
+ သတိတရားကို ဆုံးရှုံးစေသော အရက်သေစာ သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း
ဤသည်မှာ လိုနာဖို့ရန် ဗုဒ္ဓဘာသာတို့၏ အရေးကြီးသော အခြေခံစည်းကမ်းများ ဖြစ်သည်။ ဤသိက္ခာပုဒ်များသည် ဖော်ပြရုံသက်သက်အတွက် ဆိုလိုသည် မဟုတ်။ ရိုးရှင်းစွာ နားလည်ခြင်းနှင့် လေ့ကျင့်ရန်အတွက် ဖြစ်၏။ ဘ၀ရဲ့ စိတ်ပိုင်းဆိုင်ရာ အဓိက ပြဿနာသည် အသိဥာဏ် ပညာကိစ္စ မဟုတ်ဘဲ လက်တွေ့ကျင့်သုံးမှု နှင့် အပြုအမူတို့သာ ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များရဲ့ စစ်မှန်တဲ့ ရည်မှန်းချက်က သံသရာရဲ့ စက်ဝိုင်းအတွင်းမှ လွတ်မြောက်ရန် ဖြစ်၏။ ပြန်လည်မွေးဖွားခြင်း သေဆုံးခြင်း စသည်ဖြင့် သံသရာ၏ လည်ပတ်နေမှုကို ယတိပြတ် ချိုးဖျက်ရေးပင် ဖြစ်၏။ ပြန်လည်မွေးဖွားခြင်း တဖန်သေဆုံးခြင်းစသည်တို့ ဆိတ်သုဉ်းရာ နိဗ္ဗာန်သို့ ဦးတည်ရန် ရည်ရွယ်ချက်ပြုခြင်း ဖြစ်၏။ မတရားရယူလိုသော ၀ိသမလောဘဖြစ်သည့် အတ္တမာန သို့မဟုတ် ငါ ဟုခေါ်သော အတ္တ၀ိညာဉ်ကောင်များရဲ့ သန္ဓေတည်ခြင်းမှ ကုစားရန် ဖြစ်၏။
အမှန်အားဖြင့် အတ္တရဲ့ အစွဲမှားကို ပြောဆိုခြင်း ကြံစည်ခြင်း တစ်ကိုယ်ကောင်းဆန်ဆန် ပြုမှုခြင်းတို့သည် ၀ိသမလောဘစိတ်ကို တိုးပွားစေ၏။ တဖန် ၀ိသမလောဘစိတ်၏ တောင်းဆိုမှုကို ကျေနပ်စေရန် ကြိုးစားခြင်းက ဆားငံရေကို သောက်ခြင်းကဲ့သို့ ဖြစ်၏။ အဆုံးမသတ်နိုင်။ ဘယ်တော့အခါမှ ကျေနပ်မှုကို ရမည်မဟုတ်။
( ဆားငံရေနှောက် ငတ်တိုင်းသောက်က သောက်လေ သောက်လေ ငတ်မပြေသို့ - မဃဒေ၀ လင်္ကာ)
The Institution of marriage

လက်ထပ်ခြင်းက ဆန်ကျင်ဘက်လိင် နှစ်ဦးတို့ရဲ့ အပေါင်းအဖော်ပြုခြင်း တစ်ခုဖြစ်၏။ သို့ပေမယ့် အတူနေထိုင်ဖို့ရန် ရွေးချယ်ထားသော လူသားတစ်ယောက်နှင့် တူညီသော တန်ဖိုးထားမှု တစ်ခု ဖြစ်ရန်လို၏။ လက်ထပ်အိမ်ထောင်ပြုခြင်းက အလုပ်တွေ ချစ်ခြင်းမေတ္တာဖြင့် တွေ့ကြုံခံစားမှု ပျော်ရွှင်မှုနှင့် ၀မ်းနည်းမှုများကိုလဲ မျှဝေသော ချစ်ခြင်းမေတ္တာတို့ဖြင့် နစ်မြုပ်ထားရာလဲ ဖြစ်သည်။
Marriage သည် ခိုင်မြဲသော သံယောဇဉ်အားဖြင့် တစ်ယောက်ကို တစ်ယောက် သက်သေပြုသော ချစ်ခြင်းမေတ္တာ၏ အမြင့်ဆုံးရလဒ်တစ်ခု ဖြစ်၏။

‘How do I love thee?
Let me count the ways.
I love thee to the depth and breadth and height my soul can reach’
…(Robert Browning) .

