Monday, August 20, 2012

2010- ဇန်န၀ါရီရဲ့ ကန္ဒီသင်တန်း အမှတ်တရ ပုံရိပ်



ကြာတော့ ကြာခဲ့ပြီ။
ပြန်လှန်လျောမိတဲ့ ဓါတ်ပုံတွေကတော့
အမှတ်ရ နုပျိုနေဆဲလား

ဇန်န၀ါရီရေ...
အဲဒီနေ့မှာ
စွယ်တော်အလှ ကန္ဒီကို သွားခဲ့ကြတယ်။
ရင်ဘတ်ချင်း စည်းဝါးညှိ
တို့တစ်တွေ စန္ဒကုမာရဆိုတဲ့
ပြဇာတ်တစ်ပုဒ်ကို အတူကခဲ့ကြတယ်။
ကျေးဖြစ်သူက ဖြစ်၊ မင်းသား၊ ဘုရင်၊ ရသေ့၊
မြွေနှင့် ကြွက်တို့အဖြစ် ဇာတ်ရုပ်ဆောင်ခဲ့ဖူးလေရဲ့
ခေတ်သစ်ရဲ့ နကုလမာတာနဲ့ နကုလပိတာ၊
အလတ်ဆတ်ဆုံးသော နှလုံးသားပိုင်ရှင်
Ken & visakha တို့ဆီမှာ Ten-Stepတွေနဲ့
အမှားများစွာ ကလေးဘ၀ ပြန်ရောက်ခဲ့ကြပေါ့။
ဒီလိုနဲ့....
ပြန်မဆုံနိုင်တော့တဲ့ ၂-နှစ်ဆိုတဲ့
ခုနေအခါ
ပြန်သူပြန်၊ ကျန်သူကျန်နဲ့

ဘော်ဒါတို့ရေ...
ဒီဓါတ်ပုံလေးကတော့ မင်းတို့ ငါတို့အတွက်
အမှတ်တရ
ရှင်သန်နေဆဲ့ပဲပေါ့....
 
 

No comments:

Post a Comment