Sunday, July 31, 2011

စိတ်ကူးပျံ့လွင့်



ထိုညက အိပ်လို့ မရခဲ့ပါ။
အကြောင်းတရာများစုစည်းလာရခြင်းများ ရှိနေခြင်းများ ရှိလာသောအခါ ဘယ်အရာကို အာရုံမထားချင်တော့။ ဘ၀တွင်အရေးကြီးသည်ဟု ထင်ရသော အရာများလည်း နတ္တိပင် ဖြစ်နေလေလိမ့်မည်။ လူဆိုတာ အကြောင်းတရာကို မှီပြီးမှ ပွင့်လာရတဲ့ နှင်းစက်လေလား။ နှင်းစက်တွေ ဘယ်လောက်ပင်ဝေေ၀ နေရောင်ခြည်ရောက်လာတော့ ပျောက်ကွယ်ရတာပဲ မဟုတ်လား။ ဒီလိုဆိုလျှင် ဘ၀မှာ ဘယ်လောက်ပဲ ပျောက်ရွှင်စရာတွေ တွေ့တွေ့ နိဂုံးတစ်ခုရောက်လာချိန်မှာ အရာအားလုံးက ပျောက်ကွယ်သွားကြမယ်ဆိုတာ သိလာရချိန်…
ထိုညက အိပ်လို့ မရခဲ့ပါ။
၂။ ငယ်စဉ်တုန်းက သင်ခဲ့ဖူးသည်။ ကြိယာတိပန္နဟူသည် အကြောင်းချို့တဲ့၍သော်လည်းကောင်း၊ ဆန့်ကျင်ဘက် အနှောင့်အယှက်တွေ့၍သော်လည်းကောင်း၊ ဖြစ်သင့်သော ကြိယာ၏ မဖြစ်ခြင်းကို ကြိယာတိပန္နဟု ခေါ်သည် ဟူ၏။ မိမိနေ့စဉ်တွေ့မြင်နေရသော အကြောင်းအရာများ၊ အသစ်အသစ်သော စုဖွဲ့မှုများ ဒီလိုကြေငြာချိန် အတွေးစက ရုတ်ချည်းတန်းဝင်လာရခဲ့ရသည်။ ဒီလိုနဲ့ အကြောင်းတရာကား မိမိ၏ စိတ်အစဉ်ကို လွမ်းမိုးကာ နေလေတော့သည်။