သင့်အား ဘယ်လို ချစ်ရပါ့မလဲ။ ရွှေလမ်း ငွေလမ်း ခင်းလိုက်ပါရစေလား။ ငါ့ဝိညာဉ်တွေ အမြင့်ကို ရောက်နိုင်သမျှ ရောက်သွားသည့် အထိ ကျယ်ပြန်ပြီး စူးရှနက်ရှိုင်းသောနေရာသို့ ရောက်သွားသည် အထိ မင်းကို ငါချစ်နေပါ့မယ်။ (ရော်ဘတ် ဘရောင်းနင်း)

ထို့ပြင် ချစ်ခြင်းမေတ္တာသည် ၄င်းကိုယ်တိုင် ဘ၀ရဲ့ မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ ကွဲပြားခြားနားသော ဘောင်များ လူမျိုးရေးများနှင့် ဘာသာအယူဝါဒများကို ကျော်လွားနိုင်သော စွမ်းအားတစ်ခုဖြစ်သည် ဟူသော browning ရဲ့ အဆိုကို လက်ခံယုံကြည်သင့်သည်။

လူများသည် အမျိုးသမီးများအတွက် လေးစားတန်ဖိုးထားမှုနှင့် တူညီသော အရေးပေးမှုတို့ကို မှတ်သားဖို့ရန် ပျက်ကွက်နေကြသောကြောင့် အိမ်ထောင်ပြုခြင်းဖြင့် ကနေခေတ်မှာ ၄င်းရဲ့ ရည်ရွယ်ချက်များ တာဝန်ဝတ္တရားများ ပျောက်ကွယ်နေကြသည်။ တစ်ခုတော့ ရှိသည်။ များစွာသော လူမှုလှုပ်ရှားမှု နယ်ပယ်တွေမှာ တန်းတူညီတူဆက်ဆံရေးဟူသည့် အခွင့်အရေးက အမျိုးသမီးများကို ဖြေသာနိုင်ခဲ့ပါတယ်။ ပြီးတော့ လူမှုအဖွဲ့အစည်းမှာ အမျိုးသမီး အခန်းကဏ္ဍရဲ့ အရေးပါမှုဟာ ကျယ်ပြန့်လာတယ်ဆိုတာ ယုံမှားစရာမလိုပါဘူး။ အိန္ဒိယ၌ ဗုဒ္ဓဘာသာ ထွန်းကားလာပြီနောက်မှာ အိမ်ရှင်မအပြင် အသက်မွေးမှုလုပ်ငန်း အတွင်းသို့ ၀င်ရောက်လုပ်ကိုင်မှုမှာ ကျယ်ပြန့်တဲ့ အတိုင်းအတာအထိ ရောက်ရှိခဲ့သည်။ ဒီအခြေအနေကြောင့် လူမှုအဖွဲ့အစည်း၌ အမျိုးသမီးကဏ္ဍသည် အလွန်အရေးသာခြင်းများ ကလေများကို ပိုမိုပြုစုစောင့်ရှောက်နိုင်ခြင်းများနှင့် အသက်မွေးမှုလုပ်ငန်း ရွေးခြင်းတို့ချယ်နိုင်ခြင်းများ စသည်ဖြင့် တန်ဖိုးမြင့်တက်လာခဲ့သည်။ သို့ပေမယ့် ကွဲပြားခြားနားတဲ့ အရာတွေတော့ ရှိနေပြန်သည်။ တာဝန်ယူခြင်းတစ်ခုအနေကဲ့သို့ ဗုဒ္ဓမဖြစ်မီ အလောင်းတော်ကိုယ်တိုင် မြင့်မြတ်သောအိမ်ထောင်ရှင်အဖြစ် စံနမူပြု ကျင့်သုံးခဲ့သည်။ သူသည် တာဝန်နှင့် အရေးကြီမှုများရဲ့ အဆင့်အခြေအနေကို ခွဲခြားသိမြင်စေခဲ့သည်။ ဗုဒ္ဓ၏ အယူအဆနှင့် ညွန်ကြားချက်သည် လက်ထပ်ခြင်းမှ တစ်ဆင့် စစ်မှန်သောပျော်ရွှင်ခြင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် ခင်ပွန်းနှင့် ဇနီးမယားများရဲ့ ထာဝရအတူ လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

မြတ်ဗုဒ္ဓသည် ပျော်ရွှင်မှုအလုံးစုံအတွက် ပြည့်ပြည့်၀၀ ချီးကျူးခဲ့သည်။ သူ့၏ ဒကာ ဒကာမများ အကြားတွင် အထင်ရှားဆုံးသော အိမ်ထောင်ရှင်မှာ နကုလမာတာနှင့် နကုလပိတာတို့ ဖြစ်သည်။ သူတို့သည် အချိန်ကြာမြင့်စွာ အတူတကွ ချစ်ခင်ယုယစွာနေခဲ့ခြင်းအတွက် မြတ် ဗုဒ္ဓကိုယ်တော်တိုင် သူတို့နှစ်ယောက်ကို ချီးမွမ်းခဲ့သည်။ သူတို့နှစ်ဦးကို စံနမူနာပြု၍ လက်ထပ်ခြင်း၌ မည်ကဲ့သို့ ပျော်ရွှင်စွာနေထိုင်နိုင်မလဲ ဟူသည့် လမ်းညွန်ချက်များကိုလည်း တစ်ခြားသူများကို ပေးခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျောက်က ညွန်ကြားပေးခဲ့သော လမ်းညွန်ချက်များသည် ဒီကနေ့ခေတ်တိုင်အောင် လက်ဆုပ်လက်ကိုင်ပြု ကျင့်သုံရန် အကောင်းဆုံး နည်းလမ်းများ ဖြစ်သည်။ ဤညွန်ကြားချက်မှ သွေဖယ်သွားသောကြောင့် ယနေ့ခေတ် အိမ်ထောင်ရှင်ဘ၀တို့မှာ ယောကျာ်းသာမက မိန်းမတို့၌ပါ နာကျင်မှု စိတ်ဒုက္ခရောက်စရာတွေနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
ရှေးဟောင်း အိန္ဒိယ၌ အိမ်ထောင်ပြုခြင်းရဲ့ ပြဌာန်းခြင်းများကို အမျိုးဇာတ် အယူအဆများ အမျိုးသမီးပိုင်ဆိုင်မှုများ အမျိုးသားများရဲ့ မှန်ကန်မှုအရည်အချင်းများနှင့် တစ်ဦးတစ်ယောက်ချင်းဘ၀ရဲ့ အမျိုးဇာတ်ကွဲပြားမှုတို့က အုပ်စိုးလွမ်းမိုသည်။ ထိုခေတ်က တင်းမာကြပ်တည်းသော စည်းမျဉ်းစည်းကမ်းများ လွတ်လပ်မှုကို အတားအဆီးဖြစ်သော စည်မျဉ်းများ ထုံးတမ်းဓလေ့များဖြင့် အိမ်ထောင်ပြုခြင်းကို ဆုံးဖြတ်ကြသည်။ လူမျိုးရေးဇာတ်ခွဲခြားမှုကို ပယ်ရှားသော မြတ်ဗုဒ္ဓ၏ အယူအဆသည် ဤတင်းကြပ်သော အခြေအနေမှ ဗုဒ္ဓဘာသာဝင်တွေကို လွတ်မြောက်စေခဲ့သည်။

သိင်္ဂါလောဝါဒသုတ်ဟုခေါ်သော ဗုဒ္ဓဘာသာရဲ့ လူမှုရေးဆိုင်ရင် ကျင့်ဝတ်သိက္ခာများ၏ အခြေံအုဌ်မြစ်တရားတော်များသည် လက်ထပ်ထိမ်းမြှားခြင်း၌သာမက လူမှု့အဖွဲ့အစည်းတစ်ခုလုံး၌ပါ လမ်းညွန်အဖြစ် လိုအပ်သောအရာ ဖြစ်သည်။ သိင်္ဂါလောဝါဒသုတ်သည် ခင်ပွန်းနှင့် ဇနီးမယားအကြား မိဘနှင့် သားသမီးအကြား လူနေမှုဘ၀ရဲ့ အရေးပါဆုံးသော ရှုထောင့်ကို အလေးထားခြင်းနှင့်တကွ သူတို့ကို တစ်ယောက်ကို တစ်ယောက် အပြန်အလှန် တာဝန်ဝတ္တရားများအကြား ကျေပွန်မူတို့ကို relationships အဖြစ် အခြေခံ ပုံစံကို ချမှတ်ထားခြင်း ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် ထိန်းမြားလက်ထပ်ခြင်း နှင့် နားလည်မှုတာဝန် ၀တ္တရားတို့သည် ဘ၀၏ ပျော်ရွှင်ခြင်း အတွက် ရည်ရွယ်သည်ကို ဗုဒ္ဓတရားတော်များ၌ ရှင်းရှင်းလင်းလင်း ပြဆိုထားသည်။ ထို့ပြင် ပထ၀ီဆိုင်ရာ လိုအပ်ခြင်းရဲ့ တိုးတက်ခြင်းနှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ စနစ်ကျကျ နားလည်ခြင်းတို့အတွက်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ ကျေနပ်အားရခြင်းနှင့် တိကျသော ဓလေ့ထုံးစံများကို ရည်ညွန်းခြင်းအတွက်သာ မဟုတ်ဘဲ ခင်ပွင်းနှင့် ဇနီးမယားနှစ်ယောက်စလုံး၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကောင်းကျိုးများအတွက်လည်းကောင်း မင်္ဂလာအခမ်းအနားယူမှု သို့မဟုတ် အတွေးအမြင်စနစ်ရဲ့ အမျိုးအစားများအတွက်လည်းကောင်း ဘာသာတရား သို့မဟုတ် တစ်ခြားပညာရှင်တို့ရဲ့ အမျိုးမျိုးအတွက်လည်းကောင်း ရှင်းရှင်းလင်းလင်း ပြဆိုထားပါသည်။

ဗုဒ္ဓအလိုအရ ခင်ပွန်းနှင့် ဇနီးမယားတို့ အကြား ယဉ်ကျေးမှုဆိုင်ရာ နားလည်းခြင်းများသည် အောင်မြင်သော အိမ်ထောင်ရှင်ဘ၀၏ အစိပ်အပိုင်းအနေနှင့် မှတ်မိသိရှိမည် ဖြစ်သည်။ အိမ်ထောင်ပြုခြင်း၌ ယနေ့ခေတ်၏ ပြဿနာအများစုသည် ကိုယ်ကျိုးစွန့်ခြင်းဆိုင်ရာ အကျုံးဝင်မူကို မမှတ်မိခြင်းနှင့် တစ်ဝက်တပျက်ဖြစ်သော အယူအဆများ၏ မတတ်မသိခြင်းမှ မြင့်တတ်လာသော အရာဖြစ်သည်။ လက်ထပ်အိမ်ထောင်ပြုခြင်းသည် တဏှာရာဂနှင့် ကြည်နူးခြင်းအတွက်ဟု ဆိုရန် မသင့်ပါ။ ကြည့်နူးခြင်းသည် ၄င်းကိုယ်တိုင်၌ ဆိုးရွားသော အရာတစ်ခု မဟုတ်။ သို့ပေမယ့် ၄င်းသည် ခံစားမှုပိုင်းဆိုင်ရာသာ ဖြစ်သည်။ ဘောင်အကန့်အသတ်ရှိသည်။

လက်ထပ်အိမ်ထောင်ပြုခြင်း၌ အမှန်အတိုင်း မသိမြင်ခြင်းနှင့် စိတ်နှလုံးပူဆွေးခြင်းတို့သည် ဖြစ်လာတတ်သောအရာ ဖြစ်သည်။ ၄င်းကို နားလည်မည်ဆိုလျှင်, (သို့မဟုတ်) ကြည်နူးကျေနပ်ခြင်း၏ လှည့်စားမှုကို နည်းလည်မည် ဆိုလျှင်, (သို့မဟုတ်) နက်ရှိုင်းသော သည်းခံနိုင်သော ချစ်ခြင်းမေတ္တာသည် ပေါ်ထွက်လာမည် ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် လူနှစ်ယောက်၏ အစိတ်အပိုင်းပေါ်မှာ ချစ်စိတ်ပြင်းပြသော စိတ်ဆန္ဒှနှင့် စွဲမြဲသော စိတ်ဆန္ဒတစ်ခု ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် သူ သို့မဟုတ် သူမ၏ စစ်မှန်သောဘ၀ကို ဖော်ပြနိုင်သော အခြေအနေကို ပေါ်ထွက်စေ၏။ မည်သူမဆို အံ့သြဖွယ် ရယူနိုင်ခြင်းအတွက် ရှင်သန်နိုင်သော အသိဥာဏ်ပိုင်းဆိုင်ရာ မြေဆီမြေလွှာနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ရာသီဥတုများကို အတူတကွ ထုပ်လုပ်ရှင်သန်စေသည်။